Chapter 177 - Chapter 178

2K 186 13
                                    

Chapter 177

Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; March 9, 2023
______________________________


Qiu Li ရဲ့ သက်တော်စောင့်တွေက
နောက်မှ ရောက်လာခဲ့တယ် ။ နောက်ဆုံး
မှာတော့ , လူတိုင်းက သူ့လို တူတာ
မဟုတ်ဘူး ။

သူတို့က Tao Zui ကို ကားအပြင်ဆွဲထုတ်တဲ့
အခါ , သူက အညံ့ခံတဲ့ လက်ဟန်ခြေဟန်
တစ်ခုပြုလုပ်ကာ ပြုံးဖြဲဖြဲလုပ်ရင်း ,
" ဘောစ့် Qiu , ကျွန်တော် ပြောစရာတစ်ခု
ရှိတယ် "

Tai Zui က Qiu Li ရဲ့ ဂုဏ်သတင်းကို သိခဲ့
ပြီး ဒီသတိရှိတဲ့ အမျိုးသားကို သူရန်စခဲ့
မယ်ဆိုရင် , သူ့ရဲ့ အရေပြား ခုနစ် လွှာကို
အခွံနွှာပစ်လိမ့်မယ်ဆိုတာ သူနားလည်လိုက်
တယ် ။

Qiu Li က Nuonuo ရဲ့လက်ကို တင်းတင်း
ဆုပ်ကိုင်ထားပြီး အလွန်အမင်း တုန်ယင်နေ
တဲ့ Tao Zui ရဲ့ မျက်လုံးတွေကို စောင့်ကြည့်
နေခဲ့တယ် ။

Tao Zui က သူ့ကို ရိုးရိုးရှင်းရှင်း ပဲ
ဒူးထောက်ပြီး သူ့အသက်ကို ချမ်းသာ
ပေးဖို့ အနူးအညွတ် တောင်းပန်ချင်တော့
တယ် !

Nuonuo ကလဲ သူမဘေးမှ အမျိုးသားကို
မော့ကြည့်လိုက်တယ် ။

သူမ စူးစိုက်ကြည့်နေတာကို သူခံစားရပြီး
သူ့ခန္ဓာကိုယ် က တောင့်တင်းလာသော်လည်း
Tao Zui က မတည်ငြိမ်ရဆုံး အကြောင်းရင်း
ပဲ ဖြစ်တယ် ။ Tao Zui က Nuonuo ကို
အဝေး ခေါ်ဆောင်သွားခဲ့ရင် , သူ့ဘဝက
အဆုံးသတ်သွားလိမ့်မယ် , ဒါကြောင့်
သူ အခု Tao Zui ရဲ့ အသက်ကို အလိုရှိခဲ့
တယ် ။

သူက သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်
ပြီး သူမ မျက်လုံးတွေကို ဖုံးကာဖို့ လက်လှမ်း
လိုက်တယ် ။ သူက သူမကို သူ့ရင်ခွင်ထဲမှာ
ပွေ့ဖက်ထားခဲ့တယ် ။

ရှည်လျားတဲ့ မျက်တောင်တွေက သူ့လက်ဖဝါး
အောက်ဘက်မှ တဆန့်ငင်ငင် လူပ်ရှား
နေပြီး သူမက သူ့ရဲ့ ကြီးမားတဲ့ လက်ဖဝါးကြီးကိုဖယ်ရှားဖို့ လက်လှမ်းလိုက်တယ် ။

Tao Zui က ကျယ်လောင်စွာ ပြောလာတယ်,
" အလှလေးရေ , မင်းရဲ့ လူက ငါ့ကို သတ်ချင်
နေတယ် ! သူ ငါ့ကို သတ်မယ်ဆိုရင်
မင်းဘယ်တော့မှပြန်သွားလို့
မရနိုင်တော့ ... အွင်း ... "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now