မောင်တို့ဌာနီ(သို့) မောင့်ရဲ့...

By RigelMiKha

821K 76.2K 2.3K

ကျွန်တော်ရဲ့ ဖြစ်တည်မှုက မောင်တစ်ယောက်ထဲကြောင့်ဖြစ်တယ်.. ကျွန်တော်အရာအားလုံးကို စွန့်လွတ်ခဲ့ပါပြီ မောင်... မ... More

Important notification‼️
intro
ဇာတ်ကောင်(ဇာတ္ေကာင္)
Part~1
Part~2
Part~3
Part~4
Part~5
Part~6
Part~7
Part~8
Part~9
Part~10
Part~11
Part~12
Part~13
Part~14
Part~15
Part~16
Part~17
Part~18
Part~19
Part~20
Part~21
Part~22
Part~23
Part~24
Part~25
Part~26
Part~27
Part~28
Part~29
Part~30
Part~31
Part~32
Part~33
Part~34
😍😍
Part~35
Part~36
Part~37
Part~38
Part~39
Part~40
Part~41
Part-42
Part~43
Part~44
Part~45
Part-46
[ကျေးဇူးတင်လွှာ]ေက်းဇူးတင္လႊာ
new fic
Extra-1
Extra-2
hello👋👋
Extra-4
Extra-5
Sec edit ComeSoom
Sec edit 💛
Book Oder

Part~47 (Finale)

20.7K 1K 48
By RigelMiKha


'စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါဆို့'

နံနက်(၄)နာရီထိုးပြီဆိုသည်နှင့် ရပ်ကွက်လူကြီးတွေ လော်စပီကာဖြင့် လိုက်လှုံ့ဆော်သည်။ ဒါက ဒီဇင်ဘာလတိုင်း လွိုင်ကော်မြို့သူမြို့သားများ လမ်းထလျှောက်တက်သည့် အချိန်အခါဖြစ်သည်။ တစ်မြို့လုံး မနက်စောစာထ၍ တညီတညွတ်လမ်းထလျှောက်ကြသည်။

မိမိရပ်ကွက်ထဲက မှိန်းလမ်းမအတိုင်းလျှောက်ပြီး လွိုင်ကော်မြို့လယ်ခေါင်အနားရှိ မြို့နာမ်စေတီ၊ တစ်နည်းအားဖြင့် နာရီစင်အနားတွင် ဝိုင်းရံကာ တစုတစည်းတည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြသည်။ ရပ်ကွက်အသီးသီးကလူတွေ စုံပြီဆိုလျှင် သီချင်းဖွင့်၍ကိုယ်ကာယလေ့ကျင့်ခန်းလုပ်၏။

မနက်၆နာရီခွဲအထိလုပ်ပြီး လာရာလှမ်းအတိုင်း ပြန်သွားကြသည်။ ဒါကိုကြည့်သည်နှင့် လွိုင်ကော်မြို့သူမြို့သားများက ကျန်းမာရေးလိုက်စားသည်ဆိုတာ သိသာနေ၏။

အလင်းခသည်လည်း နံနက်ခင်းတိုင်း ထိုအသံကြားတိုင်း လမ်းထလျှောက်ချင်သည်။ သို့သော်လည်း ဗိုက်ခွဲထားတာအနာမကျက်သေးသောကြောင့် မောင့်ကိုမပြောရဲသေး။ မောင်ကလည်း နှစ်တိုင်းထလျှောက်လို့ ဒီနှစ်လည်းထချင်နေသည်။ သို့သော် အလင်းခအိမ်မှာကျန်နေခဲ့မည်ကို စိတ်ကမချ။

အလင်းခ၏ဗိုက်က အနာများလည်းကျက်နေပြီ။ ရပ်ကွက်လူကြီးလှုံ့ဆော်သံကြားသည်နှင့် စောင်အောက်က ကမန်းကတန်းပြေးထ၍ ပြတင်းပေါက်ပြေးဖွင့်သည်။ ထို့အတူ မိုးရနောင်ပိုင်သည်လည်း နိုးလာ၍ အလင်းခဘာလုပ်မလဲ လိုက်ကြည့်နေ၏။

အလင်းခသည် ရေချိုးခန်းထဲဝင်၍ ရေနွေးဖြင့်မျက်နှာသစ်ကာ အားကစားအင်္ကျီများဝတ်ဆင်လိုက်သည်။ ထို့နောက် ဗီရိုအောက်ဆုံးထပ်မှာ ထည့်ထားသည့် အားကစားဘောဖိနပ်ကိုကောက်စွတ်လိုက်၏။

"အလင်း မနက်အစောကြီး ဘယ်သွားမလို့လဲ..."

"ဟိုမှာလေ ရပ်ကွက်လူကြီးနောက်မှာ လမ်းလျှောက်ထွက်ကြတဲ့ လူအုပ်စုတွေအများကြီး...အလင်းလည်း လိုက်သွားမလို့..."

"အစောကြီး ပြီးတော့အေးလည်းအေးတယ်။ မသွားနဲ့ နာရီစင်အထိဆို အရမ်းဝေးတယ် ။ ဒီကြားတခြားရပ်ကွက်ပါ ပတ်သွားရဦးမှာ..."

"ဘာဖြစ်လဲ အလင်းကိုကြည့် အဆီတွေပိလို့ ဝက်ဖြစ်တော့မယ် ။ ဒီတစ်ခါတော့ သူများလိုမျိုး လမ်းလျှောက်ထွက်ချင်တယ်..."

မိုးရနောင်ပိုင်သည် ကိုယ်ပေါ်ကစောင်များကို ဖယ်လိုက်၍ အလင်းခရှိသည့် ခုတင်ခြေရင်းတွင်ဝင်ထိုင်သည်။ ပြီးနောက် အလင်းခဘောဖိနပ်တစ်ဖက်ကို ကောက်ကိုင်၏။

"ဒါဆိုလည်း မောင်နဲ့မိုးလင်းကျမှလျှောက် အခုအစောကြီးရှိသေးတယ်။ ပြန်အိပ်လိုက်ဦးနော် လာပါ"

"ဟာဗျာ...ဖိနပ်စီးနေတယ်လေ မမြင်ဘူးလား ။ မနက်အစောကြီး လမ်းထလျှောက်ချင်လို့ပါ မောင်ရေ မတားနဲ့ ..."

