Part 2

2.6K 159 0
                                    

Zawgyi
"သူလား....ငါ့ချစ်ချစ် ရှောင်းကျန့်တဲ့...."
ရိပေါ်အပြောကို ရှောင်းကျန့်နဲ့ဟောက်ရွမ်းနှစ်‌ယောက်သား မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားနဲ့...
ရိပေါ်မှ တစ်ဟားဟားထရယ်ကာ ...


"ဟားးးးးဟားးးးးဟားးးးဘာဖြစ်သွားကြတာလဲ???ငါစတာပါကွာ...မင်းတို့ကလည်း....ဟောက်ရွမ်း ပါးစပ်ပြန်ပိတ်ဖို့ရော အစီအစဉ်ရှိရဲ့လား...ယင်ကောင်ဝင်ဥသွားမှာစိုးလို့ ..."
ဟောက်ရွမ်း ရိပေါ်ကိုမျက်စောင်းထိုးပြီး


"မင်းရုပ်ကအတည်ကြီးပြောနေသလိုပဲ...မင်းသူငယ်ချင်းကိုလည်းကြည့်ဦး...မျက်နှာနီရဲနေတာပဲ...."
ဟောက်ရွမ်းပြောမှ ရိပေါ် ရှောင်းကျန့်နားသွား၍


"ရှောင်းကျန့် အဆင်ပြေရဲ့လား...မင်းနေမကောင်းဘူးလား???"


"မဟုတ်....."
ရှောင်းကျန့်ငြင်းချိန်တောင်မရ ရိပေါ်ရှောင်းကျန့်ကိုအဖျားတိုင်းရန် ရှောင်းကျန့်နဖူးနဲ့သူ့နဖူးကိုကပ်လိုက်သည်။
ရှောင်းကျန့်ရိပေါ်ရဲ့ရုတ်တရက်ဆန်လွန်းတဲ့အပြုအမူကြောင့် အယောင်ယောင်အမှားမှားအသက်ရှူပင်အောင့်ထားရသည်။ဟောက်ရွမ်းမှ


"ရိပေါ်...ငါမသိလို့ အဖျားတိုင်းတာလက်နဲ့တိုင်းတာမဟုတ်ဘူးလား???မင်းကနော် လုပ်လိုက်ရင်အဆန်းကြီးပဲ...."
ရိပေါ်မှဟောက်ရွမ်းကိုမျက်မှောင်ကျုတ်ကာ


"မင်းဘယ်သိမလဲ???မင်းကဖွန်ကြောင်ဖို့ပဲသိတာလေ...ငါလက်ကအေးနေတာ...ရှောင်းကျန့်ကိုအဖျားသွားစမ်းမှတော့ ပူနေမှာပေါ့...နည်းနည်းပါးပါးလေ့လာဦး..."


"မင်းဟာကလည်း....အေးပါ ထားပါတော့...ဒါနဲ့ ဟိုတစ်ယောက်ငါ့နာမည်ဝမ်ဟောက်ရွမ်း ရိပေါ်ကိုခင်သလို ခင်လို့ရတယ်..."
ရှောင်းကျန့်ခေါင်းငြိမ့်ပြီး


"ငါ....ငါ့နာမည် ရှောင်းကျန့်..."


"မင်းစကားထစ်တတ်တာလား???"


"အာ.....မ..မဟုတ်ပါဘူး မထစ်တတ်ပါဘူး...ဟိုလေ ရိပေါ် ငါ‌ပြန်တော့မယ်..."
ရိပေါ်မှ


"ပြန်တော့မို့လား???"


"အင်း ပြန်တော့မယ်...မားးးတစ်ယောက်တည်းလေ... ဟောက်ရွမ်း ရိပေါ် ငါသွားပြီ နောက်မှတွေ့ကြမယ်"
ရှောင်းကျန့်လက်လှမ်းပြပြီးထွက်သွားသည်။
ထွက်သွားသည့်ကျောပြင်လေးပျောက်သွားတဲ့အထိ ရိပေါ်ငေးမောနေသည်။


Please love once in my lifetime 💚❤️(Completed)Where stories live. Discover now