Chapter 161 - Chapter 162

2.2K 200 11
                                    

Chapter 161

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Xiao Li
Date ; February 24, 2023
=====================

ဤတိုက်ရိုက်ဖြစ်တဲ့ ဝန်ခံချက်ကို ကြားတဲ့
အခါ , Nuonuo မသက်မသာ ခံစားလိုက်
ရတယ် ။

သူမက သူ့မျက်လုံးတွေကို ရှောင်ခဲ့ပြီး
သူက စိတ်အနှောက်အယှက် မဖြစ်ခဲ့ပေ ။

" နေသာနေတယ် , ကိုယ်မင်းကို
လမ်းလျှောက် ဖို့ အပြင်ခေါ်သွားပေးမယ် "

Nuonuo က မကန့်ကွက်ပေ ။ Qiu Li က
သူမကို ဥယျာဉ် ထဲသို့ တွန်းသွားခဲ့တယ် ။

" ခဏ စောင့် "

ဥယျာဉ်ထဲ၌ အားကြီးတဲ့  ဥယျာဉ်မှူးအချို့ဟာ စပျစ်စင်ကို ပြင်ဆင်နေကြတယ် ။ Qiu Li
က လျှောက်သွားပြီး သူ့အင်္ကျီလက်များ ကို
လိပ်တင်လိုက်ကာ ,
" ငါ လုပ်မယ် "

သူ့ရဲ့ စိတ်နေသဘောထား က အနည်းငယ်
အေးစက်ပြီး မာနကြီးအထက်စီးဆန်၍
သူ့အမိန့်တွေကို မနာခံဖို့ ဘယ်သူမှ မရဲဝံ့
ဘူး ။

Nuonuo က သူ့ကို ခဏမျှ ကြည့်နေပြီး ,
ထိုမှပဲ သူက လွှဲဒန်းတစ်ခု ပြုလုပ်နေမှန်း
တွေ့လိုက်ရတယ် ။

သူက သူ့မျက်ခုံးတွေကို အောက်စိုက်ကြည့်
ပြီး အလွန် အလေးအနက်ထားနေ၏ ။

မနက်ခင်းရဲ့ ခမ်းနားထည်ဝါမူက စပျစ်ပင်
များ ပတ်လည်တွင် ပျံ့နှံ့  နေပြီး ၎င်းက
အသက်ဝင်ပြီး လှပနေသည် ။

သူက သူ့လက်တွေကို ဆေးကြောပြီး
Nuonuo ကို မေးလိုက်တယ် ,
" မင်း အဲ့တာကို ကြိုက်လား ?"

Nuonuo က ညင်သာစွာ ခေါင်းငြိမ့်လိုက်တယ်။
အမျိုးသားနဲ့ ခန္ဓာကိုယ်ပိုင်ရှင်ကြားက ဆက်ဆံရေးကို သူမ မသိသော်လည်း သူ့ရဲ့ စိတ်
အခြေအနေ က စိုးရိမ်ပူပန်စရာလို့
သူမ ခံစားရတယ် ။ သူက Song Zhan နဲ့
Song Lian တို့ကို မျက်နှာချင်းဆိုင်တဲ့
အခါ၌ ရက်စက် ခက်ထန်လှတယ် ။

သူက ပြုံးပြီး , " မင်း ခြေထောက် ပိုကောင်း
လာတဲ့အခါ ဒီကိုလာပြီး ကစားနော်"

Nuonuo က သေချာပေါက် ကန့်ကွက်ချက်
တွေ မရှိဘူးပေါ့ ။

နောက်တစ်နေ့မှာ သူမရဲ့ ပစ္စည်းတွေကို
Qiu Li ရဲ့ မူလအခန်းထဲသို့ ရွေ့ခဲ့ပြီး
အထဲက အခန်းဖွဲ့စည်းပုံ အပြင်အဆင်ကို
ပြန်လည် ဆန်းသစ်ထားခဲ့တယ် ။ အထူးသဖြင့်
သူက ချမ်းသာတာကြောင့် သူတို့ဟာ အရာရာ
တိုင်းကို အချိန်တိုတိုနှင့် ထိရောက်စွာလုပ်
ဆောင်ခဲ့ကြတယ် ။  မူလက
လေထန်ပြီးအေးစက်သော အခန်းဟာ
ငယ်ရွယ်ပြီး တတ်ကြွလာ၏ ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now