Zawgyi
"သားကျန့်လေးရေ မားဆီလာဦးသား ရော့ မားတို့ဘေးချင်းကပ်ရပ်အိမ်ကို ဒါလေးသွားပေးလိုက် ပြီးရင်ပြောခဲ့ဦးနော် အိမ်မှာအုန်းနို့ခေါက်ဆွဲချက်လို့လာပို့တာလို့""ဟုတ် မား"
ရှောင်းကျန့်မားပြောတဲ့ခြံရှေ့ရောက်တော့ ဘဲလ်တီးလိုက်သည်။
အိမ်ထဲကနေ မားအသက်အရွယ်လောက်ရှိတဲ့လှပတဲ့အမျိုးသမီးတစ်ဦးထွက်လာသည်။"သားလေး ဘာကိစ္စရှိလို့လဲ???"
"သားတို့အိမ်မှာ အုန်းနို့ခေါက်ဆွဲချက်လို့ လာပို့တာ အန်တီ"
"ဟယ် ဟုတ်လား အန်တီလေးကအုန်းနို့ခေါက်ဆွဲဆို သိပ်ကြိုက် အိမ်ထဲဝင်လေသား "
ရှောင်းကျန့်လည်းပြုံးပြပြီး ခေါင်းငြိမ့်ကာ အိမ်ထဲဝင်လာလိုက်သည်။"ထိုင်ဦးနော် အန်တီလေး သွားထည့်လိုက်ဦးမယ် သားဘာအအေးသောက်မလဲ???မဖြစ်သေးပါဘူးအအေးသောက်လို့ ချောင်းဆိုးလိမ့်မယ် အသီးယူလာခဲ့မယ်"
ပြောပြီးအနောက်သို့ဝင်သွားသည်။
ခဏအကြာတွင် ချိုင့်တစ်လုံးရယ် အသီးပန်းကန်ရယ်နဲ့ ပြန်ထွက်လာသည်။"ရော့ ဒါကချိုင့် ဒီမှာအသီးစားသွားသားလေး"
ရှောင်းကျန့်မှ"တော်ပြီ အန်တီလေး သားမစား......"
"အန်တီလေးကသားကိုစားစေချင်လို့ ယူလာတာ သားမစားရင်အန်တီလေးစိတ်မကောင်းဖြစ်မှာ"
ရှောင်းကျန့်လည်းအားနာ၍"ဟုတ် အန်တီလေး သားစားပါ့မယ်"
ယုန်သွားလေးတွေပေါ်သည်အထိရယ်ပြလိုက်နေတဲ့ ကောင်လေးကဘယ်လိုနေနေချစ်စရာလေးလို့တွေးနေစဉ်"မားးးးးးသားဗိုက်ဆာတယ်"
လှေကားပေါ်က အသံကြောင့်ရှောင်းကျန့်ရော ထိုအမျိုးသမီးပါ အပေါ်ထပ်သို့လှမ်းကြည့်လိုက်သည်။"အယ်...မားသား အိပ်ပုပ်လေးနှိုးလာပြီးကိုး တိတိလေးဒီကိုလာဦး"
ရိပေါ်လည်းမားနားသွားထိုင်ကာ"သူက........"
ရိပေါ်သူ့ကိုပြူးကြည့်နေတဲ့ကောင်လေးကိုလက်ညိုးထိုးပြီးမေးလိုက်တော့ ဝမ်မားမှ"မားတို့ဟိုဘက်ခြံကိုမနေ့ကမှပြောင်းလာတဲ့လူသစ်တွေလေ ဒါနဲ့သားလေးနာမည်က...."
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
RandomZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...