Part 23

519 17 0
                                    

Zawgyi
Xiao Zhan Pov's
ကျွန်တော်USကိုသွားဖို့တစ်ပတ်သာလိုတော့တယ် ကျွန်တော်မသွားခင်ကျွန်တော်သိပ်ချစ်ရတဲ့ကျွန်တော့်ကောင်လေး၊ကျွန်တော့်ဗိုက်ထဲကသေးသေးလေးရဲ့ဒယ်ဒီနဲ့တူတူနေသွားချင်တယ် ကျွန်တော်ဟိုကိုမသွားခင်အမုန်းနဲ့တော့လမ်းမခွဲချင်ဘူး အပြုံးနဲ့သာလမ်းခွဲချင်တာမို့ ဒီနေ့တစ်ရက်လောက်ကျွန်တော်ချစ်ရသူ‌နဲ့တူတူနေဖို့ဆုံးဖြတ်လိုက်သည်။

ကျွန်တော်သူ့အိမ်ရောက်တော့ သူတော်တော်အံ့ဩသွားပုံရတယ် ကျွန်တော်ကတော့ဖြစ်နိုင်ရင်ဒီနေ့တစ်ရက်လုံးသူငယ်ချင်းလိုမနေပဲချစ်သူတွေလို‌မျိုး တီတီတာတာပြောပြီးစနောက်မယ်၊အမှတ်တရလေးတွေဖန်တီးမယ် အဲ့လိုတွေးထားတာပဲ ကျွန်တော်သိတာပေါ့ ကျွန်တော့်ကိုလည်းရိပေါ်ချစ်နေတုန်းပဲဆိုတာ ဒါပေမယ့်ကျွန်တော်တို့နှစ်ယောက်ကမဖြစ်နိုင်တော့ပါဘူးဗျာ ရိပေါ်ကိုလည်းကျွန်တော်ကိုမေ့နိုင်ပြီးသူ့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်၊ကျွန်တော်ကတော့ အဟက် ရိ‌ပေါ်မရှိလည်း သူနဲ့ကျွန်တော်ရတဲ့ကိုယ်ပွားလေးရှိတာပဲ ကျွန်တော်ဝမ်းမနည်းနေတော့ပါဘူး ‌ဗိုက်ထဲကသားသားလေးပဲဖြစ်ဖြစ်၊မီးမီးလေးပဲဖြစ်ဖြစ်ကျွန်တော်ဖခင်‌ကောင်းပီသစွာနေထိုင်သွားပြီး ပျော်ပျော်ရွှင်ရွှင်နေသွားမယ်လို့တွေးထားတယ်

ရိပေါ်ရဲ့ကျောပြင်ကြီးကအကြီးကြီးရယ် ကျွန်တော်သူ့ကိုဖက်ထားတာရိပေါ်ရဲ့ကျောပြင်ကြီးကနွေးလိုက်တာ ကျွန်တော်ရိပေါ်နဲ့ပတ်သက်သမျှအသေးအဖွဲ့လေးကအစ အရမ်းကြိုက်တယ် ရိပေါ်က မျက်နှာကသာခပ်တည်တည်အပြုံးအရယ်မရှိ ချေတယ်လို့ထင်ရပေမယ့် တကယ်တမ်းကျတော့အရမ်းနွေးထွေးတဲ့ကောင်လေးပါ

"ရှောင်းကျန့် ကိုတို့ရောက်ပြီ"

"အင်းပါ"
ရှောင်းကျန့်အတွေးလွန်နေတာ ရိပေါ်ပြောမှအဝါ‌ရောင်ပန်းခင်းသို့ရောက်မှန်းသိသည်။

"ရှောင်းကျန့် မင်းအဆင်ပြေရဲ့လား???"
ဘာတွေတွေးပြီးလျောက်နေမှန်းမသိ၊မျက်နှာ‌လေးကလည်း ညှိုးနွမ်းနေတာမို့ ရိပေါ်မနေနိုင်မထိုင်နိုင် ရှောင်းကျန့်ကိုမေးလိုက်သည်။ရှောင်းကျန့်မှ နောက်လှည့်ပြုံးကာ

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now