လမ်းထလျှောက်ဖို့ စိတ်အားထက်သန်နေသော အလင်းခကိုကြည့်ပြီး သူလွတ်ထားလိုက်သည်။ နံနက်တိုင်း နိုးမှထတတ်သော အကောင်ငယ်လေးက လမ်းလျှောက်ချင်၍အစောကြီးထသည်ကိုကြည့်ပြီး ခွင့်ပြုပေးလိုက်၏။

"ကဲ..ဒါဆိုလည်း အင်္ကျီအထူကြီးဝတ်သွား...။ လူအုပ်ထဲမတိုးနဲ့ တော်ကြာဗိုက်ပေါ်က ချုပ်ရိုးတွေပြန်နာလိမ့်မယ်။ ဦးထုပ်၊လက်အိတ်၊ခြေအိတ်၊ မာဖလာ တစ်ခုမှမမေ့နဲ့နော်..."

"သိပါတယ် မောင်မလိုက်ဘူးလား"

"မပြောမိပါဘူး မင်းကိုဘယ်တုန်းက တစ်ယောက်ထဲလွတ်ဖူးလို့လဲ။ ခဏစောင့် မျက်နှာသစ်ဦးမယ်..."

"ဟုတ် အရမ်းမကြာနဲ့နော် လူအုပ်ကအဝေးကြီးမရောက်ခင် အမီလိုက်ရမယ်..."

"အင်းပါ..."

××××××××××××××××××××××××××××××××

အမိုးအိမ်ရောက်မှ လင်းလက်သူတို့၏ပြောစကားကြားတော့သည်။ ဖခင်ဖြစ်သူက မိမိ၏သားအရင်းမဟုတ်သော သားနှင့် နိုင်ငံခြားထွက်သွားတော့မည်တဲ့...။ ဖခင်ကို နားမလည်နိုင်ဆုံးသူက ထည်ဝါမောင်ပင်။တိမ်ယံလွှာကို ငယ်ငယ်ကတည်းက တစ်ယောက်တည်း ကျွေးမွေးစောင့်ရှောက်လာ၍ မိသားစုအရင်းချာထက် သံယောစဥ်တွယ်နေသည်။

ဒါမှမဟုတ် ဆုံးသွားသည့် တိမ်ယံလွှာ၏မိခင်အားဂတိများပေးသွားတာလား။ ဖခင်ဖြစ်သူက ဘာမှမရှင်းပြသော်လည်း သားအရင်းမဟုတ်သောကလေးတစ်ယောက်အား သည်လောက်ထိစောင့်ရှောက်နိုင်သည်ဆိုတော့...။ တိမ်ယံလွှာ၏ မိခင်ဟာ သူရဲ့ငယ်ချစ်ဦးများလား။ထည်ဝါမောင်အတွက်မေးခွန်းထုတ်စရာဖြစ်နေခဲ့သည်။

မိုးရနောင်ပိုင်က အပါးကိုသံယောဇဥ်ရှိသည်။ အပါးနိုင်ငံခြားထွက်သွားတာလည်း တိမ်ယံလွှာကျောင်းတက်ရန် သွားနေ၍ထင်သည်။ အပါးက သူ့မိသားစုလုံးဝနားမလည်နိုင်သော အရာကိုပြတ်ပြတ်သားသားလုပ်ပြသွားသည်။ ထို့အတူ ကျန်ခဲ့သည့်မိသားစုများကလည်း နားမလည်ခြင်းများစွာနှင့် အေးအေးဆေးဆေးသာကျန်ခဲ့သည်။

"ဘယ်လိုလဲ မင်းဗိုက်ကခွဲထားတယ်ဆို"

အမိုးအိမ်ဘယ်အချိန်သွားသွား သူ့ထက်အရင်ရောက်နှင့်နေသော လွမ်းရိပ်မိုးအား အလင်းခမကျေနပ်ဖြစ်ချင်လာသည်။ ကိုယ်ကယောက္ခမတော်ပြီးသားတောင် ဝေးဝေးတစ်ခါမှရောက်လာတာ။ လွမ်းရိပ်မိုးက ထည်ဝါမောင်အနား တစ်ဝဲလည်လည်လုပ်ပြီး အားရင်အားသလိုရောက်လာသည်။ ဒါကိုမနာလိုဖြစ်မိ၏။ အမိုးအိမ်ကိုပြန်ပြောင်းလာချင်စိတ်တွေက တဖွားဖွား။

"ခွဲတော့ဘာဖြစ်လဲ..."

"ဟေ့ကောင်...ရင့်လှချည်လားကွာ။ ငါဒါလေးမေးတာကို ဘာများဒေါသထွက်စရာရှိလို့လဲ..."

"ငါရော ဘာပြောနေလို့လဲ။ အိန္နြေမရတဲ့ကောင်..."

"ဘာ! ..ဘယ်လို...ဘယ်လို...ဒေါ်အလင်းခ ပြန်ပြောကြည့်..."

"မင်းပထွေးကို ဒေါ်ထည့်ခေါ်စရာလား..."

"ဟ...ခေါ်တော့ မင်းကြီးတော်ဖြစ်သွားလား"

"သူတောင်းစား! လဒ! မင်းပထွေးငါဟ... ဘာမှတ်နေလဲ ယဥ်ယဥ်ကျေးကျေးခေါ်။ မင်းထက်အသက်ကြီးတယ်"

"ဟုတ်ကဲ့ ပထွေး..."

"ငိုးမ...စောက်ခွက်ကိုက..."

