Chapter 72

3.3K 342 4
                                    

Zawgyi //

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; August 13 , 2022

_______________________________

လူသား​တွေက ပြုမူပုံ အမူအကျင့်​ကို
ထိန်းချုပ်​နိုင်​​ပင်​မဲ့ သူတို့ရဲ့ စကားလုံး
တွေကို​တော့ မထိန်းချုပ်​နိုင်​ကြ​ဘူး ။

ကောလာဟာလများ ပို၍ ပြင်းထန်​လာချိန်
အတန်းပိုင်​ဆရာမ Zhao Li ​တောင်
ယင်း ကိစ္စကို သိသွားခဲ့တယ်​ ။ည​နေခင်း
ကိုယ်​ပိုင်​စာကြည့်​ချိန်​ပြီး​နောက်​ ,
Zhao Li က Nuonuo အား ရုံးခန်းသို့ ​ခေါ်
လိုက်​တယ်​ ။

ရုံးခန်းထဲတွင်​ Zhao Li အပါအဝင်​ ဆရာမ
၃ ဦးသာ ရှိတယ်​ ။

တစ်​​ယောက်​က သင်​ခန်းစာ များကို
ပြင်​ဆင်​​နေကာ Zhao Li နှင့်​ အခြား ဆရာမ
က paper များကို အမှန်​စစ်​​နေ၏ ။
Nuonuo အထဲဝင်​လာသည်​ကို မြင်​​သော်
Zhao Li က ​ဘောပင်​ချလိုက်​ပြီး သူမ
ဘေးဘက်​မှ ထိုင်​ခုံကို ညွှန်​ပြလိုက်​ကာ ,
" ထိုင်​ "

Nuonuo ထိုင်​ချလိုက်​တယ်​ ။

Zhap Li ဟာ သူမ ပါးစပ်​ကို ဖွင့်​ပြီး မကြာခင်​အထိ အတင်းအဖျင်းစကားကို မ​ပြော​သော်
လည်း စာရွက်​ပုံကြီးထဲမှ Nuonuo ရဲ့
စာရွက်​ကို ထုတ်​ ယူလိုက်​တယ်​ ။

Zhao Li က သူမကို စာရွက်​​ပေးပြီး ,
" ဒီ semester မှာ မင်းအတန်း​တွေကို
အ​လေးအနက်​ထားပြီး သင်​ယူ​နေတာ
ဆရာမ​ တွေ့တယ်​ ပြီး​တော့ မင်းရဲ့
အဆင့်​​တွေကလည်း အကြိမ်​တိုင်းမှာ
မြင့်​လာတယ်​ ။
ဆရာမ အရမ်း ​ကျေနပ်​တယ်​ ။
မင်း ဒီ အတိုင်း ထိန်းထားမယ်​ဆိုရင်
ဝင်​ခွင့်​ စာ​မေးပွဲမှာ မင်း အခက်​အခဲတစ်​ခုမှ
ရှိလာ မှာမဟုတ်​ဘူး "

" ​ကျေးဇူးတင်​ပါတယ်​ ဆရာမ " Nuonuo ​ပြောလိုက်​တယ်​ ။

" ဒါ​ပေမဲ့ မကြာ​သေးခင်​က မင်းနဲ့ပတ်​သတ်
တဲ့ အချို့ မ​ကောင်းတဲ့ အရာ​တွေကို
ဆရာမ ကြားခဲ့တယ်​ ....."သူမဟာ
ထို စကားလုံးများကို ​တော့ မ​ပြောနိုင်​ ,
နောက်​ဆုံး​တော့ သူမဟာ ဆရာမ
တစ်​​ယောက်​ဖြစ်​တယ်​ ။
Zhao Li ​ပြောလိုက်​တယ်​ ,
" သူတို့အားလုံးက အမှန်​​တွေလား ?
မင်းမိသားစုရဲ့ ပတ်​ဝန်းကျင်​က မဆိုးဘူး
ဆိုတာ ဆရာမ မှတ်​မိပါတယ်​ "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Nơi câu chuyện tồn tại. Hãy khám phá bây giờ