Part 43

536 25 5
                                    

Zawgyi

~~~Ring Ring~~~
ဒီနေ့ မျန်မျန်မားက အလည်လာဖို့ခေါ်ထားတာကြောင့် ရှောင်းမားနဲ့ရှောင်းကျန့် မျန်မျန်တို့အိမ်ကိုသွားကြသည်။
ရိပေါ်ခမျာ ရှောင်းကျန့်ပုံလေးတွေကြည့်ပြီး အလွမ်းသယ်နေစဉ် ဖုန်းလာတာကြောင့် မျက်မှောင်ကျုတ်၍ ဘုဆက်ဆက်ပြန်ဖြေလိုက်သည်။

"ဟယ်လို...ဘယ်သူလဲ???"

"ရိပေါ်...သံစဉ်ပါ..."

"ဘာဖြစ်လို့ဖုန်းဆက်တာ..."

"ရိပေါ် နေကောင်းလားဟင်..."
ရိပေါ် သက်ပြင်းချ၍

"သံစဉ် ရှည်ရှည်ဝေးဝေးတွေမပြောပဲ လိုရင်းပြောရအောင်...ငါနေကောင်းလားမေးဖို့ မင်းဖုန်းဆက်တာမဖြစ်နိုင်ဘူး..."

"ဟုတ်ပါပြီး စိတ်လေးနည်းနည်းပါးပါးရှည်ပါဦး...ဒီလိုရိပေါ်ရဲ့...သံစဉ်မိဘတွေရှိတဲ့ Canadaကိုသွားတော့မှာမို့...ရိပေါ်ကိုနောက်ဆုံးအနေနဲ့ ညစာလိုက်ကျွေးချင်လို့ပါ..."

"Sorryပဲ ငါမအား..."

"ရိပေါ် နောက်ဆုံးအနေနဲ့ပါ...တကယ် နောက်ဆုံးအနေနဲ့မို့ မငြင်းပါနဲ့နော်..."
ရိပေါ် စိတ်ရူပ်ရူပ်နဲ့ဆံပင်ထိုးဖွကာ

"Ok ငါလာခဲ့မယ်..."

"တကယ်နော် ရိပေါ် အရမ်းအရမ်းကျေးဇူးတင်ပါတယ်...လာရမဲ့ဆိုင်က သံစဉ်နေတဲ့condoလမ်းထိပ်ကအသစ်ဖွင့်ထားတဲ့ဆိုင်ကိုလာခဲ့ပေး..."

"ဟုတ်ပြီ ဒါပဲမလား..."
ပြောပြီး ဖုန်းချလိုက်သည်။
*ငါအချစ်ကိုမပြောတာကောင်းမယ်...ဘာမဟုတ်တာလေးနဲ့ အချစ်ကိုခေါင်းမရူပ်စေချင်ဘူး...*

~~~Ring Ring~~~(My love🐰❤️)
ရိပေါ် ဖုန်းကိုကြည့်ပြီးပျော်သွားသည်။

"ဟယ်လို..."

"ဟယ်လို အချစ်...ပြန်မလာသေးဘူးလား ကိုကလွမ်းနေတာ..."

"အချစ်လည်းလွမ်းတာပေါ့...ဒါပေမယ့် ည‌လောက်မှပြန်ရောက်မယ်ထင်တယ်...မျန်မျန်မားက ညစာပါတစ်ခါတည်းစားသွားတဲ့လေ...အဲ့ကြောင့် နောက်ကျမယ်ထင်တယ်...ဒါနဲ့ ခုနက ကိုကိုဖုန်းခေါ်တာ basyချည်းပဲဖြစ်နေတယ်...ကိုကိုဘယ်သူနဲ့ပြောနေတာလဲ???"

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now