အလင်းခသည် မိမိအားနှစ်ဆပြန်စွာနေသော မတော်ရသေးသည့် ယောက်ဖလောင်းလေးအား တစ်စစီကုတ်ဖဲ့ဖြစ်ချင်နေ၏။

"ကဲကဲ...တော်ကြတော့...အလင်းလည်းတော် လွမ်းရိပ်လည်းတော်..။ နှစ်ယောက်လုံးသာဆက်ရှိနေရင် လူကြီးတွေလည်း ဆဲနည်းမျိုးစုံတွေတတ်သွားလိမ့်မယ်"

ထည်ဝါမောင် ဝင်ပြောလိုက်မှ အလင်းခနှာခေါင်းရှုံ့၍ လွမ်းရိပ်မိုးအား ပေစောင်းစောင်းကြည့်လေသည်။

"အရှက်လည်းမရှိဘူး..."

"ဟေ့ကောင်...မင်းဘယ်သူ့ကိုပြောနေတာလဲ..."

"ကြားတဲ့လူကိုပြောတာ..."

"ဟ...ငါဘာဖြစ်နေလို့လဲ..."

"အရှက်မရှိဘူးလေ ရည်းစားပဲဖြစ်သေးတယ် အိန္နြေမရှိဘဲ သူများအိမ်ဝင်ထွက်နေတာကိုပြောတာ"

"ဟက်!..ဟား...ဟား...အလင်းခ မင်းကတော့ ဝေးပြီးရင်းဝေးနေတော့တာပဲ။ ရနောင်မင်းကိုမပြောပြသေးဘူးလား.။ ငါနဲ့ကိုကြီးက စေ့စပ်ပြီးပြီဆိုတာ ဒီလအတွင်းမှာပဲ နေ့ကောင်းရက်မြတ်ရွေးပြီးလက်ထပ်တော့မှာ..."

လွမ်းရိပ်မိုးသည် မျက်နှာပိုးမသတ်နိုင်ဘဲ အားကျမခံပြောနေသောကြောင့် အလင်းခသည် မိုးရနောင်ပိုင်အားဆက်ခနဲလှည့်ကြည့်လေသည်။ လွမ်းရိပ်မိုးအား ပြန်မစွာနိုင်သောအခါဒေါသများက မိုးရနောင်ပိုင်ဆီသာကျရောက်လာသည်။

"ဟဲ... မောင်ပြောမလို့ဘဲ မေ့သွားလို့..."

"ကြည့်...မောင့်ကြောင့် အလင်းအသိနောက်ကျသွားပြီ..."

"နောက်မကျသေးပါဘူး... အခုလာတာလဲ အဲ့ကိစ္စတိုင်ပင်မလို့...။ လွမ်းရိပ်တို့ ဘယ်မှာဆွမ်းကပ်မလဲ..."

"ရနောင်တို့ ကပ်တဲ့ဟော်နန်းကျောင်းမှာပဲကပ်မယ်...။ ပြီးရင် လွယ်တမူဂူသွားပြီး ဆရာတော်သွားကန်တော့မယ်..."

"အင်းကောင်းတာပေါ့... "

"အလင်းလည်းလိုက်မယ်..."

အပိုင်တွက်နေပြီဖြစ်သော အလင်းခအား မခေါ်၍မရ။ နောက်ဆုံးတော့ ခေါ်မည်ပြောမှ အလင်းခစိတ်ပြေသွား၏။ သို့သော်လည်း လွမ်းရိပ်မိုးအား နည်းနည်းလေးမှမကျေနပ်ချေ။

××××××××××××××××××××××××××××××××

ဒီဇင်ဘာနှင်း၏အငွေ့အသက်တွေကြောင့် အပြင်မှာလူတွေခပ်ကျဲကျဲသာမြင်တွေ့ရသည်။ ဒီနေ့ကျမှ မနက်အစောကြီးနိုးပြီး ချယ်ရီကိတ်မုန့်ဖုတ်ချင်စိတ်တွေတဖွားဖွားပေါက်လာသောကြောင့် ဂျုံမုန့်တွေနယ်နေစဥ် တံခါးတွင်ချိတ်ထားသောခေါင်းလောင်းသံ ထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်သည်။

တစ်ကိုယ်လုံးအဖြူရောင်တွေဝတ်ဆင်ထားပြီး လက်အိတ်၊မာဖလာထူကြီးကအစ ဖြူလွလွအရောင်တွေဝတ်ဆင်ထားသောကောင်လေး။ ပိုးဟပ်ဖြူလေးလို ဒီဇင်ဘာနှင်းစက်များထက်လှပနေသောသူ။ တစ်နည်းအားဖြင့် သူ့ရဲ့ရင်ခုန်သံပိုင်ရှင်လေး။

"ဟာ...ညီ...မနက်အစောကြီးပါလား"

"အာ...ဟုတ်တယ်အစ်ကို လေဆိပ်သွားမလို့ တမင်အစောကြီးလာခဲ့တာ။ တခြားနိုင်ငံထွက်မသွားခင်လေး အကို့ရဲ့ကိတ်နဲ့ကော်ဖီအရသာတွေမမေ့အောင် တမင်လာခဲ့တာ..."

"ဟမ်... ညီဘယ်သွားမလို့လဲ"

ဖြူစင်နေသောအပြုံးလေးနှင့် သွားတန်းဖွေးဖွေးလေးတွေ ပေါ်လွင်အောင်ရယ်နေသော သူ့ရဲ့ရင်ခုန်သံလေး။ စည်းချက်မညီတော့သည့် ရင်ခုန်သံများက ပိုးဟပ်ဖြူလေး၏အပြုံးများကြောင့်လား။ဒါမှမဟုတ် မကြာမီထွက်ခွာသွားတော့မည့်ဆိုသော စိုးရိမ်မှုတွေကြောင့်လား သူမသိ။

"ဒီမနက် ၈နာရီခွဲလေယာဥ်နဲ့ ပြည်ပသွားတော့မလို့..."

