Chapter 163 - Chapter 164

2K 199 12
                                    

Chapter 163


Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; February 27, 2023
=======================

Qiu Li က ဓာတ်ပုံကို အေးစက်စက်မျက်နှာ
နဲ့ အမိူက်ပုံးထဲကို ပစ်ထည့်လိုက်တယ် ။
သူမက သူ့ကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်
စေ , သူ ဘာကိုမှ ဂရုမစိုက်ဘူး ။
သူမ သူ့ကို ထားမသွားဘူးဆိုရင် , သူမက
သူ့အနားမှာပဲ ရှိလိမ့်မယ် ။

သူက သူ့နာရီကို တစ်ချက်ကြည့်လိုက်ကာ ,
လေလံ ကိစ္စ  ကို ပိတ်လိုက်ပြီး ကျောင်းချိန်
အတွင်း Nuonuo ကို သွားကြိုခဲ့တယ် ။
ကုမ္ပဏီ သို့ သူမောင်းလာတဲ့ကားက အရမ်း
သိသာလွန်းတာကြောင့်  ဦးလေး Zhang
ကို မောင်းခိုင်းပြီး သူက နောက်ထိုင်ခုံကို
ထိုင်လိုက်တယ် ။

Nuonuo ရဲ့ ဒရိုက်ဘာ Zhang Shucheng
ဟာ သူ့အလုပ်က အာမခံချက်မရှိတော့ဘူး
လို့ ခံစားရပြီး အထိတ်တလန့် ဖြစ်သွားခဲ့
တယ် ။

Qiu Li က မရေမတွက်နိုင်အောင်များတဲ့
ငယ်ရွယ်သော မျက်နှာများကို ပြတင်းပေါက်
မှ  လှမ်းကြည့်လိုက်သော်လည်း Nuonuo ကို
အကြည့်တစ်ချက်နဲ့တင် မြင်တယ် ။

သူမ မျက်နှာက မျက်မှောင်ကြုတ် နေကာ,
သူမက တစ်စုံတစ်ခု ကို စိုးရိမ်နေခဲ့သလို
ပင် ။

သူမဘာကို ကြောက်နေလဲ သူသိတာပေါ့ ။
သူမရဲ့ အသွင်အပြင်က Song Nuonuo နဲ့
ကွဲပြားခြားနာတယ်ဆိုတာ သူမ နားလည်
သွားခဲ့တယ် ။ ကြောက်တာက ပုံမှန်ပါပဲ ။

Nuonuo က ကားထဲဝင်လိုက်သော်လည်း
သူ့ကို မြင်ပြီး အံ့အားသင့် ထိတ်လန့်သွား
တယ်။

သို့သော် သူ့ကြည့်ရတာ တည်ငြိမ်ပြီး
အေးစက်နေကာ , သူမ အဲ့လောက် မကြောက်
တော့ဘူး ။

အခု သူမ မျက်နှာကို ကာထားဖို့ သူမ ဆန္ဒရှိ
နေခဲ့တယ် , မူလပိုင်ရှင်ရဲ့ ဓာတ်ပုံကို ရှာဖို့
ပြန်သွားပြီး သူမ မျက်နှာနဲ့တစ်ပုံစံတည်းတူ
ဖို့ မိတ်ကပ်လိမ်းရမယ် ။ သူမက ပြတင်းပေါက်
အပြင်ဘက်ကို ကြည့်လိုက်တယ် ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now