Part 21

955 52 24
                                    

စားသောက်ဆိုင်ကနေ ပြန်လာပြီး မျန်မျန်လေးကိုလိုက်ပို့ကာ ရှောင်းကျန့်နဲ့ရိပေါ် တူတူပြန်လာကြသည်။ရှောင်းကျန့်က ရှေ့ကနေလျောက်၍ ရိပေါ်ကတော့ ဘောင်းဘီအိတ်လက်နှိုက်ကာ
*ရှောင်းကျန့် ကိုငါအရင်စကားသွားပြောလိုက်ရင်ကောင်းမလား...မျန်မျန်နဲ့ကလည်း ဘယ်လောက်ပဲမောင်နှမလိုချစ်ချစ် သူတို့နှစ်ယောက်ကတကယ့်‌မောင်နှမ‌တွေမှမဟုတ်တာ သူစိမ်းတွေလေ...မျန်မျန်ပုံစံလေးက စွာတေးလန်လေး ကလေးလည်းဆန်တယ်...မျက်လုံးလေးကပြူးပြူးလေး၊ပါးလေးကလည်း ဖောင်းဖောင်းလေး
ပြီးတော့ ရယ်လိုက်ရင်လည်းသွားစွယ်လေးတွေနဲ့...ရှောင်းကျန့်ကိုမေးဖူးတယ် သူရဲ့ideal typeက cute girlတဲ့...မျန်မျန်လေးကလည်း ချစ်စရာလေးဆိုတော့...မဖြစ်ဘူး...မဟုတ်လောက်ပါဘူး...အာ...ငါဘာတွေတွေးနေပါလိမ့်...*

"ရှောင်းကျန့်..."ရှောင်းကျန့်လှည့်ကြည့်တော့ ရိပေါ် ဘာပြောရမှန်းမသိ စကားလုံးတွေရှာနေသည်။ရိပေါ် စဉ်းစားနေတုန်း ရှောင်းကျန့်နှုတ်ခမ်းသို့အ‌ကြည့်ရောက်သွားစဉ်...

"ရှောင်းကျန့်...ငါကျောင်းမှာတည်းကမေးမို့...ငါမေ့နေတာ မင်းနှုတ်ခမ်းဘာဖြစ်တာလဲ???"ရိပေါ် ကပြောလည်းပြော ရှောင်းကျန့်နှုတ်ခမ်းကိုကိုင်ရန် လက်အလှမ်း ရှောင်းကျန့်နောက်သို့ဆုတ်ပြီး ရှောင်လိုက်သည်။

"ဘာမှဖြစ်ပါဘူး...ဒီတိုင်း နှုတ်ခမ်းကွဲတာ...ကိစ္စမရှိဘူး..."

"ဟုတ်လို့လား...ငါကြည့်တာနှုတ်ခမ်းကွဲတာနဲ့မတူဘူး...ပေါက်နေတာနဲ့တူတယ်..."ရိပေါ် ရှောင်းကျန့်မျက်နှာနား ကပ်ပြီး ရှောင်းကျန့်နှုတ်ခမ်းကို စိုက်ကြည့်ကာ အဖြေရှာနေသည်။

"ရိပေါ်...ရတယ်...ငါဘာမှမဖြစ်ဘူး...အိမ်ရောက်ရင် ဆေးထည့်လိုက်မယ်..."

"မဟုတ်မှလွဲရော..."ရိပေါ် များသိသွားပြီးလားစိတ်နဲ့ ရှောင်းကျန့်မှာရင်တမမ ရိပေါ်ပြောမယ့် စကားကိုစောင့်နေလိုက်သည်။

"မင်းးးး ရန်ဖြစ်လာတာလား...ဘယ်ကကောင်တွေနဲ့လေ...ငါ့ကိုပြော ငါခုချက်ချင်း ငါ့ကောင်တွေနဲ့သွားရှင်းမယ်..."ရှောင်းကျန့်ခုမှစိတ်ပေါ့သွားသလို သက်ပြင်းချပြီး

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now