"သြော်..."

မသိစိတ်ထဲက လှိုင်ခနဲဝမ်းနည်းသွားသည်။ ထိုဝမ်းနည်းမှုတွေက သြော်ဆိုသည့်စကားတစ်လုံးဖြင့် ဖုံးဖိထား၍အမှုန့်ကြိတ်ပစ်လိုက်၏။

"ဟုတ်ကဲ့...အကို ကျွန်တော့်ကို ထုံးစံအတိုင်းလုပ်ပေးပါ။ အေးဆေးစားချင်လို့ အစောကြီးလာခဲ့တာ အကိုမှဆိုင်ဖွင့်ပါ့မလားလို့..."

လျှပ်တပျက်ဝမ်းနည်းမှုများကို အတင်းမျိုချ၍ ပိုးဟပ်ဖြူလေးအတွက် မုန့်တွေပြင်လိုက်သည်။ ပိုးဟပ်ဖြူလေးကတော့ အပြင်မှာဆိုင်းနေသည့် မြှူမှုန်လေးများကိုငေးရင်း ပြုံးနေ၏။

"ရပြီ ညီ... လိုတာရှိရင်ပြောနော်"

"ဟုတ်ကဲ့ အကို...."

တံခွန်သော်သည် မုန့်ပွဲချပေး၍ လှည့်ထွက်လာခဲ့သည်။ ဘာဖြစ်ဖြစ်တစ်စက္ကန့်လောက် ပိုးဟပ်ဖြူလေးရှေ့တွင်ထိုင်ပြီး မျက်နှာတွေငေးကြည့်ချင်သည်။ သူ့လိုမျိုး ကိတ်မုန့်အရသာလေးသတိရအောင် မဟုတ်ဘဲ၊ ထိုအမူအရာများကို ရင်ထဲအမြဲတမ်းသိမ်းထားချင်မိသည်။ ဘာဖြစ်ဖြစ် အပြစ်ကင်းနေသောထိုမျက်နှာလေးကို အမြဲတမ်း အမှတ်ရနေမှာဖြစ်၍ တံခွန်သော် စိတ်ဖြေခဲ့ရ၏။

"အကို ရှင်းမယ်..."

ဖိုးဟပ်ဖြူခေါ်သံကြားမှ ယောင်းယမ်းပြီးသုတ်နေသော လက်နှီးစုတ်ကိုလွတ်ချပြီး ခပ်မြန်မြန်ပြေးလာခဲ့သည်။

"ဘယ်လောက်ကျလဲ အရင်တိုင်းပဲမလား..."

"ဟာ...မရှင်းပါနဲ့ညီ... ရတယ် အကိုကျွေးတယ်လို့သဘောထား"

"မဟုတ်တာဗျာ...ကျွန်တော်က မနက်အစောကြီးလာတော့ အကို့အတွက်အလုပ်ပိုရှုပ်တယ်မလား ဒါကြောင့်ယူလိုက်ပါ"

"မလိုဘူး...ညီနဲ့ အကိုခင်မင်မှုအထိမ်းအမှတ်နဲ့ အကိုကျွေးတယ်လို့ပဲသဘောထားပါ..."

"ခင်မင်မှုတစ်ခုအနေနဲ့ ဒါလေးကျွေးတယ်ဆိုတော့ ကျွန်တော်ကလက်မခံနိုင်ပါဘူး..."

"ဗျာ...အကိုလာလ်ထိုးသလိုဖြစ်သွားပြီလား..."

"မဟုတ်ပါဘူး.. ဒီအစား အကိုနဲ့ဆက်ခင်ချင်လို့ အကို့ဖုန်းနံပါတ်လေးပေးပါလား..."

"ဗျာ...."

"ဘာလဲ မပေးချင်ဘူးလား..."

"အာ...မဟုတ်ပါဘူး။ ဟဲ... ခဏလေးနော်... ညီ့ဖုန်းထဲမှာပဲရေးပေးလိုက်မယ်..."

တံခွန်သော်သည် လက်တွေပါတုန်ချင်လာသလို။ ပိုးဟန်ဖြူ၏ ဖုန်းထဲတွင် မိမိ၏နံပါတ်လေးအားရိုက်ထည့်လိုက်သည်။

"ကျေးဇူးအကို ဟိုရောက်ရင် သူငယ်ချင်းမရှိဘဲ အထီးကျန်နေတဲ့အချိန် အကို့ဆီဖုန်းခေါ်မယ်။ ရတယ်မလား အနှောင့်အယှက်မဖြစ်ဘူးမလား"

"ရတယ်ဘာမှမဖြစ်ဘူး။ ညီအားတဲ့အချိန်ခေါ် အနှောင့်အယှက်မဖြစ်ဘူး"

"ဒါဆို သွားလိုက်ပါဦးမယ်..."

ချလွင်! တံခါးပိတ်သံများပျောက်ပြယ်သွားသည့်အထိ ကျောပြင်သေးသေးလေးအားငေးကြည့်၍ တံခွန်သော်မှင်သက်မိသည်။

"ဒီတစ်ခါတော့ မင်းဖုန်းကိုဆက်ဆက်စောင့်နေမှာမို့ မင်းဘက်က ဖုန်းခေါ်ဖို့မမေ့ပါနဲ့ ညီရာ....ကိုယ်ဆက်ဆက်စောင့်နေမှာမို့..."

သူ၏ကျောပြင်လေးအားငေး၍ ထိုကျောပြင်လေးဟာ နှင်းစက်ဖြူဖြူလေးလို့ တဖြည်းဖြည်းပျော်ကွယ်သွားခဲ့သည်။ တံခွန်သောအကြာကြီးငေးမိ၍ ဖုန်းခေါ်လာမည့်ရက်လေး စောင့်မျော်ရတော့မည်။

××××××××××××××××××××××××××××××××

၃လကြာပြီးနောက်........

