Chapter 16

6.5K 577 16
                                    

Chapter 16

Associated  Title:穿成霸总小逃妻
Author:藤萝为枝
English Title:Escaped Wife Of a Typrant CEO
English Translation; Wordrain69
Myanmar Title; အာဏာရှင် CEO ကြီး၏ဇနီးထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; January 7,2022
=====================


သူက မှဲ့လေးအား ထိလိုက်တယ် ။

သူမ ငိုပြီးနောက်မှာ မျက်ရည်နီ မှည့်က ပေါ်
လာတာလား?

Nuonuo က သူမအားကြည့်နေသော သူ၏
ထူးဆန်းသော အကြည့်ကိုမြင်တဲ့အခါ
ဆို့နင့်လာရတယ် ။

သူ့ မျက်လုံးများက သူမ မျက်လုံးထောင့်သို့
ကျရောက်နေသည်။

ထို့နောက် သူ့ကိုယ်သူပြန်ထိန်းလိုက်တယ် ။

Nuonuo ဟာ စက္ကန့်အနည်းငယ်မျှ အေးခဲ
သွားပြီး သူမ မျက်လုံးများက နွေးပြီး
စိုစွတ်လာသည်။

ချုံးလီ လုပ်နေတာတွေကို နားလည်ဖို့ သူမ
ခဏလောက် အချိန်ယူလိုက်ရသည် ! ဒီ လူဆိုးက အဲ့ဒီ နေရာကို နမ်းနေတယ် ။ (မှဲ့ကိုနမ်း
တာနော်)

ထို မျက်ရည်နီမှဲ့က စာအုပ်ထဲသို့ ကူးပြောင်း
သွားသောအခါ သူမ သေဆုံးရသည့်
အကြောင်းအရင်းဖြစ်သည်။

သူမ အတွက် တော့ ပြီးပါပြီ , တကယ်ပြီးပြီ!

Nuonuo ၏ မျက်နှာက နီရဲ(ပူ)နေသော်လည်းသူမ ခန္ဓာကိုယ် ကအေးစက်နေသည်။သူ၏ မျက်လုံးများအတွင်းမှ စွဲလမ်းမူကို
သူမမြင်လိုက်ရတယ် ။

အဲ့ဒါကသာမန် စွဲလမ်းမူတစ်ခု မဟုတ်ဘူး ။
ထိုအရာက တစ်ဝက်ကို ပိုင်ဆိုင်ကြီးစိုး
လိုပြီး ကျန်တစ်ဝက်ကို ဖျက်စီးပစ်လိုတဲ့
စိတ်အာရုံ ဆန္ဒတစ်ခုပင်ဖြစ်သည်။

ထိုညက သူက သူမအား လှသည်
ဟုပြောတဲ့အချိန်က သူ့ရဲ့ အမူအရာကို
သူမ မှတ်မိလိုက်တယ် ။

သူမ နှလုံးသားက ရေခဲထဲရောက်သွား
သကဲ့သို့ အေးစက်မူကို ခံစားလိုက်ရသည်။
သူက မျက်ရည်နီမှည့်ကိုမြင်သွားပြီ ဒါဆို
သူမက နောက်တစ်ကြိမ် ထပ်သေရတော့မှာ
လား?

Nuonuo က ကြောက်လန့်ကာ ရွံရှာ မုန်းတီး
နေခဲ့တယ်။ငယ်စဉ် ကလေးဘဝထဲက ဒီလို
တစ်စုံတစ်ယောက်အပေါ် အမုန်းပွားတာဟာ
ပထမဆုံး အကြိမ်ဖြစ်သည်။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now