Part 4

1.5K 105 0
                                    

Zawgyi
"မင်းငါနဲ့ လိုက်ခဲ့"
ရိပေါ်လက်ဆွဲတာ ရှောင်းကျန့်နာလို့ရုန်းမိတော့ ရှောင်းကျန့်ကိုအုတ်နံရံနား ကပ်၍ လက်နှစ်ဖက်ထောက်ကာ


"ရှောင်းကျန့် မင်းဘာဖြစ်နေတာလဲ???ပွင့်ပွင့်လင်းလင်းပြောလေကွာ"
ရှောင်းကျန့်လည်း မျက်နှာတစ်ဖက်လွှဲ၍


"ငါဘာမှဖြစ်ဘူး နေသိပ်မကောင်းလို့"
ရိပေါ်မှလွှဲနေတဲ့ရှောင်းကျန့်မျက်နှာကို မှေးက‌နေကိုင်ကာ ပြန်လှည့်လိုက်သည်။


"ကျစ်!!!မဟုတ်တာ မင်းနေမကောင်းတာဘာကိစ္စငါနဲ့တူတူမထိုင်တာလဲ???ဘာဆိုင်လို့လဲ???ရှောင်းကျန့်မလိမ်တတ်ပဲ မလိမ်နဲ့ မင်းတစ်ခုခုဖြစ်နေတာငါသိတယ်"


"အေး အဲ့ဆို ငါမင်းနဲ့တူတူထိုင်ရင်ရပြီမလား???ဖယ်တော့ ကျောင်းတက်တော့မယ်"
ရိပေါ်မဖယ်ပေးသေးပဲ ရှောင်းကျန့်ကိုစိုက်ကြည့်နေသည်။
ရှောင်းကျန့်လည်း မနေတတ်တော့ပဲ


"ဖယ်ကွာ မရစ်စမ်းပါနဲ့ရိပေါ်ရာ အတန်းထဲပြန်ဝင်မယ်"
ဆိုပြီး ရိပေါ်ကိုတွန်းထုတ်ကာ အခန်းထဲသို့ ခပ်မြန်မြန်လျောက်သွားသည်။
ရိပေါ်လည်း အတန်းထဲသို့ပြန်ဝင်ကာ ရှောင်းကျန့်ဘေးမှာဝင်ထိုင်လိုက်သည်။‌

မကြာခင် ကျောင်းတက်ခေါင်းလောင်းတီးကာ ဆရာ၊ဆရာမတွေတစ်ချိန်ပြီးတစ်ချိန်ဝင်၍ စာသင်နေကာ နာရီလက်တံလေးတွေကလည်း တရွေ့ရွေ့နဲ့ကျောင်းဆင်းချိန်သို့ရောက်ခဲ့သည်။
ရိပေါ်မှ ဟောက်ရွမ်းကို


"ဟောက်ရွမ်း ဒီနေ့5:30လောက်လာခဲ့ ရုပ်ရှင်သွားကြည့်ကြမယ် မင်းနဲ့ငါကြည့်‌ချင်နေတဲ့သရဲကားရုံတင်နေပြီး"
ဟောက်ရွမ်းလည်းခေါင်းငြိမ့်ပြပြီး ရှောင်းကျန့်ကိုဟောက်ရွမ်းမှ


"ရှောင်းကျန့် မင်းရော လိုက်မှာမလား???"
ရိပေါ်မှ


"လိုက်မှာပေါ့ သူငြင်းလည်းငါရအောင်ခေါ်မှာ"
ရှောင်းကျန့်လည်း


"အဲ့ဆို 5:30မှ‌ပြန်ဆုံကြမယ်"
ပြောပြီး အိမ်ထဲသို့ဝင်သွားသည်။
ရှောင်းကျန့်အခန်းထဲရောက်တော့ လွယ်အိတ်ချကာ ကုတင်ပေါ်ပစ်လှဲချပြီး ဒီနေ့ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်တွေးနေမိသည်။



Please love once in my lifetime 💚❤️(Completed)Where stories live. Discover now