Chapter 105

2.2K 250 14
                                    

Chapter 105


Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; December 7 , 2022

=======================


Nuonuo က အဖိုး Qiu ဘာ​ကြောင့်​ ထိုဟာကို
ပြောလဲဆိုတာ မသိစွာ သူမ မျက်​လုံး​တွေကို
မြှင့်​လိုက်​တယ်​ ။

" သူတို့ ​သေသွားတဲ့  အခါ , Qiu Li က ​ကျောင်း
မသွား​တော့ ဘူး ။ အဲ့အချိန်​မှာ ,Qiu မိသားစုက မိသားစု အ​​သေး​လေးတစ်​ခုပဲရှိ​သေးတယ်​။
Qiu ရဲ့ လုပ်​ငန်း​တွေက အခုလို မကြီးမား​သေး
ဘူး ။ Qiu Li က နိုင်​ငံခြားကို သွား​တော့မှာ
ဖြစ်​ပင်​မဲ့ ​နောက်​ပိုင်း မှာ ကုမ္ပဏီ ကို
တိုက်​ရိုက်​ လွှဲ​ပြောင်းယူခဲ့တယ်​ ။ ငါ အဲ့တာကို ကန့်​ကွက်​ခဲ့တယ်​ ဘာလို့ဆို သူက
လက်​စား​ချေဖို့ ကုမ္ပဏီ ကို လွှဲ​ပြောင်းယူ
ခဲ့တာမို့ပဲ "

" သူက သူ့မိဘ​တွေ ကား မ​တော်​တဆ မူမှာ
သေဆုံးခဲ့တာကို မယုံကြည်​ဘူး ။ ရဲ​တွေက
ရလဒ်​​တွေ့ရှိချက်​​တွေ ​ပေးတာ​တောင်
သူက သူ့ရဲ့ ကိုယ်​ပိုင်​ ထင်​မြင်​ချက်​ကိုပဲ
ယုံကြည်​ခဲ့တယ်​ ။ ​လေးနှစ်​​​မြောက်
မှာ​တော့ , မြို့​တော်​ Bမှာ အကြီးမားဆုံး
လုပ်​ငန်းဖြစ်​တဲ့ Fangjia က ​ဒေဝါလီ ခံလိုက်
ရတယ်​ "

Nuonuo က နူးညံ့စွာ ​မေးလာခဲ့တယ်​ ,
" အဲ့ဒါ သူလုပ်​လိုက်​တာလား ?"

" အဲ့ဒါသူ ပဲ , Fang မိသားစုက သူ့ရဲ့
မိဘ​တွေကိုထိခိုက်​နာကျင်​​အောင်​လုပ်​တယ်​လို့ သူက ယုံကြည့်​ခဲ့တာ "

"Fang မိသားစုက အဲ့တာကို လုပ်​ခဲ့တာလား ?"

" ငါ မသိဘူး ,ငာ က   ငာ့ ရဲ့
ဘဝကို စစ်​တပ်​ထဲမှာ ပဲ အသုံးချခဲ့တာ ။
ဒါ​ကြောင့်​  Qiu Li နဲ့ အဖိုး သ​ဘောထား ကွဲ
လွဲ​နေခဲ့တာပဲ ။အဖိုး မင်းကို အဲ့ဒါ​ပြောချင်
တယ်​ , Qiu Li က ​ခေါင်းမာတယ်​ ။ သူ့အတွက်
ဘယ်​သူမှ ဆုံးဖြတ်​​ပေးလို့မရဘူး ။
သူက သူယုံကြည်​တာကို လုပ်​တယ်​ "

Nuonuo ၏ လက်​​ချောင်းများဟာ တင်းတင်း
ကြပ်​ကြပ်​ဆုပ်​ကိုင်​ထားပြီး ,
" အဖိုး ​ရောမရနိုင်​ဘူးလား ?"

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now