55

4.2K 438 16
                                    

Zawgyi //


English translation; Wordrain69
Translated by Z { 28.5.2022 }

Nuonuo ဟာ သူနဲ့ အချစ်​ကို မကစားချင်​​ပေ ..
သူမ အ​ဝေးကို သွားနိုင်​လျှင်​ အခုပင်
သူမဟာ သူ့ကို ထားခဲ့ဖို့ ​ရွေးချယ်​မိ
လိမ့်​မယ်​....။ဤအမျိုးသား သည်
ယခု အခိုက်​အတန့် တွင်​ သူမအား
သမီးရည်းစာ တစ်​​ယောက်​လိုက်​ ဆက်​ဆံ
နေ​သေး​သော်​လည်း ​နောက်​တစ်​ စက္ကန့်​ တွင်
သူမအား ​ကြောက်ရွံ့​တုန်​ရီ သွား​အောင်
လုပ်​နိုင်​သည်​ ။ ဒါက ရိုးရှင်းတဲ့ ဘဝ တစ်​ခု
မဟုတ်​ဘူး ....။

ပြီး​တော့ Nuonuo မချင့်​မရဲ ခံစားရတယ်​ ,
အခု​လေးတင်​ စုန့်​လန်းရဲ့ ​ကြောက်​မက်​ဖွယ်
အသွင်​အပြင်​ကို မြင်​လိုက်​ရပြီး ,
အမျိုးသမီးဇာတ်​လိုက်​ဟာ ဒီဘဝမှာ
အမျိုးသားဇာတ်​လိုက်​နဲ့ ရှိ​နေနိုင်​​​ရဲ​တော့မှာ
မဟုတ်​ဘူး....။

ချုံးလီ သည်​ ခဏမျှ တိတ်​ဆိတ်​​နေသည်​ ။

ရုတ်​တရက်​ သူ​ပြောလာသည်​ ,
" မင်းရဲ့ လက်​က ဘာဖြစ်​တာလဲ ?"

သူမ ၏ ​ဆေးပလာစတာ ကပ်​ထား​သော လက်​သည်​ သူ၏ လက်​ဖဝါး ​အောက်​တွင်​ ရှိ​နေသည်​ ကို Nuonuo သတိပြုမိလိုက်​သည်​ ။

Nuonuo ​ခေါင်းခါလိုက်​ကာ ,
" ဒါက ဘာမှ မဖြစ်​ပါဘူး ,ကျွန်​မ ​သေတ္တာ တစ်​လုံးနဲ့မ​တော်​တဆ ကုတ်​ခြစ်​မိသွားတာပါ"

ချုံးလီ သူ၏ ​ခေါင်းကို နှိမ့်​ချလိုက်​သည်​ ။
သူမ၏ ဒဏ်​ရာ​ပေါ် သို့ သူ၏ နူတ်​ခမ်းများ မကျ​ရောက်​မှီ Nuonuo သည်​ အရင်​ဆုံး
သူမလက်​ကို ​နောက်​သို့ ဆွဲလိုက်​သည်​ ။

သူ၏ မျက်​လုံးများသည်​ အုံ့မိုင်း သွားပြီး
သူမအား ​မော့ကြည့်​လာသည်​ ။

Nuonuo, "..."

သူတို့ သည် ​ နာကျင်​မူ​ပျောက်​​စေရန်​ ဒီလူမှ
ဒဏ်​ရာကို အနမ်း​ပေး​သော romantic
ဆန်​​သည့်​  မြင်​ကွင်​ကို သရုပ်​​ဆောင်​​နေတာ
လဲ မဟုတ်​ .....။ ဒီအမျိုးသား၏ နိမ့်​ကျ​သော
အမြစ်​​ကြောင့်​သာ သူသည်​ ၎င်းကို လျှာနဲ့
လျှက်​ရတာ ကို ကြိုက်​တာ ဖြစ်​သည်​ ။
{Z/N , အမြစ်​ဆိုတာ Z တို့ မြန်​မာလိုဆို
သ​န္ဓေမ​ကောင်းဘူးလို့ ဆိုချင်​တာပါ }

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now