ဒေါ်အနွယ်သည် လေဆိပ်တွင်တစ်ယောက်တည်း အထုတ်သယ်ကာ ဗျာများနေသည်။ အကြောင်းမှာ သားငယ်လေးက မြေးလွယ်ထားရပြီဆိုသော သတင်းကောင်းကြောင့် တစ်ညလုံးမအိပ်နိုင်ဘဲ နံနက်အစောကြီးလေဆိပ်ရောက်လာခြင်းဖြစ်သည်။လွိုင်ကော်လေဆိပ်ကပ်တော့လည်း ယူလာသည့်အထုတ်အပိုးတွေမနည်းသယ်သောကြောင့် တစ်ယောက်တည်းမနိုင်မနှင်းဖြစ်နေသည်။

"မာမီရာ...ပေး ဘာလို့အများကြီးယူလာတာလဲ"

လေးလံသောအထုတ်ကိုသယ်ယူပြီး ပြောနေသောသူက အလင်းခရဲ့ခင်ပွန်းဖြစ်သည်။

"မာမီက လိုအပ်မယ့်ဟာတွေယူလာတာ သားငယ်ရော..."

"အလင်းကို အိမ်မှာချန်ထားတယ် အပြင်ထွက်လာတာနဲ့ တစ်ခုမှစိတ်မချနိုင်လို့။ မာမီမသယ်နဲ့တော့ ကျွန်တော်ခြံထဲကအလုပ်သမားတွေခေါ်လာတယ်။ မနေ့ကဖုန်းဆက်တော့ အထုပ်နည်းနည်းများမယ်ဆိုတော့လေ..."

"အေးကွယ်...ဒါဆိုမာမီထားခဲ့ပြီနော်..."

"ထားခဲ့မာမီ အိမ်မှာအစုံဝယ်ထားပြီးပြီ ဘာလို့ရန်ကုန်ကနေ တကူးတကဝယ်လာတာလဲ..."

"သားအချစ် မြေးအနစ်တဲ့။ အပြင်လောကကြီးထဲမှာ ရောက်မလာသေးပေမယ့် အဖွားတိုင်းရဲ့ရင်တွင်းခံစားချက်ကို သားတို့ဘယ်နားလည်မလဲ..."

"ဟုတ်ပါပြီ။ အိမ်မှာ အမိုးကလည်း မနေ့ညကတည်းက လာအိပ်စောင့်တယ် အခုထိမပြန်သေးဘူး"

"အဟင်း...ဖြစ်ရမယ်။ ငါ့မြေးဦးလေးကတော့ အချစ်ခံရဦးမှာ..."

ဒေါ်အနွယ်ပီတိများဖြာဝေလျက် မမွေးသေးသော မြေးဦးအားအချစ်ပိုနေပြီ။ အိမ်ကခင်ပွန်းကို အလင်းခအကြောင်းပြောပြသေးသည်။ ခင်ပွန်းဖြစ်သူက ဂရုမစိုက်သလိုနေသော်လည်း ဒေါ်အနွယ်လေဆိပ်သွားခါနီး ဖင်တယွယွဖြစ်နေသော သူ့အဖြစ်ကဖုံးဖိထား၍ မရတာ သိသာနေ၏။

ဒါကိုသိနေသော်လည်း ခင်ပွန်းဖြစ်သူကို တမင်ပြန်ရွဲ့ချင်သောကြောင့် ဘာမှမပြောဘဲ ဒေါ်အနွယ်သည် လေဆိပ်သို့ ခပ်တည်တည်သာထွက်လာခဲ့၏။ သားကိုဘယ်လောက်ပင် အဆက်ဖြတ်ထားပါစေ မြေးဆိုသည့်အနစ်လေးကိုတော့ မြင်ဖူးချင်ကြတာပဲမဟုတ်ပါလား..။

××××××××××××××××××××××××××××××××

"မာမီ...ဒီနေ့ မြေပဲထမင်းသုတ်စပ်စပ်လေးစားချင်တယ်..."

"Ok...ငါ့သားလေး စားချင်တာအကုန်ရစေရမယ်..."

"အမိုး...ဝက်ခြေထောက်အချဥ်ဟင်းလေး..."

"အိုး...ရတာပေါ့ အမိုးသားမက်လေးအတွက်ပဲကွယ်..."

အလင်းခသည် လိုချင်သမျှဖြည့်ဆည်းပေးသောလူတွေတစ်ပုံကြီးရှိနေသောကြောင့် ကိုယ်ဝန်ဆောင်နေရတာပျော်နေ၏။ ဖြစ်နိုင်လျှင် တစ်သက်လုံးကိုယ်ဝန်ဆောင်ချင်သေးသည်။ အခုတလော အမိုးနှင့်မာမီကလည်း အလိုလိုက် မိုးရနောင်ပိုင်ကလည်း ဆိုးသမျှသည်းခံပြီး မဆူသောကြောင့် အလင်းခဇိမ်ကျနေတော့၏။

"အမိုးနဲ့မာမီရာ...အလင်းကို ပေါက်ကရတွေမကျွေးစမ်းပါနဲ့.။ ညညဗိုက်နာရင်လည်း သားကပဲ ချီသွားချီလာရတာ...ငနဲလေးက ကိုယ်တိုင်ထတာမဟုတ်ဘူး..."

"မောင်နော်...ငြိုငြင်တာလား။ အလင်းက မပေါ့မပါးနဲ့လေ...။ မောင်ကပဲ အိမ်သာထဲမှာချော်လှဲမှာဆိုးလို့ ကိုယ်တိုင်လိုက်ပို့ပြီးမှ..."

"သားရယ်... ဒီလိုကိုယ်ဝန်ဆောင်နေတဲ့အချိန် စားချင်တာတွေစားခိုင်းမှ ကိုယ်ဝန်ဆောင်သူတွေစိတ်ချမ်းသာမှာပေါ့။ ပြီးတော့ ကလေးလဲ အဟာရ ရပြီး ထွားလာမှာပေါ့..."

