Part 35

660 28 0
                                    

Zawgyi
ရိပေါ် ရှောင်းကျန့်ကိုအလွန်စိတ်ဆိုးနေသည်။ရိပေါ်စိတ်ဆိုးရခြင်းအကြောင်းမှာ ရှောင်းကျန့်ရိပေါ်မသိအောင်မိုးရေခိုးချိုးပြီး ခုဖျားနေသည်။ဖျားနေတာတောင်ဖုန်းဆက်လို့နှာသံကြောင့်သိရတာ...(ရှောင်းမားကတော့ မရှိ ညတွင်းချင်းရှောင်းကျန့်အဖွားနေမကောင်းလို့ ရှောင်းပါးနဲ့လိုက်သွားသည်)
ရှောင်းကျန့်ကကုတင်ပေါ်မှာလှဲနေ၍ ရိပေါ်ကရှောင်းကျန့်ဘေးထိုင်၍ ရေပတ်တိုက်ပေးနေသည်။ရှောင်းကျန့်လည်း သူ့ကိုရောက်ကတည်းကစကားတစ်ခွန်းမှမပြောတဲ့ လုပ်ပေးစရာရှိတာလုပ်ပေးနေတဲ့ သူ့ချစ်သူကြောင့် နည်းနည်းတော့လန့်နေသည်။ရှောင်းကျန့် တံတွေးတစ်ချက်မျိုချလိုက်ပြီ မဆိုးတဲ့ချောင်းကဟန်လုပ်ဆိုးကာ

"အဟမ်းးးကိုကို..."ရှောင်းကျန့်ခေါ်နေပေမယ့် ရိပေါ်စက်ရုပ်ကြီးအတိုင်းပင် ရှောင်းကျန့်ကိုယ်ပူကျအောင် နဖူးကိုရေပတ်ဝတ်တင်ပေးနေသည်။

"ကိုကို...ကိုကိုလို့..."ရှောင်းကျန့် ရိပေါ်ရေညစ်နေတဲ့လက်ကိုလှမ်းဆွဲပြီးခေါ်လိုက်သည်။ရိပေါ် ရှောင်းကျန့်ဆွဲထားတဲ့လက်ကိုဖြည်းဖြည်းချင်းရုန်းလိုက်ပြီး ရှောင်းကျန့်နဖူးပေါ်သို့ပြန်တင်လိုက်သည်။ရှောင်းကျန့် သူ့ခေါ်တာကိုအရေးမလုပ်တဲ့ရိပေါ်ကြောင့် စိတ်ပေါက်ပေါက်နဲ့ နဖူးပေါ်တင်ထားတဲ့ရေစိုအဝတ်ကို ဆက်ခနဲဆွဲယူပြီး လွှင့်ပစ်လိုက်သည်။ရိပေါ် ရှောင်းကျန့်ကိုမော့ကြည့်ပြီး ထအော်တော့သည်။

"ရှောင်းကျန့်!!!"ရိပေါ် ထအော်တော့ခုန‌ထဲကငိုချင်ရဲ့လက်တို့ ဖြစ်နေတဲ့ရှောင်းကျန့် အသံပြဲနဲ့‌ထအော်ငိုပါတော့သည်။

"အီးးးဟီးးးး ရိပေါ် အကျင့်ပုတ် ငါ့ကိုအော်တယ်...သွားးးမလာနဲ့...အဟင့်..."ရှောင်းကျန့် ထငိုတော့ ရိပေါ်ပြာပြာသလဲ သူ့အချစ်လေးနားသွား၍ ရင်ခွင်ထဲထည့်လိုက်သည်။

"အချစ် ဘာလို့ ကိုယ့်စကားနားမထောင်လဲ???မိုးကပုံမှန်ရွာနေတာမဟုတ်ဘူး...တစ်ခါတစ်လေမှရွာတဲ့မိုးချိုးရင်ဖျားတယ်လို့...ကို ပြောလားမပြောဘူးလား..."ရိပေါ်မေးတော့ ရင်ခွင်ထဲကအကောင်ပေါက်လေး ခေါင်းငြိမ့်ပြသည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now