Part 34

680 37 6
                                    

Zawgyi
ဒီနေ့ ရိပေါ်ရဲ့အသဲအသက်လေးက အဝါရောင်ပန်းခင်းဆီ သွားချင်တယ်ဆိုလို့ ရိပေါ် လိုက်ပို့ရသည်။

"ကိုကို ပန်းခင်းကြီးက တစ်နေ့ထက်တစ်နေ့လှလာသလိုပဲနော်..."ရိပေါ်နဲ့ရှောင်းကျန့် လက်လေးတွဲ လမ်းလျောက်နေရင်းနဲ့ရှောင်းကျန့်ပြောလိုက်သည်။ရိပေါ်မှ ရှောင်းကျန့်ကိုသူ့နဲ့မျက်နှာချင်းဆိုင်လှည့်၍ ပုခုံးနှစ်ဖက်ကိုင်ကာ

"အင်း ဟုတ်တယ်နော် ဒါပေမယ့် ကို့ကောင်လေးလောက်မလှဘူး..."ရှောင်းကျန့် နှုတ်ခမ်းဘေးဆူ‌သွားပြီး ရိပေါ် ရင်ဘတ်ကိုထုကာ

"ဟာ ကိုကိုနော် သူများအကောင်းပြောနေတဲ့ဟာကို ဖောက်လာပြီးကြည့်..."

"အာ...ကိုဘယ်မှာဖောက်လို့လဲ ကိုလည်းအကောင်းပြောနေတာလေ...ကိုရဲ့ကောင်လေးလောက်မလှဘူးပြောတာ ကိုကိုမှားလားပြော..."ရိပေါ်ထပ်ပြောတော့ ရှောင်းကျန့်ခေါင်းလေးအောက်ငုံ့သွားပြီး ခြေထောက်ကမြေကြီးကိုတူးဆွ၍

"ကိုကိုက ဒဲ့ပြောတော့ အချစ်ရှက်တာပေါ့လို့..."

"အယ်...ဒီရုပ်လေးကရှက်နေတာပေါ့...ပြစမ်းပါဦး ကိုကို့ရဲ့ချစ်သူလေးရှက်တာ ကိုကိုကြည့်မဝဖြစ်နေလို့..."ရိပေါ် ငုံ့နေတဲ့ရှောင်းကျန့်ခေါင်းကို အတင်းလိုက်ငုံ့ကြည့်ပြီး သူ့အသဲအသက်ကိုစနေတော့သည်။

"အဲ့ကိုကို...ပြောလေကဲလေကွာ...အင့်ဟာ...အင့်ဟာ..."ရှောင်းကျန့် မျက်နှာခရမ်းချဉ်သီးလေးလို နီရဲပြီး ‌ရိပေါ်ကိုလိုက်ရိုက်တော့သည်။

"ကိုကိုမပြေးနဲ့ကွာ..."

"မပြေးရင် အချစ်ကရိုက်မှာပေါ့..."

"အချစ် မောလာပြီးလို့..."

"ကိုကို ဒါတောင်ဖြေးဖြေးလေးပြေးနေတာ...မှီအောင်လိုက်လေ...ကရော်...ကရော်..."ရှောင်းကျန့် လိုက်‌ရိုက်နေရင်းမှ ရုတ်တရက်ရပ်ထိုင်ချလိုက်ပြီး ခြေထောက်လေးကိုင်ကာ

"အား!!!ကိုကို ခြေထောက်နာသွားပြီး...အီးဟီးးးး"ရိပေါ် သူ့အသဲအသက်သံကြားတော့ အပြေးလေး ရှောင်းကျန့်နားရောက်လာ၍


Please love once in my lifetime 💚❤️(Completed)Where stories live. Discover now