Part 19

540 19 10
                                    

Zawgyi
ရှောင်းကျန့်နိုးလာတော့ အိပ်ယာဘေးမှာလည်းပွထနေသည်။ရှောင်းကျန့်ရိပေါ်ကိုငုံ့ကြည့်ကာ

"ရိပေါ် ငါတို့Lilyအပေါ်အမှားလုပ်ခဲ့မိပြီ ငါလည်းမင်းကိုချစ်နေတုန်းပါပဲ ဒါပေမယ့်မနေ့ကမင်းငါ့အပေါ်လုပ်ရက်တယ် ငါကိုယ်ငါလည်းနားမလည်တော့ဘူး ဒီလောက်အတင်းကြပ်လုပ်ခံရတာတောင်ငါမင်းကိုမုန်းလို့မရခဲ့ဘူးရိပေါ်  ငါကျေနပ်ပါတယ် ငါရဲ့ပထမဦးဆုံးကိုငါသိပ်ချစ်တဲ့မင်းကိုပေးလိုက်ရလို့ ငါပျော်ပါတယ် ငါမင်းကိုရင်နဲ့မဆံအောင်အရမ်းချစ်တယ်ရိပေါ်"
ရှောင်းကျန့်တိုးတိုးလေးပြောပြီး အိပ်မောကျနေတဲ့ရိပေါ်ရဲ့ပါးလေးကိုငုံ့နမ်း၍ နှုတ်ခမ်းလုံးလုံးလေးကိုလည်းထိရုံမျှကပ်နမ်းလိုက်သည်။
ပြီးတာနဲ့ နာကျင်နေတဲ့ခန္ဓာကိုယ်ကိုလျစ်လျူရှူကာ အဝတ်အစားပြန်‌ဝတ်ပြီး ရိပေါ်ကိုတစ်ချက်လှည့်ကြည့်ကာ အခန်းထဲကထွက်သွားသည်။

နာရီဝက်လောက်ကြာတော့ ရိပေါ်တစ်ယောက်နိုးလာ၍ နားထင်ကိုလက်နဲ့ဖိကာ ညကအကြောင်းတွေပြန်စဉ်းစားသည်။
လူမှန်းသူမှန်းမသိအောင်မူးနေလို့လားမသိ ညကအကြောင်းတွေဘာဆိုဘာမှစဉ်းစားမရ...

ရိပေါ်လည်း အခန်းကိုဝေ့ကြည့်နေတုန်းအိပ်ယာပေါ်ဆီအကြည့်ရောက်တော့ သွေးကွက်ကိုတွေ့၍ ရိပေါ်ထိတ်လန့်သွားသည်။
*ငါမှတ်မိသလောက် ငါ့ကိုရှောင်းကျန့်တွဲလာတာ...ဟာကွာ...ကျစ်!!!ငါညကဘာတွေဖြစ်ခဲ့တာလဲ???ကိုယ်ပေါ်မှာအဝတ်အစားမရှိဘူး ဒီသွေးကွက်ကရောဘယ်ကလဲ???မသိတော့ဘူး ရှောင်းကျန့်ကိုမေးရမယ်*
ရိပေါ်တွေးပြီး ရှောင်းကျန့်ဆီဖုန်းကိုဆက်လိုက်သည်။
ရှောင်းကျန့်ကိုဖုန်း‌ခေါ်တော့လည်းတော်တော်နဲ့မကိုင်တာကြောင့် ဖုန်းချပြီး ရေချိုးပြင်ဆင်ကာ ရှောင်းကျန့်အိမ်ကိုလိုက်လာ လိုက်သည်။

"ရှောင်းမား ရှောင်းကျန့်ရော"

"သားကပြန်ရောက်လာတည်းကသူ့အခန်းထဲမှာ ဝမ်လေးရဲ့"

"အာ...ဟုတ် သားတက်သွားလိုက်ဦးမယ်ရှောင်းမား"

"ဝမ်လေး သဘောပါရှင့်"
ရှောင်းမားပြောတော့ ရိပေါ်လည်းပြုံးပြပြီးအပေါ်ထပ်တက်လာလိုက်သည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now