"ဟုတ်တယ် ဟုတ်တယ်။ သားရနောင် ဒီခံစားချက်ကို သိချင်ရင် ကိုယ်ဝန်ဆောင်ကြည့်လိုက်။ စားချင်တာ မစားလိုက်ရတဲ့ဒုက္ခဘယ်လောက် ကြီးမားသလဲလို့..."

"ဟာဗျာ... သားပြောတာက အလွန်အကျွံမကျွေးနဲ့လို့ ဆရာဝန်လည်းမှာထားတယ် အစပ်တွေသိပ်မစားရဘူးတဲ့..."

"အေးပါ...ဘာမှမသိဘဲနဲ့ ဝင်မပြောနဲ့...။ အလုပ်သွားမယ်ဆို သြော်...ဒိီကလေးကတော့ မနက်ကတည်းကပြောပြီး အခုထိ သားငယ်အနားမှာ တဝဲလည်လည်လုပ်နေတုန်းပဲလား..."

"အမိုးတို့က အလင်းပူဆာသမျှအကုန်မကျွေးနဲ့။ ဒီလိုဆိုရင်အလုပ်သွားရမှာစိတ်မဖြောင့်ဘူး"

မိုးရနောင်ပိုင်သည် သူ့ရင်သွေးအားလွယ်ထားရသော အလင်းခကို တစ်ချက်လေးပင်စိတ်မချပေ။ အလုပ်သွားမည်ဟု နေ့တိုင်းပြောသော်လည်း မာမီနှင့်အမိုးအားစိတ်မချ၍ မသွားဖြစ်သည့်ရက်များကမနည်းတော့။

ခြံထဲတွင် မိမိစိုက်ခင်းကိုပါ တာဝန်ယူနေရသောအစ်ကိုဖြစ်သူကလည်း "ရနောင်တစ်ယောက် အလင်းခဗိုက်ကြီးနေတာလား သူ ဗိုက်ကြီးနေသလားမသဲကွဲဘူး။အလုပ်ပစ်ထားပြီး အိမ်မှာပဲနေတယ်"ဟူ၍ ခဏခဏအတင်းပြောသေးသည်။

"သား...အလုပ်မသွားတာ ဘယ်နှစ်ရက်ရှိပြီလဲ.. အလုပ်မသွားရင်လည်း ပိုက်ဆံလေးတော့သွားသိမ်းလာခဲ့..။ ဒီရက်သားကြီးက ကြက်မောက်သီးတွေအကုန်ခူးပြီတဲ့..."

"သွားမှာပါ...ဒါပေမယ့် အလင်း အစပ်တွေအရမ်းမစားနဲ့ ရပ်ကွက်လှည့်ပြီးရောင်းတဲ့အသုပ်တွေ မာမီ့ကိုခဏခဏထွက်ဝယ်ခိုင်းတာ မောင်သိတယ်နော်..."

"အလင်းက စားချင်တာကို..."

"ဘာဖြစ်ဖြစ် မစားရဘူး။ စားချင်ရင် ခြံထဲကအသီးတွေခူးလာမယ် ပြီးမှ အမိုးတို့ကိုသုတ်ခိုင်း..."

"မာမီနဲ့အမိုးသာမရှိရင် အလင်းငတ်မှာမြင်ယောင်နေပြီ...။ ဒါကြောင့် အမိုးနဲ့မာမီ အိမ်မပြန်ဘဲ အလင်းနဲ့အတူ တစ်သက်လုံးနေနော်..."

"အဟင်း...အေးပါကွယ်။ဟင်း... နောက်ထပ်မြေးလေးတွေရတဲ့အထိ မြေးအထိန်းတော်အဖြစ်နေမယ်..."

××××××××××××××××××××××××××××××××

လက်မောင်းပေါ်တွင် ခေါင်းအုံးလုပ်အိပ်ပစ်၍ ညင်သာမှုမရှိသော အနမ်းတို့ကတစ်စ,တစ်,စနက်ရှိုင်းလာသည်။ အသက်ရှုကျပ်လာသည်နှင့်အမျှ မိုးရနောင်ပိုင်၏ ခါးအင်္ကျီစကိုတင်းတင်းဆုပ်ထားရင်းမှ ရင်ဘက်ကိုတွန်းပစ်သည်။

"အသက်ရှုကြပ်နေပြီ။ မောင့်ယောက်ျားက ကိုယ်ဝန်နဲ့ဆိုတာလည်း သတိထားဦး..."

အသက်ပြင်းပြင်းရှုရင်း ဆူပွပွလုပ်နေသောအလင်းခသည် ရင်ခွင်ထဲတွင်မျက်နှာအပ်၍စိတ်တိုနေ၏။

"Sorryပါ... မောင်စိတ်လွတ်သွားလို့ အလင်းနဲ့ထိတွေ့ရင် မောင့်စိတ်တွေခဏခဏလွတ်တယ်"

"နောက်ဆိုသတိထား။ အသက်ရှုကြပ်ရင် ကလေးအတွက်လဲမကောင်းဘူး..."

"ဟမ်... စနမ်းတာဘယ်သူလဲ။ မောင့်ကိုအရင်လာကလိတာ ဘယ်သူလဲ..."

"မောင်ကလည်း အလင်းကနမ်းချင်တာကို။ ဒါပေမယ့်မောင်က အရမ်းလွန်လွန်းတယ်လေ "

"ဟုတ်ပါပြီ ဒီတစ်ခါနမ်းရင်မကြမ်းတော့ဘူး။ ညင်ညင်သာသာလေးနမ်းမယ်..."

"ဟာ...မနမ်းတော့ဘူး။ ဟိုးဖက်တိုးနေ ခဏနေကျ ကလေးအသက်ရှုပ်ကြပ်မယ်..."

"တစ်ခါလေးပဲကွာ..."

"မရဘူးလို့..."

"တကယ် ဒီတစ်ခါလေးပဲလုပ်ပါ။ ဒီနူတ်ခမ်းလေးတွေကိုချစ်လို့..."

