Part 38

682 23 0
                                    

Zawgyi
"ရိပေါ်သား ရပြီ မားဘာသာမားရှာ..."
ဝမ်မားသတိရမှ အပြေးအလွှားအခန်းထဲရောက်လာပါသော်လည်း ရိပေါ်ကDNAစာရွက်ကိုင်ပြီး ဝမ်မားကိုမယုံနိုင်သလိုကြည့်ကာ

"မားသိပြီးလောက်ပြီပေါ့ ဘယ်ချိန်တည်းကသိနေခဲ့တာလဲ???ဘာလို့သားကို...မပြောတာလဲ???မားတို့သားအပေါ်လုပ်ရက်တယ်"

"မဟုတ်ပါဘူးသားရယ် မား..."

"တော်ပါတော့မားရယ် သားကကိုယ့်သွေးသားအရင်းကိုတောင်မသိတဲ့သူ တော်တော်အသုံးမကျတာပဲ"

"ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့သားရယ်"

"မားတို့ဘာလို့သားကိုမပြောပြကြတာလဲ???"

"သား...သားကျန့်လေးကမပြောခိုင်းလို့ပါ"

"..."

"ဟုတ်တယ်သား သားကျန့်လေးကဒီကိစ္စကိုလျှိုဝှက်ခိုင်းထားလို့ပါ"
‌ဝမ်မားအပြောကို ရိပေါ်မျက်ရည်တွေကျနေရင်း

"သူကျွန်တော်ကိုအဲ့လောက်မုန်းမှန်းကျွန်တော်မသိခဲ့ဘူး"

"မဟုတ်ဘူးသား သားအထင်လွဲနေပြီ မားရှင်းပြ..."

"ဟင့်အင်း ကျွန်တော်ဘာမှမကြားချင်ဘူး"
ဝမ်မားရှင်းပြတာကိုဆုံးအောင်နားမထောင်ပဲ
ရိပေါ်အိမ်ထဲကနေပြေးထွက်၍ ဆိုင်ကယ်ကိုအရှိန်နဲ့မောင်းချသွားသည်။
ဝမ်မားလည်း ကတုန်ကယင်ဖြင့်ဟောက်ရွမ်းဖုန်းကိုခေါ်၍အကြောင်းစုံပြောပြကာ ရိပေါ်နောက်လိုက်ခိုင်းသည်။

🖤🖤🖤

"ဒယ်ဒီ စော်အော်ကြောင်နဲ့ကြွက်ကြည့်ချင်ဒယ်"
ရှောင်းကျန့်တစ်ယောက် ရှောင်းမားနဲ့ရှောင်းပါးအပြင်သွားလို့ရုံးစောစောဆင်းပြီး သားဖြစ်သူစိတ်အလိုကျတူတူ‌‌ဆော့ကစားပေးသည်။
ခုလည်းသားတော်မောင်က ဆော့တာဝသွားတော့ ကာတွန်းကားကြည့်ချင်တယ်ဆိုလို့ရှောင်းကျန့်မှာမကြီးမငယ်‌သားဖြစ်သူနဲ့အတူကြောင်နဲ့ကြွက်ထိုင်ကြည့်နေရသည်။
စော်အော်လေးကိုပေါင်ပေါ်ချီတင်ကာ ကြောင်နဲ့ကြွက်ကြည့်နေတုန်း

"သားကျန့်...သားကျန့်!!!"
အပြေးအလွှားရောက်လာတဲ့ ဝမ်မားကြောင့်ရှောင်းကျန့်စော်အော်လေးကို ပေါင်ပေါ်ကနေ ချကာခုံပေါ်မှာထိုင်စေပြီး

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now