Part 31

737 44 5
                                    

Zawgyi
ရှောင်းကျန့် အနောက်ကိုလှည့်ကြည့်တော့ ရိပေါ်ကပြုံးပြီး လက်နှစ်ဖက်ဆန့်ထုတ်ထားသည်။ရှောင်းကျန့်လည်း မျက်လုံးလေးတွေမှိတ်သည်အထိ ပြုံးပြ၍ ရိပေါ်ကိုပြေးဖက်သည်။ရှောင်းကျန့်ကလည်းရိပေါ်ကိုတင်းတင်းကျပ်ကျပ်လွှတ်ထွက်မည့်အလား ဖက်ထားကာ ရိပေါ်လည်းရှောင်းကျန့်နည်းတူဖက်ထားသည်။ရိပေါ် ဖက်ထားရာကနေခွာကာ ရှောင်းကျန့်ကိုစိုက်ကြည့်၍ လက်ဖျောက်တီးလိုက်သည်။ရိပေါ်လက်ဖျောက်တီးလိုက်တာနဲ့ ကိတ်တစ်လုံးနဲ့ဟောက်ရွမ်းနဲ့ မျန်မျန်...ဟောက်ရွမ်းကိုင်ထားတဲ့ကိတ်မုန့်ကိုရိပေါ်ကိုလှမ်းယူလိုက်ပြီး

" Happy 7 month anniversary "ရှောင်းကျန့် ရိပေါ်ကိုကြည့်ပြီး ငိုပါတော့သည်။

"ဟာ အချစ် မငိုရဘူးလေ...ကျစ် ခေါင်းကိုက်မယ်..."

"အဟင့်...ပျော်လို့ငိုနေတာပါကိုရဲ့.."

"ဒါပေမယ့်လည်း မငိုနဲ့တော့လေနော်...ကိတ်မုန့်‌ဆုတောင်းပြီးမှုတ်လိုက်ဦး..."ရိပေါ် ပြောတော့ ရှောင်းကျန့် မျက်လုံးလေးမှိတ်ပြီး လေးလေးနက်နက်ဆုတောင်းနေသည်။ရိပေါ်ကတော့ သူ့ချစ်ရသူလေးကို တစ်စိမ့်စိမ့်ကြည့်၍ ပြုံးနေသည်။‌ဆုတောင်းလို့ပြီးတော့ ရှောင်းကျန့် မီးမှုတ်ပြီး ကိတ်ခွဲလိုက်သည်။

"ရော့ ကို...အာ..."ရိပေါ်လည်း သူ့အသဲအသက်လေးခွံ့ကျွေးတာစားလိုက်သည်။‌စပါပြီး ရိပေါ်ကိုခွံ့ကျွေးပြီးတော့ မျန်မျန်နဲ့ဟောက်ရွမ်း သူ့ခွံ့၊ငါ့ခွံ့နဲ့ အငြင်းပွားနေကြသည်။

"မျန်မျန် ကောက အကြီးလေ မျန်မျန်ကကောတို့ထဲမှာအငယ်ဆုံးလေ...နောက်ဆုံးမှာစားရမှာလေ..."

"‌ရွမ်းကောကလည်း ကြီးတဲ့သူကငယ်တဲ့သူကိုဦးစားပေးရတယ်လေ...နော် ရှောင်းကော"ရှောင်းကျန့်လည်း မျန်မျန်ပြောတာထောက်ခံသလို ခေါင်းလေးငြိမ့်ပြီး ရယ်နေသည်။ရိပေါ်ကတော့ သူ့အသဲအသက်လေး ရယ်နေတာကို မှေးလေးထောင့်ပြီး သူ့ပါအပျော်တွေကူးစက်နေသည်။

"မရပါဘူး ရှောင်းကျန့် ငါ့ကိုခွံ့တော့..."

"ဝမ်ကော...လုပ်ဦး...ဝမ်ကောကိုမျန်လေးကူညီထားလို့ ကောနဲ့ရည်းစားဖြစ်တာနော်..."ရှောင်းကျန့် ရှက်ပြီး ခေါင်းလေးငုံ့သွားသည်။ရိပေါ်လည်း မအီမလည်လည်ပင်းပွတ်ကာ

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now