Extra one《 Part 2 》

2.9K 210 3
                                    

Extra one《 Part 2 》

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Chapter Extra source ; Freenovel/ MTL  website
Mm Translated by Li_Soung_Oo
Date ; March 20, 2023
=====================


Nuonuo ကို မြင်တဲ့အခါ , သူ စကား
တစ်ခွန်းမှ မပြောနိုင်ဘူး ။

မိန်းကလေးက သစ်ပင်အောက်မှာ ရပ်နေပြီး
သူမက သူမကိုယ်သူမ မကူညီနိုင်တာကြောင့်
ခိုက်ခိုက်တုန်နေခဲ့တယ် ။ အနီရောင်
အဝတ်နဲ့ ချည်နှောင်ထားတဲ့ သစ်သားsing
တွေက  လေ , နှင်းများနှင့်အတူ ယိမ်းထိုးနေခဲ့
တယ် ။သူမက နွေးထွေးစေရန် ခြေဆောင့်နင်း
နေခဲ့ပြီး, နှင်းဘွတ်ဖိနပ်များက စိုစွတ်နေ
ကာ , ရာစုနှစ်တစ်ခုကြာ သက်တမ်းရှိတဲ့
သစ်ပင်တစ်ပင်မှာ မီးပုံးကို တန်းလန်းဆွဲ
ထားပြီး အနီရောင် ဂျက်ကပ်အင်္ကျီ ထဲက
မိန်းကလေးဟာ မှိန်ပျပျ မီးရောင်အောက်
တွင် အေးစက်နေခဲ့တယ် ။

သူမက အရမ်း အေးစက်နေခဲ့တာ ...

Xue San လဲ Yishu ရဲ့ သစ်သား sing ကို
ကြည့်ပြီး တုန်လူပ်အံ့ သြ နေတယ် ။
သူ့ရဲ့ အမြင်က ကောင်းမွန်ပြီး သစ်သား sing
က အကြီးကြီးကို လုံလောက်တယ် ။

ဘေးဘက်နှစ်ခုလုံးပေါ်တွင် , Qiu Li ကို
တစ်ဖက်၌ ရေးသားထားပြီး အခြားတစ်ဖက်
တွင် ငြိမ်းချမ်းခြင်းကို ရေးသားထား
တယ် ။

အားလုံးကို သစ်ပင်တစ်ပင်တွင် တွဲလောင်း
ချထားပြီး အနီရောင်ပိတ်စက လေနှင့်အတူ
ယိမ်းနွဲ့နေတယ် ။ သူမက အရမ်းအေးနေကာ
သူမလက်ရဲ့ လက်ဖဝါးထဲကို အာငွေ့လေးများ
မူတ်နေပြီး Xue San က လူတွေကို အဝေးသို့
တိတ်တဆိတ် ခေါ်သွားတယ် ။

Qiu Li က တံတားကို ဖြတ်ကာ လမ်းလျှောက်
သွားခဲ့ပြီး သူမရဲ့ ငေးမောအကြည့်နဲ့ တွေ့ဆုံ
လိုက်တယ် ။ သူမ နူတ်ခမ်းအရောင်ကအေးပြီး
ပြာလဲ့နေသော်လည်း သူမရဲ့ မျက်လုံးဝိုင်းတွေ
ထဲမှာ အံ့သြမူရဲ့ အရိပ်အမြွက်ရှိနေကာ ,
" Qiu Li ! ရှင် ဒီမှာပဲ "

ထိုအခိုက်၌ သူ့ခံစားချက်ကို သူ မပြောနိုင်ဘူး,
ပြီးတော့ မရေတွက်နိုင်တဲ့ သစ်သား sing တွေ
က ခပ်ဆက်ဆက်ရိုက်ခက်နေကြကာ ,
အားလုံးမှာ " Qiu Li " နဲ့ " ငြိမ်းချမ်းခြင်း "
ကို ရေးထားခဲ့တယ် ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now