Part 41

504 23 4
                                    

Zawgyi

ရိပေါ်နဲ့ရှောင်းကျန့်ကတော့ရေကစားနေသည်။
လူကြီး‌တွေကတော့ အပန်းဖြေနေကြသည်။

"လာလာလာ...ဟီးဟီး ငါလာပြီ...အဟီး..."
ရှောင်းကျန့်တစ်ယောက်လှိုင်းနဲ့ဆော့နေသည်။
လှိုင်းကတက်လာလိုက် သူကပြေးလိုက် လှိုင်းပြန်ကျရင်သူကပြန်လိုက်...ဒီလိုနဲ့ပဲလှိုင်းနဲ့ရှောင်းကျန့်စိန်ပြေးလိုက်တမ်းဆော့နေသည်။
ရိပေါ်မှာမူ သူ့ချစ်ရသူလေးဆော့နေတာကိုအမိအရမှတ်တမ်းတင်နေသည်။

"ကိုကို ဒီနားခဏလာ ဘာကြီးလဲမသိဘူး။လာကြည့်ကြည့်..."
ရှောင်းကျန့်ပြောတော့ ရိပေါ်အပြေးအလွှား ရှောင်းကျန့်ကြည့်ခိုင်းတဲ့နေရာကိုကြည့်နေစဉ် ရှောင်းကျန့်ရိပေါ်ပါးကိုလှမ်းနမ်းလိုက်သည်။
ရိပေါ်မျက်လုံးပြူးသွား၍ ရှောင်းကျန့်ကတော့ လက်ညှိုးလေးကွေးလိုက်ဆန့်လိုက်လုပ်ပြီး

"ကိုကို အညာမိသွားပြီ...သနားပါတယ်...ကရော် ကရော်..."
ရှောင်းကျန့်နှုတ်ခမ်းလေးထော်ကာစတော့ ရိပေါ်မှ

"အေးနော်...စထားနော်...ပြီးမှမငိုကြေး..."
ပြော၍ ရှောင်းကျန့်နောက်ပြေးလိုက်သည်။ရှောင်းကျန့်လည်း ရိပေါ်မမှီအောင်ပတ်ပြေး၍

"ဗြဲ...အိုးးဟိုးးးးကလေးဆိုးလေး... ခွေးပေါက်လေး...သနားပါတယ် ကရော်‌ကရော်..."
ရှောင်းကျန့်လျှာထုတ်ပြောင်ပြလိုက်၊လက်ညှိုးလေးနဲ့မထိတထိသွားစလိုက်ဖြင့်...
ရိ‌ပေါ်ကတော့ရှောင်းကျန့်ကိုကြည့်ပြီး အူယားနေသည်။

"ဟဟ မပြေးနဲ့ မိပြီ..."
ရိပေါ် ရှောင်းကျန့်လက်ကိုဆောင့်ဆွဲ၍ အနောက်ကနေသိုင်းဖက်လိုက်သည်။

"ဘယ်လိုလဲ???ဟင်...ခုနကဘယ်ယုန်ပေါက်လေးလဲ...လူကိုမထိတထိစနေတာ..."

"သိဘူးလေ..."

"မသိဘူးဟုတ်လား...ကဲကွာ မသိချင်ယောင်ဆောင်ဦး..."

"အားးးးကိုကို ယားတယ်...ဟီးဟီး အ့ ကလိမထိုးနဲ့တော့...ဟားးဟားးးတော်ပြီ အချစ်မောတယ်..."
သူ့အချစ်လေးမောတယ်ဆိုမှ ကလိထိုးတာရပ်လိုက်တဲ့ရိပေါ် အနောက်ကနေတော့သိုင်းဖက်ထားဆဲ...
ရှောင်းကျန့်မှ

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now