Part 42

497 22 1
                                    

Zawgyi
ရိပေါ်နဲ့ရှောင်းကျန့်ညက သောင်းကျန်းထားပြီး(သောင်းကျန်းထားတယ်ဆိုလို့ မမှောင်ကြနဲ့နော်...ညက ကမ်းခြေမှာဆော့ကစားတာကိုပြောတာနော် ဟွင်းးဟွင်းး သိနေတယ်နော်🙄)မနက်ကျတော့တော်တော်နဲ့မထနိုင်ကျ...
ရိပေါ်နဲ့‌ရှောင်းကျန့်ဘေးတစ်စောင်းလှဲအိပ်နေပြီး ရိပေါ်လက်မောင်းပေါ်ကိုရှောင်းကျန့်ခေါင်းအုံးထား၍ ရိပေါ်ကရှောင်းကျန့်ရဲ့ခါး‌သိမ်သိမ်လေးကိုဖက်ထားသည်။
ရှောင်းကျန့်ကလည်း ရိပေါ်ရင်ဘတ်ပေါ် မျက်နှာအပ်၍ ရိပေါ်နည်းတူ ရိပေါ်ခါး‌ကိုပြန်ဖက်ထားသည်။

"အင်းးးး"
ရှောင်းကျန့် အပျင်းကြောဆန့်၍ ရိပေါ်ကိုမော့ကြည့်တော့ ရိပေါ်ကရှောင်ကျန့်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားသည်။
ရှောင်းကျန့်လည်းမထသေးပဲ ရိပေါ်ရင်ခွင်ထဲပိုပြီးတိုးဝင်၍ ခါးကိုတင်းကျပ်စွာဖက်ထားသည်။

"နိုးနေတာကို ဘာလို့မထသေးတာလဲ အိပ်ပုပ်လေး..."

"အွန်းးး ကိုကိုကလည်းမထချင်သေးဘူး အိပ်ချင်သေးတယ်..."
ရှောင်းကျန့်ပြောပြီး ‌နှုတ်ခမ်းလေးဆူထွက်လာတော့ ရိပေါ်အသံမြည်အောင်ပြွတ်စ်လိုက်သည်။

"အဲ့ကိုကိုကွာ မျက်နှာလည်းမသစ်ရသေးပဲ သူများကိုလာနမ်းတယ်...ညစ်ပတ်အိုး..."

"အချစ်ပြောတာနော်...မျက်နှာသစ်ပြီးရင် အချစ်သတိမေ့လဲ‌ခွေသွားတဲ့အထိနမ်းပစ်မယ်..."
ရိပေါ်ပြောတော့ ရှောင်းကျန့်အိပ်ချင်နေတာတောင်ဘယ်ပျောက်သွားမှန်းမသိ...
ရှောင်းကျန့်အမြန်ကုန်းရုန်းထ၍ ရေချိုးခန်းထဲပြေးဝင်သွားသည်။

"ရှက်နေတာလေးကကွာ...ချစ်လွန်းလို့ရူးတော့မယ်..."
ရိပေါ်တစ်ယောက်တည်း ပြုံး၍ တီးတိုးပြောလိုက်သည်။
.
.
.ညနေကျတော့ ရိပေါ်တို့ပြန်လာကြသည်။
ရိပေါ်ကတော့ ထုံးစံအတိုင်းရှောင်းကျန့်နဲ့သူနဲ့ကော်နဲ့ကပ်ထားသလို‌ ရှောင်းကျန့်နဲ့တူတူပူးကပ်ပြီးထိုင်နေသည်။
ရှောင်းကျန့်ကတော့ ပင်ပန်းလွန်း၍ ရိပေါ်‌ပုခုံးပေါ်အိပ်ပျော်နေသည်။
ရိပေါ် မိနစ်အနည်းကြာတော့ သူ့ချစ်ရသူရှောင်းကျန့် ဇက်နာမှာစိုး၍ ပေါင်ပေါ်‌ပြောင်းကာ ခေါင်းအုံးစေသည်။
ရှောင်းကျန့်နိုးမှာစိုးလို့ ကျောပုတ်ပေး၍ ချော့သိပ်နေသည်။
.
.
.

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now