Part 32

552 16 1
                                    

Zawgyi
ရှောင်းကျန့်ရုံးဆင်းအိမ်ပြန်ရောက်တော့ အိမ်အပေါက်ဝပဲရှိသေး စော်အော်လေးရဲ့ရယ်မောသံလေးတွေကိုကြားလိုက်ရ‌ချိန်အလိုလိုနေရင်းရှောင်းကျန့်ပြုံးမိသည်။

"သားသားရေ ဒယ်ဒီပြန်လာပြီ"

"ရေးးးးဒယ်ဒီပြန်လာပြီ"
အသံပေးလိုက်တာနဲ့ လုံးတုံးလုံးတုံးနဲ့ပြေးထွက်လာသည့်ဝမ်ပေါက်စီလုံးလေးကိုရှောင်းကျန့်‌ချီလိုက်သည်။
ရှောင်းကျန့် စော်အော်လေးရဲ့ပါးဖောင်းဖောင်းလေးကိုသူ့နှာခေါင်းချွန်ချွန်လေးနစ်ဝင်သည်အထိအနမ်းပေးလိုက်သည်။

"သားသားကဘာလုပ်နေတာတုန်း"

"စော်အော်ကဖွားဖွားဝမ်နဲ့ ချော့နေတာ"
စော်အော်လေးပြောမှ ရှောင်းကျန့်‌စော်အော်
လေးနဲ့တူတူ‌‌ဆော့‌ပေးနေတဲ့ဝမ်မားကိုအခုမှသတိထားမိဟန်

"အာ...အန်တီဝမ်ရောက်နေတာပဲ"

"သားဖြစ်သူကိုအလွမ်းသယ်နေတာနဲ့ ငုတ်တုတ်ထိုင်နေတဲ့မားကိုမေ့နေပြီပေါ့"

"မဟုတ်ပါဘူး သားUSကပြန်လာတုန်းက မ‌တွေ့မိသလိုပဲအန်တီဝမ်"

"ဟုတ်တယ်သားရေ ရိပေါ်လေးရဲ့အဖွားနေသိပ်မကောင်းချင်တာနဲ့မားတို့လည်းလိုက်သွားရတာသားရေ"

"အာ...ဟုတ် ခုရောသက်သာသွားပြီလားဗျ"

"သက်သာသွားပြီသားကျန့်လေးရဲ့..."
ရှောင်းကျန့်နဲ့ဝမ်မားစကားကောင်းနေတုန်း ရိကျန့်လေးကခေါင်းလေးစောင်း၍

"ဦးဦးက..."
စော်အော်လေးပြောတော့ ရှောင်းကျန့်လည်းနောက်လှည့်ကြည့်သည်။
ရှောင်းကျန့်နောက်လှည့်ကြည့်တော့ လက်ပိုက်ကာ ရှောင်းကျန့်နဲ့‌စော်‌အော်‌လေးကိုခပ်တည်တည်နဲ့စိုက်ကြည့်နေသည့် ရိပေါ်နဲ့အကြည့်ချင်းသွားစုံသည်။

"ဝမ်လေးတောင်ရောက်လာပြီလား လာသား ပါးတို့အပေါ်ထပ်မှာစကားသွားပြောရအောင်"
ရှောင်းကျန့်နဲ့ရိပေါ်အကြည့်ချင်း စစ်ခင်းနေတုန်း ရှောင်းပါးဆင်းလာ၍ ရိပေါ်ပုခုံးကိုဖက်ကာအပေါ်ထပ်ခေါ်သွားသည်။
ရှောင်းကျန့်လည်း စော်အော်လေးကိုဝမ်မားနဲ့ထားခဲ့၍ရေသွားချိုးသည်။
မိနစ်အနည်းငယ်ကြာတော့ ရှောင်းကျန့်T_shirt အနီလေးနဲ့ဘောင်းဘီတိုလေးဝတ်‌ထားပြီး အောက်ထပ်ဆင်းလာသည်။

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now