Chapter 186 - THE END

5.9K 279 19
                                    

Chapter 186 - THE END



Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; March 18, 2023
______________________________

စက်တင်ဘာလတိုင်းမှာ , တက္ကသိုလ်
ပုရဝုဏ်
ထဲက maple ပင်ရဲ့ အရွက်တွေက မြေပြင်
ပေါ်ကို ကြွေကျတယ် ။

maple ပင်က အဝါရောင်ဖျော့ဖျော့ရှိပြီး ,
ကတ္တရာလမ်းပေါ်မှာ ခင်းထား၏ ။

Nuonuo က သူ့ရှေ့မှာ ညင်သာစွာ ဝေ့ယမ်း
ပြလိုက်ပြီး , " Qiu Li , ကျွန်မမှာ ချစ်သူတစ်
ယောက်ရှိမှန်း လူတိုင်းသိသွားမှာကို 
ကျွန်မ စိတ်မရှိဘူး , ကျွန်မ ချစ်သူက ရှင်ဆို
တာ သူတို့ကို အသိပေးရလဲ ဘာမှမဖြစ်ဘူး"

သူမက နူးညံ့ စွာပြုံးပြီး , " ရှင်က ကောင်း
တယ်, ကျွန်မ ဘယ်တော့မှ မှားယွင်းခဲ့တယ်
လို့ ခံစားရမှာ မဟုတ်ဘူး "

ဒါကြောင့် အမှောင်ထဲမှာ အမြဲတမ်း
ပုန်းအောင်းနေစရာ မလိုဘူး ။

Qiu Li က သူမကို သာမန်မိန်းကလေးတစ်
ယောက်လို အရာများစွာကို တွေ့ကြုံစေချင်
ပြီး , ကျောင်းတွင် သူငယ်ချင်းများဖွဲ့ကာ
ချန်လှပ်ထားခဲ့တာမျိုး မဖြစ်စေချင်ဘူး ။
CEO Qiu ဆိုတဲ့ သူ့ရဲ့ ဂုဏ်သတင်းကြောင့်
သူမကိုဘဝကို သက်ရောက်မူရှိမှာ မလိုချင်
ဘူး ။

Qiu Li က သူတို့အသက်အရွယ်မှာ သူ့တို့
ကြိုက်ကြတဲ့ ငယ်ရွယ်ပြီး ချောမောတဲ့
ကောင်လေးမဟုတ်တော့ဘူး ။

အချိန်က သူ့ကို အရည်အချင်းတွေ နဲ့
လက်ဆောင်တွေပေးခဲ့ပင်မဲ့လဲ , သူတို့အကွာအဝေးကိုလဲ တိုးချဲ့ခဲ့တယ် ။ သူမက သူ့ကို
အရမ်းအသက်ကြီးလွန်းတဲ့အတွက်
အထင်အမြင်သေးပြီး သူတို့အကြောင်း
အခြား သူတွေသိမှာကို သူမ မကြိုက်မှာ
သူကြောက်ရွံ့မိတယ် ။

သို့သော်လည်း , ထိုခဏ၌ သူ့နှလုံးသားက
နွေးထွေးသွားရတယ် ။ သူမကို ချစ်မြတ်နိုး
ပြီး ဂရုစိုက်ခြင်းက ဒီလို ပျော်ရွှင်စရာ
အရာတစ်ခုဖြစ်ပေါ်လာခဲ့တယ် ။

သူက သူမအဝေးထွက်သွားတာကို စောင့်
ကြည့်နေခဲ့ပြီး မရေမတွက်နိုင်တဲ့ ကာလတွေ
ရဲ့ ဝမ်းနည်းခြင်းက ပျောက်ကွယ်သွားခဲ့
တယ် ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now