Chapter 109

2.1K 221 10
                                    

Chapter 109

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; December 14 , 2022

=======================

Nuonuo နည်းနည်း ​ပျော်​ရွှင်​​လာတယ်​ ။
အမျိုးသားဇာတ်​လိုက်​က Jiang Xinyue ကို
ရွေးချယ်​ဖို့ ဆန္ဒရှိတယ်​ဆိုရင်​ , လွန်​ခဲ့တဲ့ညက
သူ့ရဲ့ ပြုမူပုံကို သူမ ​မေ့ ​ပေးနိုင်​ပါတယ်​။

သူမက ​ရှေ့သို့ လမ်း​လျှောက်​လာကာ ,
အဲ့တာကို စမ်းသပ်​ရန်​ ရည်​ရွယ်​​နေခဲ့တယ်​ ,
နောက်​ဆုံးမှာ​တော့ , အဲ့တာက သူမအတွက်
ထင်​​ကြေး​ပေးဖို့ မ​ကောင်းဘူး။

Qiu Li က သူမကို ငုံ့ကြည့်​လာတယ်​ ။

" Qiu Li , မ​နေ့က မနက်​က , Chen Mao
ကျွန်​မကို ဖုန်း​ခေါ်တယ်​ "

Qiu Li ရဲ့ မျက်​လုံး​တွေက ရုတ်​တရက်
အန္တရာယ်​ များလာပြီး ,
" သူဘာ​ပြောတာလဲ ?"

Nuonuo က သူ့မျက်​နှာကို ကြည့်​လိုက်​ကာ ,
သူမရဲ့ စိတ်​လူပ်​ရှားမူကို ထိန်းချုပ်​ရန်
ကြိုးစားပြီး , သူမ ​ပြောလာ၏ ,
" ရှင်​က Jiang Xinyue ကို ကြိုက်​တာလို့
သူ​ပြောတယ်​ "

Qiu Li ၏ အကြည့်​ဟာ တစ်​စက္ကန့်​မျှ
ဆန်းကြယ်​သွားပြီး​နောက်​ မျက်​​မှောင်​ကြုတ်
ကာ , " မင်း အဲ့တာကို ယုံလား ?"

ဒါ​ပေါ့ , သို့​သော် သူမဟာ သူ ရူး​သွား
မည်​ကို ​ကြောက်​​ရွံ့​သော​ကြောင့်
သူမ ထိုသို့ မ​ပြောရဲ​ ..။

Qiu Li  ​သ​ရော်​လိုက်​တယ်​ ,
" Chen Mao က သူ့ရဲ့ ​မြေ​ခွေး အမြီးကို
ထုတ်​​ဖော်​လာပြီပဲ "

သူကလဲ ​ပေါ့ဆခဲ့တယ..။ သူက သတင်း​တွေ
ကို Nuonuo ထံမှ လျို့ဝှက်​ထိန်းသိမ်း ခဲ့​ပင်​မဲ့
လည်း Chen Mao က သူ့အတွက်​ အလုပ်​လုပ်
ပေးတဲ့ သူတစ်​​ယောက်​ဖြစ်​တာ​ကြောင့်
Chen Mao က သူမ ဖုန်းနံပါတ်​ ကို ရှာနိုင်
လိုက်​တယ်​ ။

(​မြေ​ခွေးအမြီး ; တစ်​​ယောက်​ရဲ့ ယုတ်​မာတဲ့
ဗီဇကို ထုတ်​​ဖော်​ပြလာတာ )

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now