Part 24

507 17 4
                                    

Zawgyi
Hotpotဆိုင်ရောက်တော့ ရှောင်းကျန့်ထိုင်မဲ့ခုံ ရိပေါ်ဆွဲပေးသည်။
ရှောင်းကျန့်လည်းပြုံး၍

"ကျေးဇူးပဲ"
‌‌ရှောင်းကျန့်ထိုင်ပြီး‌တော့မှ ရိပေါ်လည်းရှောင်းကျန့်မျက်နှာချင်းဆိုင်ခုံဝင်ထိုင်လိုက်သည်။
မိနစ်အနည်းငယ်ကြာတော့ hotpotအိုး waiterလာချပေးသည်။
ရိ‌ပေါ်တူကိုအဆင်သင့်လုပ်ပေး၍ ရှောင်းကျန့်ကိုလှမ်းပေးလိုက်သည်။

ရှောင်းကျန့်မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ ရိပေါ်ပေးတဲ့တူကိုလှမ်းယူလိုက်သည်။
*ကိုရယ် အချစ်မရတော့ဘူး ကိုအရှေ့မှာမငိုမိအောင်ထိန်းနေရင်းမရတော့ဘူး ကိုဂရုစိုက်တာတွေ့ရင်ပိုခံစားရတယ် အချစ်ရင်ဘတ်ကြီးပေါက်ကွဲထွက်မတတ်နာကျင်ရတယ်ကို*
ရိပေါ် ရှောင်းကျန့်အတွက်ပုဇွန်ငုံ့ခွာပေးနေတုန်း ရိပေါ်ကိုကြည့်ရင်းတွေးကာရှောင်းကျန့်မျက်ရည်တွေကျဆင်းလာပြန်သည်။

"အချစ်!!! ဘာဖြစ်လို့လဲ???"
ရိပေါ်ပုဇွန်ထည့်ပေးပြီးရှောင်းကျန့်ကိုပြုံးပြီးအကြည့် ရှောင်းကျန့်ငိုနေတာကိုခုမှသတိထားမိဟန် ချက်ချင်းပြုံးနေရင်းမှစိုးရိမ်တကြီး မေးရှာသည်။
ရှောင်းကျန့် ရိပေါ်ကိုပြုံးပြီးခေါင်းခါပြ၍ ရှေ့က hotpotအိုးကိုသာအပြစ်လွဲချလိုက်သည်။

"အဟင့် hotpotကလည်းပူလိုက်တာ အင့်"
ခုမှလာချတဲ့ အ‌ငွေ့တစ်ထောင်းထောင်း Hotpotကိုပါးစပ်ထဲပလုတ်ပလောင်းစားပြီး မျက်နှာတစ်ခုလုံးနီရဲ၍ မျက်ရည်တွေစီးကျနေတဲ့ရှောင်းကျန့် ...
ရှောင်းကျန့်ရိပေါ် ပါးစပ်အဟောင်းသားလေးနဲ့ကြောင်အပြီးကြည့်နေလိုက်သည်။

"အချစ် ဖြည်းဖြည်းစားလေ"

"အင်းပါ ကိုရဲ့ အဟင့် အရမ်းစားကောင်းလို့ပါ"

"ရရဲ့လား ကိုဘာလုပ်ပေးရမလဲ???"

"အဟီး ရပါတယ်ကိုရဲ့ အဲ့လောက်မပူပါဘူး"
ရှောင်းကျန့်အပြင်မှာသာပြုံးပြီးပြောလိုက်ပေမယ့် စိတ်ထဲတွင်တော့
*ကိုရယ်ဒီအပူက အချစ်ရင်ထဲကအပူကိုတော့မမှီသေးပါဘူးကိုရယ်*
ရှောင်းကျန့်တစ်ယောက် hotpotစား‌နေရင်းခုမှသတိရ၍ အလန့်တကြားသူ့ဗိုက်‌ကိုကိုင်ကာ
*မိုက်မဲလိုက်တာရှောင်းကျန့် အထဲမှာရိပေါ်ရဲ့ကိုယ်ပွားလေးရှိသေးတယ်လေ သားသားလေးပဲဖြစ်ဖြစ်၊မီးမီးလေးပဲဖြစ်ဖြစ် ပါးပါးတောင်းပန်ပါတယ်ကလေးတို့ရယ် ပါးပါးသတိလက်လွှတ်ဖြစ်သွားလို့ပါ နောက်တစ်ခါဂရုစိုက်ပါ့မယ် ကလေးတို့ဘာမှမဖြစ်ပါနဲ့နော် ကလေးတို့တစ်ခုခုဖြစ်ရင်ပါးပါးရူးသွားရလိမ့်မယ် ပါးပါးချစ်တယ်နော်*

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now