47

4.2K 537 11
                                    

Zawgyi//



Translate by Z {28.4.2022}

သူ၏ အသံအ​နေအထားသည်​ တည်​ ငြိမ်​နေ
ကာ သူသည်​ မ​ရေမရာ ​ပြောလာ၏ ,
"ဘာ​ဆေးလဲ ? Nuonuo , ဒါ မင်းကိုယ့်​ကို ရိုက်
တာ ​လေးကြိမ်​​မြောက်​ပဲ, ကိုယ်​​နောက်
တစ်​ကြိမ်​ဆိုတာ မလိုချင်​ဘူး "

သူဟာ သူ၏ အမှားကို ဝန်​ခံရန်​ ငြင်းဆိုလာ
သောအခါ , Nuonuo ၏ မျက်​နှာသည်​ ​ဒေါသ
ကြောင့်​ နီရဲလာ၍ ,
"ကျွန်​မ မ​နေ့က ကျွန်​မဘာသာ အိပ်​​ပျော်​သွား
တယ်​လို့​တော့ လာမ​ပြောနဲ့ , ​နေ့လည်​ခင်း
တစ်​ခုလုံး ကျွန်​မ မှာ သတိ မရှိခဲ့ဘူး "

သူ ပြုံးလိုက်​ပြီး , "မင်း အရင်​က ဖျား​နေတာ​လေ , ဒါ​ကြောင့်​ အကြာကြီး အိပ်​တယ်​ဆိုတာ
ပုံမှန်​ပဲ ။ ကိုယ်​က မင်းကို ​ဆေး​ပေးတယ်​လို့
မင်းဘာ​ကြောင့်ေ​တွးရတာလဲ ? တကယ်​လို့
မင်း ကိုယ့်​ကို မယုံဘူးဆိုရင်​ , ဆရာဝန်​ ကို
ကျန်​​နေတဲ့ ဘယ်​​ဆေးကို မဆို မင်းစစ်​ကြည့်
ခိုင်းလို့ရတယ်​ "

Nuonuo ဟာ ​ဒီ အရူးသည်​ အရှက်​မဲ့သည်​ ဟု
ခံစားလိုက်​ရသည်​ ။

ထို ကျန်​​သော ​ဆေးများကို ဆိုရင်​​တောင်
ဆရာဝန်​က မငြင်းဆိုနိုင်​ဘူးဆိုတာ
သူမ သိတယ်​ ။

"ကျွန်​မ ဖျား​နေရင်​​တောင်​ , ရှင်​ ကျွန်​မကို
ပြော...." သူမ အံကြိတ်​လိုက်​သည်​ ။

Nuonuo သည်​ ထို စကားလုံးများကို ​ပြောရန်
တကယ်​ ကို ရှက်​စရာ​ကောင်းသည်​ဟု ခံစား
ရသည်​ ။ သူမ ရှက်​​သော်​လည်း ဒီအမျိုးသား
၏ အလွန်​တည်​ငြိမ်​ပြီး မမှတ်​မိဟန်​ ​ဆောင်
နေပုံကို သူမ မုန်းတယ်​ ....။

Nuonuo ၏ နားများသည်​ အနီ​ရောင်​သို့
ပြောင်းလဲ လာပြီး သူမ​ပြောမည့်​ အရာကို
ပြောင်းလိုက်​သည်​ , " အနီမှတ်​​တွေက ကျွန်​မ
ဆီကို ဘယ်​လို လုပ်​​ရောက်​လာတာလဲ ?"

ချုံးလီ တစ်​စက္ကန့်​ မျှ ရပ်​လိုက်​သည်​ ။
သူ၏ မျက်​လုံးများသည်​ နူးညံ့လာ ကာ ,
သူမ ဟာ အရမ်း နှစ်​လိုဖွယ်​​ကောင်း​နေမည်​ဟု
သူ တကယ်​ကို မ​မျှော်​လင့်​ထားခဲ့​ချေ ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now