Part 36

635 27 6
                                    

Zawgyi
"အ့!!!သေပါပြီ..."လော်ယွင်ရှီးတစ်ယောက်ရှောင်းကျန့်ကိုလွမ်းလို့ ရှောင်းကျန့်နေတဲ့လမ်းဘက်သို့စက်ဘီးထွက်စီးပါတယ် အဲ့မှာဇာတ်လမ်းကစတာပဲ ယွင်ရှီးကလည်းစက်ဘီးအကွေ့ ကားတစ်စီးကလည်းအလာ ဝင်တိုက်ပါလေရော...ယွင်ရှီးလဲကျတာတွေ့တော့  ကားပေါ်ကနေ မျက်မှောင်ကြီးကျုတ်၍ maskတပ်ထားတဲ့ လူတစ်ယောက်ဆင်းလာသည်။

"မင်းရရဲ့လား???"

"ခင်ဗျားအမြင်မှာ ကျွန်တော်အဆင်ပြေနေလား နာနေရတဲ့ကြားထဲ...အာရုံပဲ..."ယွင်ရှီးအသားနာသွားတော့ လာမေးတဲ့သူကိုဘုကလန့်ပြန်ပြောလိုက်သည်။

"ဟာ...ခင်ဗျားဘာလုပ်တာလဲ???ခုချက်ချင်းပြန်ချ!!!ဘာလုပ်တာလဲ ခင်ဗျား..."ယွင်ရှီး အသဲပြဲနဲ့ထအော်ရသည်မှာ ခုနmaskနဲ့ တစ်ယောက်က မပြောမဆိုနဲ့ ယွင်ရှီးကိုကောက်ပွေ့လိုက်ခြင်းကြောင့်ဖြစ်သည်။ယံယံကိုကားထဲထည့်ပြီး ထိုလူမှကားစမောင်းသည်။


" ကျွန်တော့်အိမ်ကိုပဲ လိုက်ပို့ပေးပါ..."ယွင်ရှီးပြောလိုက်တော့ ထိုလူကလှမ်းကြည့်သည်။

"မင်းငြိမ်ငြိမ်နေပေးလို့ရမလား...ကိုယ်ဒီမှာပင်ပန်းနေလို့...မင်းကို စံအိမ်ခေါ်သွားချင်လို့ခေါ်သွားတာမဟုတ်ဘူး ဟိုမှာ family doctorနဲ့ပြမို့ နမို့ဆို ဇယားတွေလာနောက်တော့မှာ...ပြီးတော့ မင်းအရမ်းပြန်ချင်နေလည်း ကားပေါ်ကနေခုန်ချလိုက် ကားရပ်ပေးဖို့အစီအစဉ်မရှိဘူး..."

"ခင်ဗျား!!!"

"တိုးတိုးနေတော့...ကားမောင်းနေတယ်..."ယွင်ရှီး ဒေါသတွေကိုမျိုသိပ်၍ ထိုလူပြောတဲ့အတိုင်းငြိမ်နေလိုက်သည်။
*ဒီ ဘိုးတော်ကြီးက ဘာလား...လူကိုလည်းပိုင်စိုးပိုင်နက်‌နဲ့...အဖိုးကြီး...ရုပ်တော့မမြင်ဖူးသေးဘူး...ရုပ်ဆိုးနေလို့ maskတပ်ထားတာနေမှာ...ဟွန့်...*ယွင်ရှီး စိတ်ထဲကနေတွေးနေရင်းနဲ့တောင် အပြင်မှာပါပါးစပ်လှုပ်စိလှုပ်စိနဲ့ ဟွန့်ခနဲအသံကထွက်သွားသေးသည်။ယွင်ရှီးမသိလိုက်တာက သူ့ဟွန့်ခနဲလုပ်ပြီးမျက်စောင်းထိုးလိုက်တာကို ပြုံး၍ကြည့်နေတဲ့သူကရှိနေခဲ့သည်ကို...

"ရောက်ပြီး ဆင်းတော့ မင်းလျောက်နိုင်လား..."မေးတော့ ယွင်ရှီးမျက်စောင်းတစ်ချက်ထိုးပြီး

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now