Part 25

953 50 14
                                    

ရိပေါ် ရှောင်းကျန့် ကျောင်းပိတ်ရက်နောက်ကျမှနိုးတယ်ဆိုတာသိလို့ ရှောင်းကျန့်ကိုနိုးရန် ထွက်လာလိုက်သည်။

"အယ် တိတိလေး...အစောကြီးပါလား...ကျန့်ကျန့်လေးတောင်မနိုးသေးဘူး...မားသွားခေါ်နှိုးပေးမယ်..."

"ရတယ် ရှောင်းမား သားပဲသွားနှိုးလိုက်မယ်..."

"‌အဲ့ဆို တိတိလေးရဲ့သဘောပါရှင်...သွားနှိုးချည်...မား မနက်စာပြင်ထားမယ်..."

"ဟုတ် ရှောင်းမား...အဲ့ဆို သားသွားနှိုးလိုက်ဦးမယ်..."ရှောင်းမား ခေါင်းငြိမ့်ပြီး ပြုံးပြသည်။

ရိပေါ် ရှောင်းကျန့်အခန်းရှေ့ရောက်တော့ တံခါးမခေါက်ပဲဝင်လာလိုက်သည်။ရိပေါ် ဝင်လာတော့ ကုတင်ပေါ်မှာ ယုန်ရုပ်လေးတွေဆိုဒ်စုံကြားထဲမှာမြုပ်နေတဲ့ ရိပေါ်ရဲ့အသဲကျော်ပဲလှော်လေးကို ရိပေါ်တွေ့လိုက်သည်။
*ကြည့်စမ်း အိပ်နေလိုက်တာ မနည်းရှာရတယ်...အရုပ်တွေကြားထဲမှာ မြုပ်နေတဲ့ ကျွန်တော်ရဲ့ အသဲအသက် ပူးတူးတူးလေး...အိပ်နေလိုက်တာ နှုတ်ခမ်းလေးကိုထော်လို့ ...‌ကျွန်တော့်ရဲ့အသဲအသက်က တကယ်ပါဗျာ ကျွန်တော်အပိုမပြောဘူး ဘယ်အချိန်ကြည့်ကြည့်ချစ်ဖို့ကောင်းနေတယ်...အိပ်နေတဲ့ချိန်ကြည့်မလား...စားနေတဲ့အချိန်ကြည့်မလား...ကစားနေတဲ့အချိန်ကြည့်မလား...သမ်းဝဲနေတဲ့အချိန်ကြည့်မလား...(ဟုတ်ပါပြီးလို့ ဒီကFAလိပ်မ‌လေး ငိုနေပြီး🤧)ဘယ်လောက်ကြည့်ကြည့် ကြည့်မဝဘူးဗျာ...*ရိပေါ်တစ်ယောက် ရှောင်းကျန့်အိပ်နေတဲ့ပုံကို တစ်စိမ့်စိမ့်ကြည့်မဝတွေဖြစ်နေသည်။ကြည့်နေရင်းမှ မူပိုင်အပြုံးပြုံးလိုက်ပြီး အောက်ထပ်သို့တိတ်တိတ်လေးပြန်ဆင်းသွားသည်။မနက်စာပြင်နေတဲ့ ရှောင်းမားနားသွား၍

"ရှောင်းမား..."ရှောင်းမား နောက်သို့လှည့်ကြည့်ပြီး

"ဟုတ်ကဲ့ ပြောပါရှင့်..."ရိပေါ် ပါးနှစ်ဖက်မို့တက်သည်အထိ ပြုံးလိုက်ပြီး

"ရှောင်းမား သား ရှောင်းမားနှုတ်ခမ်းနီလေးခဏ ငှားချင်လို့..."

"ဟမ်...နှုတ်ခမ်းနီ တိတိလေးက ဘာလုပ်မို့တုန်း..."ရိပေါ် ရှောင်းမားနားကပ်၍ တိုတိုးနဲ့ပြောလိုက်သည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now