Part 49

658 30 0
                                    

Zawgyi
Wang Yibo Pov's
ကျွန်တော်အချစ်ထွက်သွားတည်းက ဘာမှမစားသလိုတနေ့တနေ့အခန်းထဲမှာပဲအောင်းနေမိတယ်။
ကျွန်တော်ဘယ်သူနဲ့မှလည်းမတွေ့ချင်သလို ကျွန်တော်ခုလိုဖြစ်နေတဲ့ပုံစံကိုလည်းဘယ်သူမှကိုမတွေ့စေချင်ဘူး...
‌တစ်နေ့လည်းရောက်ရော ဟောက်ရွမ်းကျွန်တော့်အိမ်ကိုရောက်ချလာပြီး ကျွန်တော်တံခါးမဖွင့်ရင်တံခါးကိုဖျက်ဆီးမယ်ဆိုလို့ ကျွန်တော်မှာတံခါးဖွင့်ပေးရတယ်။ကျွန်တော်တံခါးဖွင့်လိုက်တာနဲ့ကျွန်တော်ကိုခွပ်ခနဲထိုးလိုက်တဲ့ဟောက်ရွမ်း...

"ရိပေါ် မင်းရှူးနေလား...ဟမ်...ကျောင်းပဲတက်ရတော့မယ်...မင်းရုပ်ကိုမင်းကြည့်စမ်း...နှစ်‌ပေါင်းများစွာဆေးစွဲထားတဲ့ရုပ်နဲ့...မင်းလုပ်နေတဲ့ပုံကမဟုတ်သေးဘူးနော်ရိပေါ် မင်းမိဘတွေကိုမင်းမသနားဘူးလား...ငါ့ကိုတီလေးဝမ်ပြောတာ ရှောင်းကျန့်ကပြန်လာတာနဲ့ သူ့မိဘရဲ့ companyကိုဦးစီးတော့မှာ...မင်းကရော...မင်းကဒီလိုပုံစံနဲ့ပဲတစ်သက်လုံးနေတော့မှာလားဟမ်...မင်းအသိတရားရစမ်း..."
ဟောက်ရွမ်းပြောတော့ ‌ကျွန်တော်ခုမှတွေးမိတယ် မားတို့ကျွန်တော့်ကိုပြောထားသလိုပဲ
ကျွန်တော်စိတ်သစ်၊လူသစ်နဲ့ဘဝသစ်ကိုပြန်စရမယ် ဟုတ်တယ် ငါဒီလိုနေနေလို့ဘာမှဖြစ်မလာဘူး...

"ဟောက်ရွမ်းကျေးဇူးပဲသူငယ်ချင်း...ငါစိတ်သစ်၊လူသစ်နဲ့ငါပြန်စမယ်..."

"မင်းဆီကငါဒီစကားပဲကြားချင်တာ...ဝမ်းသာတယ်သူငယ်ချင်း...ခုမှငါ့ငယ်သူငယ်ချင်းဝမ်ရိပေါ်ပီသတယ်...ငါ့သူငယ်ချင်းဝမ်ရိပေါ်ကဘယ်အရာကိုမှလွယ်လွယ်လေးနဲ့လက်မလျော့တတ်သလို...အရှူံးလည်းလွယ်လွယ်လေးနဲ့မပေးတတ်ဘူး...မင်းစိတ်မပူနဲ့ ရှောင်းကျန့်ပြန်လာရင်မင်းနဲ့အဆင်ပြေအောင်ငါမရရအောင်ကြိုးစားမယ် မင်းလည်းကြိုးစားထား ဖိုက်တင်းသူငယ်ချင်း..."
ရိပေါ်ပြုံးပြီး ခေါင်းငြိမ့်ပြသည်။
.
.
.
နှစ်တွေကြာလာတာနဲ့အမျှရိ‌ပေါ်နဲ့‌ဟောက်ရွမ်းတစ်ယောက်တစ်မျိုးစီပြောင်းလဲလာကြသည်။
ဘာလိုလိုနဲ့ရိ‌ပေါ်ရဲ့ချစ်မဝလေး ရိပေါ်ကိုခွဲသွားတာ၆နှစ်တောင်ရှိခဲ့ပြီ...
ရိပေါ်တို့ဘာ‌တွေပြောင်းလဲသွားလဲဆိုတာကတော့...
ရိပေါ်နဲ့ဟောက်ရွမ်းအတူတူစီးပွားရေးမေဂျာတက်ပြီးဘွဲ့ရခဲ့တယ်...

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now