Zawgyi
လအနည်းငယ်ကြာတော့ရှောင်းကျန့်လည်း companyကိစ္စလေ့လာသင့်သလောက်လေ့လာပြီး ရိပေါ်ရဲ့ယာယီ secretaryအလုပ်ကနေထွက်၍ Xiao Companyကိုစတင်ဦးဆောင်တော့သည်။ဒေါက် ဒေါက်
ရှောင်းကျန့်စာရင်းစစ်နေတုန်း တံခါးခေါက်သံကြောင့်"ဝင်ခဲ့ပါ"
"မစ္စတာရှောင်းကျန့်နဲ့တွေ့ချင်လို့ပါ"
ရှောင်းကျန့်မော့ကြည့်တော့"ယွင်ရှီးနဲ့ဖေးယွီကောမတွေ့တာတောင်ကြာပြီ လာလေ ထိုင်ကြဦး အပူလား၊အအေးလား..."
"မသောက်တော့ဘူးကော ဒီမှာဖိတ်စာလာပေးတာ ကျွန်တော်တို့မဂ်လာဆောင်လာရမယ်နော် ရိပေါ်ကောနဲ့ရှောင်းကျန့်ကော သတို့သားအရံလုပ်ပေးရမယ်"
ယွင်ရှီးဖိတ်စာပေးပြီးပြောတော့ ရှောင်းကျန့်မှ"Congratulations ကောနဲ့ညီ"
"ကျေးဇူးပါရှောင်းကျန့် မဂ်လာဆောင်လာရမယ်နော်"
"လာရမှာပေါ့"
"အဲ့ဆိုကျွန်တော်တို့ပြန်တော့မယ်နော်ကော ဖိတ်စာဝေရဦးမှာမို့လို့"
"ဟုတ်ပါပြီဗျာ ဖေးယွီကောကျွန်တော့်ညီယွင်ရှီးလေးကိုအပ်ပါတယ်နော်"
"စိတ်ချပါရှောင်းကျန့်"
ရှောင်းကျန့်ပြုံးပြီးခေါင်းငြိမ့်ပြတော့ ယွင်ရှီးရုတ်တရက်ရှောင်းကျန့်ကိုပြေးဖက်၍ အလိုက်တသိဖေးယွီမျက်နှာတစ်ဖက်လွှဲပေးရှာသည်။"ကောလည်းကောချစ်တဲ့သူနဲ့ အမြန်ဆုံးပျော်ပျော်ရွှင်ရွှင်နေရပါစေ"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေညီ"
"အဟမ်းးးကလေး သွားရအောင်လေ"
ဖေးယွီချောင်းတစ်ချက်ဟန့်၍ပြောသည်ကိုယွင်ရှီးမျက်စောင်းထိုး၍"အင်းပါကိုကိုရဲ့ အဲ့ဆိုကော ကျွန်တော်တို့သွားတော့မယ်"
"ဟုတ်ပါပြီဗျာ"
ယွင်ရှီးတို့အတွဲကိုရှောင်းကျန့်အားကျသလိုက်ကြည့်ပြီး ပြုံးနေသည်။>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကျိရန်တစ်ယောက်နိုးလာတော့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေသည်။
ကျိရန်သေမတတ်ကိုက်နေတဲ့ခေါင်းကို တစ်ချက်ခါရမ်းလိုက်သည်။
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
RandomZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...