Chapter 3

12.6K 924 18
                                    

Chapter 3

           

Associated  Title: 穿成霸总小逃妻
Author:藤萝为枝
English Title:Escaped Wife Of a Typrant CEO
English Translation; Wordrain69
Myanmar Title; အာဏာရှင် CEO ကြီး၏ဇနီးထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; September 27, 2021
========================

နှင်းပန်းများပွင့်လန်းနေသော မနက်ခင်း
စောစောတွင် Song မိသားစု ဘိုးဘွားပိုင်
အိမ်တော် အပြင်ဘက်တွင် မြူခိုးများ ဖုံးလွှမ်းနေသည်။Nuonuo မျက်လုံးများကိုဖွင့်လိုက်ပြီးမှန်ရှိရာသို့ အပြေးသွားလိုက်တယ် ။

မှန်ထဲတွင် ရင်းနှီး နေသော Nuonuo ရဲ့မျက်နှာကိုမြင်လိုက်ရသည်။

သို့သော်လည်း မှန်တင်ခုံ ဘေးရှိဓာတ်ပုံထဲတွင်Song Nuonuo သည် တောက်ပစွာပြုံးနေသည်။ ဒါ Song Nuonuo ရဲ့ အခန်း...

Nuonuo ကြမ်းပြင်ပေါ်ထိုင်ချလိုက်တယ် ။

သူမဟာလွန်ခဲ့တဲ့ညက Song Nuonuo ဖြစ်လာခဲ့ပြီး Qiu Li က သူမကို ဘာကြောင့်သတ်လဲဆိုတာ ကို သူမနားလည်ခဲ့တယ်။

ထူးဆန်းပြီး ဖရိုဖရဲဖြစ်နေသော အခြေအနေသည် အမျိုးသားဇာတ်လိုက်အား အကျပ်အတည်းဖြစ်စေပြီး သူဟာ  သူမအားတိုက်ရိုက် လည်ပင်းညစ်သတ်ခဲ့သည်။

သို့သော်လည်း သူမဟာ မူလ ကမ္ဘာ သို့ပြန်
မရောက်ဘဲ Song Nuonuo အဖြစ်ရှိနေဆဲဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ?

September လ 18 ရက်သည် ပြက္ခဒိန် တွင် တစ်စုံတစ်ယောက်ကြောင့် ပျက်နေသည်။

တံခါးအတင်းတွန်းဖွင့်သံနှင့်အတူ အပြင်ဘက်မှ ရိုင်းဆိုင်းသော အမျိုးသမီး ၏ အသံထွက်လာသည်။
"Song Nuonuo နင်အခန်းထဲမှာပဲ ပုန်းနေနိုင်တယ်မထင်နဲ့ ။ Qui Li လက်ကနင်မလွတ်နိုင်ဘူး ထွက်ခဲ့စမ်း !"

Nuonuo သည် "Qui Li" ဟူသော နာမည်ကိုကြားလိုက်ရပြီး မသိမသာတုန်လူပ်သွားသည်။သူ၏ ခံစားချက်မဲ့သော မျက်လုံးများကို သူမမှတ်မိသည်။

မလုပ်နဲ.....သူကတကယ်ကြောက်စရာ
ကောင်းတယ် ၊ သူက သူမကို သတ်တာ။

သို့သော် Nuonuo ဟာ ယခုအခြေအနေကိုနားလည်သည်။ အမျိုးသားဇာတ်လိုက်သည်
သူမအား လည်ပင်းညစ်သတ်ခဲ့တယ် ။
ဇာတ်လမ်းထဲမှာ အချိန်တွေကနောက်ပြန်သွားပြီး သူမပြန်ရောက်လာသည့်အချိန်မှာ
Song Nuonuo ကို ထိုအမျိုးသားထံသို့ မပို့ရသေးပေ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now