Part 11

1.1K 78 4
                                    

Zawgyi
ရိပေါ်နဲ့ရှောင်းကျန့် လမ်းတစ်ဝက်ရောက်တော့ မိုးကသည်းထန်စွာရွာချလာသည်။ရှောင်းကျန့် ထီးကိုရိပေါ်ဘက်ကိုပိုပြီးဆောင်းပေးထားတာကြောင့်... ရှောင်းကျန့်ကိုယ်တစ်ခြမ်းစိုရွဲနေပြီး...ရိပေါ်သတိထားမိသွားသည်။

"ရှောင်းကျန့် မင်းဖျားမယ်...မိုးရေတွေစိုနေပြီး..."
ရှောင်းကျန့်ခေါင်းခါကာ

"ရတယ်...ငါ ဘာမှမဖြစ် ဟက်ချိုး...."
ရိပေါ်ပျာယာခတ်သွားပြီး ရှောင်းကျန့်လက်ကိုဆွဲကာ အမိုးရှိတဲ့နေရာကိုခဏဝင်လိုက်သည်။

"‌ရှောင်းကျန့် ကြည့်ဦး မင်းဖျားတော့မယ် ငါသိနေတယ်...ပေး ပေး ငါပဲဆောင်းပေးတော့မယ်..."
ရိပေါ်ထီးကိုယူနေတာကြောင့် ရှောင်းကျန့်လည်း ထီးကိုပြန်ဆွဲပြီး

"ရတယ် ငါဘာမှဖြစ်ဘူး မင်းထီးမကိုင်ချင်ဘူးမလား...ပေး ငါပဲကိုင်တော့မယ်..."
ရိပေါ် ရှောင်းကျန့်ကိုတစ်ချက်ကြည့်ပြီး

"ရတယ်လေ...အဲ့ဆို မင်းဆောင်းမယ်ဆိုရင်ငါ့ဟာငါ မိုးရေအစိုခံပြီးပဲကျောင်းသွားတော့မယ်..."
ရှောင်းကျန့်လည်း သက်ပြင်းချပြီး မိုးရွာထဲပြေးထွက်တော့မယ့် ရိပေါ်ကိုလှမ်းဆွဲပြီးထီးကိုရိပေါ်ကိုပေးလိုက်သည်။

"ရော့...စိတ်ချည်းပဲ...ဟွန့်..."
ရှောင်းကျန့် မျက်စောင်းထိုးပြီးပြောလိုက်သည်။ရိပေါ် မူပိုင်အပြုံးဖြင့်

"သွားကြမယ်လေ..."
ရှောင်းကျန့် ရိပေါ်နဲ့လမ်းလျှောက်နေရင်း ရိပေါ်က‌ရှောင်းကျန့် မိုးစိုမှာစိုးလို့ကပ်လိုက် ရှောင်းကျန့်ကခွာလိုက်...ရိပေါ် နောက်ဆုံးစိတ်မရှည်တော့၍

"ရှောင်းကျန့်!!!ဘာလို့ထွက်ပြေးနေတာလဲ???မိုးရွာနေပါတယ်ဆိုမှ စိန်ပြေးလိုက်တမ်းဆော့နေသေးတယ်..."
ရိပေါ်ပြောလိုက်တော့ ရှောင်းကျန့်ရိပေါ်နားပြန်ကပ်လာသည်။
မကြာဘူး ပြန်ခွာသွားပြန်သည်။ရိပေါ် နောက်ဆုံးစိတ်မရှည်တော့၍ ရှောင်းကျန့်ပုခုံးကိုဆွဲဖက်လိုက်သည်။
ရှောင်းကျန့် ရိပေါ်ကိုကြည့်တော့...

"ဘာကြည့်တာလဲ???တင်းလာပြီး ငြိမ်ငြိမ်နေတော့..."
ရှောင်းကျန့်လည်း

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now