အလင်းခ၏ခါးသေးသေးလေးကို တင်းကြပ်စွာဆွဲပွေ့ထား၍ မိုးရနောင်ပိုင် မျက်နှာချိုသွေးကာပူဆာသည်။

"မောင်နော်... အပြင်မှာထွက်အိပ်ချင်လို့လား..."

"ကဲကဲ...ဟုတ်ပါပြီ...မထိတော့ဘူးနော်။ ဒါပေမယ့် မောင့်ရင်သွေးလေးနဲ့စကားပြောမယ်" ဟု ပြောရာ အလင်းခ၏ဗိုက်ပူပူအနားကပ်၍ နားထောင်လိုက်သည်။

"ကလေးလေး...အပါးရဲ့ကလေး အထဲမှာနေကောင်းလား"

မိုးရနောင်ပိုင်သည် သည်လိုနေ့တိုင်းပြောနေကျဖြစ်သောကြောင့် အလင်းခအတွက်ရိုးနေပြီ။ တစ်ခါတစ်လေ ဗိုက်ပူပူလေးကိုလှန်ပြီး ဖွဖွလေးဖိကပ်နမ်းသေး၏။

"ဘယ်တော့မှ အပြင်ထွက်လာမလဲ..."

"မောင်ရူးနေလား... အချိန်တန်ရင်ထွက်မှာပေါ့...။ အဲ့လိုသွားမေးရင် ကလေးကဖြေနိုင်မှာမဟုတ်ဘူး..."

"အပါးရဲ့ကလေးလေးရေ....ကလေးလေးရဲ့ ပါးပါးက အထဲမှာအကြာကြီးမနေနဲ့တဲ့ အပြင်မြန်မြန်ထွက်လာတဲ့..."

".................."

"ပါးပါးအစား အပါးတောင်းပန်ပါတယ် အစပ်နေတိုင်းစားလို့ ကလေးလေးပူနေပြီမလား။ ကလေးအစားအပါး....အရင်တွေပူနေ...နေ....အာ့!.."

မိုးရနောင်ပိုင်စကားမဆုံးသေးခင်မှာဘဲ နားရွက်လိမ်ဆွဲခံရသောကြောင့် ခုတင်ပေါ်က ပြေးဆင်းကာ နားရွက်ကိုအုပ်ထားလိုက်သည်။

"အလင်းရာ ဘာလုပ်တာလဲ...။ နာလိုက်တာ"

"နားရွက်ပြုတ်ထွက်မသွားတာကိုပဲ ကျေးဇူးတင်...။ ဘယ့်နှယ့် သားအဖကြားသွေးလာမခွဲနဲ့...။ အစပ်စားတာက ကလေးလည်းအစပ်ကြိုက်လို့ပေါ့ ငဒူရဲ့..."

ထိုအခါမှ မိုးရနောင်ပိုင်သည် အလင်းခ၏ အနားတွင်ချည်းကပ်လာပြီး ကိုယ်လုံးလေးအားပွေ့ယူလိုက်သည်။

"ဟုတ်ပါပြီဗျာ...။ မောင်တို့ကလေးက အလင်းတူ ကလေးလေးပေါ့...။ အပါးနဲ့တူရင်ချောမှာ အလင်းနဲ့တူရင်...."

"ဘာလဲ...အလင်းနဲ့တူရင်..."

"အလင်းနဲ့တူရင် ရွှေလက်ဝါးမျောက်လိုလိုက်ထိန်း...ထိန်း....."

"ဘာပြောတယ်..."

" ချစ်စရာကောင်းမယ်လို့...။ မောင့်ရဲ့အသည်းမွှာလေးပေါ့ဆို..."

"အဲ့လိုပြော..."

မျက်စောင်းနှင့် ခဏခဏပစ်ကျွေးသော အလင်းခအား တင်းတင်းပွေ့ဖက်ထားသည့်ခဏ ရင်သွေးငယ်လေးရဲ့ အငွေ့အသက်များခံစားမိလာသည်။ ဒီခံစားချက်ဟာ နွေးထွေးသည်။ အရမ်းကိုနွေးထွေးပြီး ကြည်နူးရသည်။

အိပ်ယာမဝင်ခင် မိမိ၏လော်စပီလာလေး အသံထွက်အောင် တမင်စ,ပြီးမှ အိပ်ယာဝင်တတ်သည်။ ကိုယ်ချစ်သောသူနှင့် နှစ်ယောက်တစ်ကမ္ဘာတည်ထောင်ပြီး ရင်သွေးလေးများမွေးမည်။ သာယာသောမိသားစုတစ်ခုအဖြစ် ရပ်တည်မည်။ အလင်းခအတွက် အားကိုးအားထားရာဖြစ်စေရမည်။ ရင်သွေးလေးအတွက် လုံခြုံသောခိုလှုံရာလေးဖြစ်စေရမည်။

"မောင့်ရဲ့ကမ္ဘာက ဘယ်လိုပုံစံလဲ... "

"ကျွန်တော့်ရဲ့ကမ္ဘာလေးက တစ်ခါတစ်လေ ကလေးဆန်ပြီး၊ တစ်ခါတစ်ရံ ကြည်နူးမှုတွေနဲ့ပြည့်နှက်နေတယ်"

"မောင်ရဲ့အမြတ်နိုးရဆုံးအရာကရော"

"ကျွန်တော့်ရဲ့ မြတ်နိုးဆုံးအရာက ကျွန်တော်ရဲ့ဘဝပါပဲ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ဘဝထဲကို အလင်းခဆိုတဲ့လူသားလေး ဝင်လာခဲ့လို့လေ"

"မောင် ဘယ်အရာကိုအကျေနပ်ဆုံးလဲ"

"ကျွန်တော်ရဲ့အလင်းကို ပိုင်ဆိုင်ခွင့်ရတာ အကျေနပ်ဆုံးပါပဲဗျာ....။ "

ချစ်ရသူကို အကြာကြီးပြုံ့းပြကာ ငေးကြည့်မိတော့သည်။

"မောင် ဘာတွေငေးနေတာလဲ..."

