Part 10

566 17 0
                                    

Zawgyi
Wang Hao Xuan Pov's
ကျွန်တော်ဇယားလေးတွေထဲတစ်ယောက်ကဒီနေ့သူ့မွေးနေ့မို့ တစ်ခုခုလက်ဆောင်ပေးရန်တောင်းဆိုတယ် ဘယ်လိုပြောရမလဲ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ရိပေါ်နဲ့ရှောင်းကျန့်ကလွဲရင် တစ်သက်နဲ့တစ်ကိုယ်ဘယ်‌သူ့‌မွေး‌နေ့ပဲဖြစ်ဖြစ် လက်ဆောင်မပေးဖူးဘူး ဒီတစ်ခေါက်ဒီဇယားလေးကတော်တော်ဂျီကျနေတာ‌မို့ ကျွန်တော်သူနဲ့လိုက်ခဲ့လိုက်သည်။

သူ့ကိုလက်‌ဆောင်ဘာလိုချင်လဲမေးတော့သူကပြန်ပြောတယ် ရေမွှေးတဲ့
နာမည်ကြီး brandထဲက‌တစ်ခုဝယ်ပေးဖို့ဆုံးဖြတ်လိုက်တယ် ရေမွှေးဆိုင်ရှေ့ရောက်တော့ ကျွန်တော်အလုပ်ကိစ္စဖုန်းလာလို့ကျွန်တော်သူ့ကိုအရင်ဝင်ခိုင်းပြီး ကျွန်တော်ကတော့အပြင်မှာဖုန်းပြောပြီးနေခဲ့လိုက်တယ်

ကျွန်တော်ဖုန်းပြောလို့ပြီးဆိုင်ထဲလှမ်းကြည့်တော့ ကျွန်တော်ဇယားလေးနဲ့‌လူတစ်ယောက်ရန်ဖြစ်နေကြတယ် ကျွန်တော်လည်းလမ်းခပ်သွက်သွက်လျောက်ပြီး ဇယားလေးနားသွားလိုက်တယ် ဇယားလေးကငိုပြီးကျွန်တော့်ကိုပြောတယ် အခုမှကျွန်တော်ကြည့်မိတယ် ဟိုမှင်စာလေးပဲ ကျွန်တော့်ကိုသတိထားမိပုံမရဘူး သူ့ရဲ့ကျကွဲသွားတဲ့ရေမွှေးပုလင်းလေးကိုမျက်နှာလည်းမကောင်းကြည့်နေလိုက်တာ ဟက် ဘယ်လိုတောင်အသဲယားဖို့ကောင်းလိုက်လဲ???

သူစချင်စောနဲ့သူမကြိုက်တဲ့နာမည်ကိုခေါ်လိုက်တော့ မျက်စောင်းကဒိုင်းခနဲ...
ဘာလို့လဲမသိဘူး သူ့ကိုတွေ့ရင်စချင်နောက်ချင်တယ် သူစိတ်ဆိုးရင်အရမ်းချစ်ဖို့ကောင်းတယ် သူတော်တော်စွာမှန်းကျွန်တော်ခုမှသိတယ် ဒေါသကလည်းကြီးလိုက်တာ...
သူဆိုင်ထဲကထွက်သွားတော့ ကျွန်တော့်ရင်ထဲမှာဟာတာတာကြီး ကျွန်တော်လည်းသူ့နောက်ပြေးလိုက်ချင်တာပဲသိတယ် အဲ့ဒါနဲ့ကျွန်တော်လိုက်သွားမယ်လုပ်တော့ ကျွန့်တော်ရဲ့ဇယားလေးကလာရူပ်တယ်

ကျွန်တော်စိတ်ထဲမှာအခုသူ့လောက်ဘယ်သူမှအရေးမပါဘူး သူနဲ့တွေ့ရင်စိတ်ထဲမှာကလိကလိနဲ့ သူ့ကိုအကြမ်းပတမ်းလုပ်ရင်ကျွန်တော့်ကိုနှုတ်ခမ်းကိုက်ပြီး ဒေါသထွက်နေတဲ့ပုံလေး‌‌ကိုသဘောကျတယ် သူနဲ့ကျွန်တော်ရုန်းရင်းဆန်ခတ်ဖြစ်တော့သူ့မျက်နှာနီမြန်းပြီး တစ်ရှူးရှူးတစ်ရှဲရှဲနဲ့ကျွန်တော်သူ့ရဲ့နီရဲနေတဲ့မျက်နှာလေးကိုနမ်းချင်စိတ်တဖွားဖွား...

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now