Chapter 183 - Chapter 184

2.5K 225 21
                                    

Chapter 183


Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Li_Soung_Oo
Date ; March 16 , 2023
====================

Qiu Li ကို ကယ်ဆယ်ဖို့ ဆရာဝန်ရောက်လာ
တဲ့အခါ , သူ့ရဲ့ အသက်ရူသံနဲ့ နှလုံးခုန်သံက
အားနည်းနေခဲ့ပြီး ဖြစ်တယ် ။ ဓားမြှောင်က
ခွဲစိတ်ခြင်းဖြင့် ဖယ်ရှားခဲ့ရတယ် ။

ဆရာဝန်ကြီးက သူ့ရဲ့ mask ကို ဖယ်ရှား
လိုက်တယ် ။ ခွဲစိတ်ကုသမူက အမှောင်မှ
အာရုဏ်တတ်ချိန်အထိ နောက်ဆုံး ၈ နာရီ
ကြာခဲ့တယ် ။

Nuonuo နဲ့ Tao Zui က အပြင်မှ ထိုင်နေခဲ့
ကြတယ် ။

သူမက သူမလက်ထဲမှာ ငြိမ်းချမ်းခြင်း knot
လေးကို ကိုင်ထားခဲ့တယ် ။

Tao Zui က Qiu Li ရဲ့ အခြေအနေကို မည်သူ့
ထက်မဆို ပိုသိခဲ့တယ် ။ သူ့မှာ သူတစ်ချိန်က
ပိုင်ဆိုင်ထားခဲ့တဲ့ ကံကောင်းခြင်းတွေရှိရင် ,
သူ့ကို ကယ်ဆယ်နိုင်လိမ့်မယ် ။ ဒါပေမဲ့
အခုတော့ .... အဲ့တာက မဖြစ်နိုင်ဘူး ။

Tao Zui ပြောလိုက်တယ် ,
" မင်း သူ့ကို ကြိုက်လား ?"

Nuonuo က လက်သီးကို တင်းကျပ်လိုက်
ပြီး သူမ ဘာမှမပြောဘူး ။

သူက ကောင်းကင်ကို ကြည့်ပြီး ပြောလာ
တယ် , " နာရီအနည်းငယ်အတွင်း
မင်းအိမ်ပြန်နိုင်ပြီ ။ ဆရာဝန်တွေ ထွက်လာ
ပြီ ။ သူ အကြာကြီး ဆုပ်ကိုင်ထားနိုင်တော့
မှာမဟုတ်ဘူး ။  နောက်ဆုံးတော့ မင်း
သူ့ကို စွန့်ခွာထားရစ်ခဲ့နိုင်ပြီ  "

Nuonuo ကနောက်ဆုံးတွင် တုံ့ပြန်လာခဲ့
တယ်။ သူမက သူမအသံထဲက တုန်ယင်နေ
မူကို ထိန်းချုပ်ခဲ့ပြီး သူမကိုယ်သူမ
တည်ငြိမ်ဖို့ ကြိုးစားရင်း ,
" အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့ "

Tao Zui က ပခုံးတွန့်လိုက်တယ် ။
အဲ့တာက အဓိပ္ပါယ် မရှိတာ မဟုတ်ဘူးဆိုတာ
ရှင်းလင်းနေပင်မဲ့ , အမျိုးသမီးတွေက
သူတို့ကိုယ်သူတို့ လိမ်ညာရတာကြိုက်ကြ
တဲ့ ဒီလို သတ္တဝါတွေပဲ ။ လှပတဲ့ အမျိုးသမီးတွေတောင်ခြွင်းချက် မဟုတ်ဘူး ။

သို့သော် ,Tao Zui က သက်ပျင်းချပြီး
မေးလာခဲ့တယ် ,
" ဘာပဲဖြစ်ဖြစ်, နာရီအနည်းငယ် ရှိသေး
တယ် , ဒီကမ္ဘာဆီ ဝိညာဉ်ကို သူ ဘယ်လို
ဆွဲဆောင်ခဲ့လဲ မင်း မသိချင်ဘူးလား ?"

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now