Part 3

1.9K 137 0
                                    

Zawgyi
မနက်ခင်းကျေးငှက်မြည်သံလေးတွေနဲ့အတူ ရှောင်းကျန့်တစ်ယောက်အိပ်ယာနိုးနေသည်။ဒီနေ့ကျောင်းစတက်ရမဲ့နေ့ဆိုတော့ ကျောင်းသွားရန်  ပြင်ဆင်နေသည်။


"သားကျန့်လေးရေ ကျောင်းနောက်ကျမယ်နော်သားလေး ကျောင်းစတက်တဲ့နေ့ ကျောင်းနောက်ကျရင်မကောင်းဘူးသား မြန်မြန်လုပ်"


"ဟုတ် လာပြီ မား"
ရှောင်းကျန့်အောက်ဆင်းကာ မားဖြစ်သူရဲ့ပါးကိုနမ်းပြီး



"မွ... မားပါးလေးကအမြဲတမ်းမွှေးပြီးအိနေတာပဲ မားပါးလေးကနမ်းလို့မဝ"


"အမလေး ချွဲစိန်လေး မားမုန့်ဖိုးပိုထည့်ပေးထားပါတယ်နော်"


"ဟီးဟီး သားကတကယ်ပြောတာပါ"


"ကဲ ဟုတ်ပါပြီ မနက်စာစားသွားလေ"


"မစားတော့ဘူး မား ရိပေါ်နဲ့ပဲတူတူစားလိုက်တော့မယ်"


"ကဲ သားလေးသဘောပါရှင့် လာပါဦး မားသားလေးကိုလည်းနမ်းချင်လို့"
ရှောင်းကျန့်လည်းမားနားကိုပါးတစ်ဖက်ဖောင်းကာ မားဖြစ်သူမှာလည်းရှောင်းကျန့်ဖောင်းနေတဲ့ပါးလေးကို နှာခေါင်းနစ်ဝင်သွားတဲ့ထိနမ်းလိုက်သည်။
ရှောင်းကျန့်လည်းမားကိုလက်လှမ်းပြပြီး ရိပေါ်အိမ်ထဲသို့ဝင်သွားသည်။


"ရိပေါ်!!!!ရိပေါ်ရေ!!!"


"အာ.....ကျန့်ကျန့်လေး တိတိလေးကအိပ်ယာမနိုးသေးဘူးထင်တယ် အန်တီလေးကသားတို့နှစ်ယောက်မနက်စာစားဖို့ပြင်ပေးနေတာနဲ့ တိတိလေးကိုနိုးဖို့မေ့နေတာ ကျန့်ကျန့်လေးပဲ သွားနိုးလိုက်တော့နော်"


"ဟုတ် အန်တီလေး အဲ့ဆိုသားသွားနိုးလိုက်မယ်"
ရှောင်းကျန့်လည်း ရိပေါ်အခန်းတံခါးကို ခေါက်ပြီးမှ ဝင်သွားသည်။
ရိပေါ်ကတော့ အိပ်လို့ကောင်းနေတုန်း ရှောင်းကျန့်ခေါင်းတခါကာ တစ်ချက်ပြုံးပြီး ရိပေါ်ကုတင်‌နားသွား၍


"ရိပေါ် ရိပေါ်  ထတော့လေ ကျောင်းသွားရဦးမယ်"


"အွန်းးးးးးးးမား ခဏလေးပါ ငါးမိနစ်ပဲလေနော် မားနော်"
ရိပေါ် အိပ်ချင်မူးတူးနဲ့ ရှောင်းကျန့်ကိုသူ့မားဆိုပြီး ကလေးတစ်ယောက်လို လက်ငါးချောင်းထောင်၍ ‌ဟိုဘက်လှည့်ကာ ပြန်အိပ်ပျော်သွားသည်။
ရှောင်းကျန့်လည်း ရိပေါ်ကုတင်နားလျောက်သွားကာ ခါးလေးကုန်းပြီး ရိပေါ်နားနားကပ်ကာအော်ဖို့အပြင်


Please love once in my lifetime 💚❤️(Completed)Where stories live. Discover now