"ဘာမှမဟုတ်ပါဘူး။ အိပ်ရအောင်"

ညမီးအိမ်မှိန်မှိန်လေးဆီက အလင်းတန်းလေးက မိုးရနောင်ပိုင်တို့အတွက်လုံလောက်သော အလင်းတန်တ်ခု။ မကြာမီ သူတို့ဘဝထဲ ဝင်ရောက်လာတော့မည့် ကလေးနှင့် တွေ့ဆုံ၍ အိပ်မက်ထဲတွင်စကားပြောကြတော့သည်။

××××××××××××××××××××××××××××××

ကယားပြည်နယ် ကိန္နရဝတီ ငွေတောင်ပြည်အား လူတစ်ပိုင်းငှက်တစ်ပိုင်းဖြစ်သော ကိန္နရီကိန္နရာမောင်နှံတို့က ဖွက်ထားသောမြို့ဖြစ်သည်တဲ့...။ ထိုမြို့ထဲက ကယားတိုင်းရင်းသားလေးနှင့် ဆုံတွေ့ခွင့်ရခဲ့သည့်သူ့အတွက် ကံကောင်းသည်ဟုဆိုရမည်လား။

မောင်နှင့် တောင်ကွဲစေတီတက်ခဲ့ဖူးသည်။ အတွဲမျာကွဲမှာ မကြောက်၍လားလို့မေးလျှင် အလင်းခ "မကြောက်ပါဘူး" လို့ဖြေမိမည်။ တောင်ကွဲစေတီကို ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါရောက်ရောက် မေတ္တာပေါင်းကူးတံတားလေးများ ရှိနေသ၍ တော့ အလင်းခနှင့်မောင် ဘယ်တော့မှကွဲမှာမဟုတ်ပါဘူး။

ဘီလူးချောင်းရေတွေ ကုန်ခမ်းတာမြင်ဖူးလား။ အရင်က ဘယ်တုန်းကမှမခမ်းခဲ့သလို နောက်နောင်ဘယ်တော့မှခမ်းမှာမဟုတ်ပါဘူး။ ထို့သို့လိုပင် အလင်းခနှင့် မောင်တို့ကြားက အချစ်များတွေဘယ်တော့မှ ကုန်ခမ်းသွားမှာမဟုတ်ပါဘူး...။

မောင်တို့ရဲ့ ဌာနီမှာ ဒီလူသားကမောင်နှင့်အတူ အမြဲတမ်းပျော်ရွှင်စွာ နေထိုင်သွားမည်။

အလင်းခဆိုသောလူသားလေးက မောင်ဆိုသောလူသားရဲ့ဘဝထဲတွင် အမြဲတမ်းလင်းလက်တောက်ပနေသော ငွေမှုန်ကြယ်လေးတစ်ပွင့်။ မောင့်အတွက်လုံလောက်သော အလင်းတန်းလေးတစ်ခု။ ဘယ်တော့မှ ပျောက်ကွယ်မသွားတဲ့ မောင့်ရဲ့အလင်း...။

---------------------THE END-----------------

'ေစာေစာအိပ္လို႔ ေစာေစာထလို႔ ေစာေစာလမ္းေလွ်ာက္ၾကပါဆို႔'

နံနက္(၄)နာရီထိုးၿပီဆိုသည္ႏွင့္ ရပ္ကြက္လူႀကီးေတြ ေလာ္စပီကာျဖင့္ လိုက္လႈံ႕ေဆာ္သည္။ ဒါက ဒီဇင္ဘာလတိုင္း လြိုင္ေကာ္ၿမိဳ႕သူၿမိဳ႕သားမ်ား လမ္းထေလွ်ာက္တက္သည့္ အခ်ိန္အခါျဖစ္သည္။ တစ္ၿမိဳ႕လုံး မနက္ေစာစာထ၍ တညီတၫြတ္လမ္းထေလွ်ာက္ၾကသည္။

မိမိရပ္ကြက္ထဲက မွိန္းလမ္းမအတိုင္းေလွ်ာက္ၿပီး လြိုင္ေကာ္ၿမိဳ႕လယ္ေခါင္အနားရွိ ၿမိဳ႕နာမ္ေစတီ၊ တစ္နည္းအားျဖင့္ နာရီစင္အနားတြင္ ဝိုင္းရံကာ တစုတစည္းတည္း ကိုယ္လက္ေလ့က်င့္ခန္းလုပ္ၾကသည္။ ရပ္ကြက္အသီးသီးကလူေတြ စုံၿပီဆိုလွ်င္ သီခ်င္းဖြင့္၍ကိုယ္ကာယေလ့က်င့္ခန္းလုပ္၏။

မနက္၆နာရီခြဲအထိလုပ္ၿပီး လာရာလွမ္းအတိုင္း ျပန္သြားၾကသည္။ ဒါကိုၾကည့္သည္ႏွင့္ လြိုင္ေကာ္ၿမိဳ႕သူၿမိဳ႕သားမ်ားက က်န္းမာေရးလိုက္စားသည္ဆိုတာ သိသာေန၏။

အလင္းခသည္လည္း နံနက္ခင္းတိုင္း ထိုအသံၾကားတိုင္း လမ္းထေလွ်ာက္ခ်င္သည္။ သို႔ေသာ္လည္း ဗိုက္ခြဲထားတာအနာမက်က္ေသးေသာေၾကာင့္ ေမာင့္ကိုမေျပာရဲေသး။ ေမာင္ကလည္း ႏွစ္တိုင္းထေလွ်ာက္လို႔ ဒီႏွစ္လည္းထခ်င္ေနသည္။ သို႔ေသာ္ အလင္းခအိမ္မွာက်န္ေနခဲ့မည္ကို စိတ္ကမခ်။

အလင္းခ၏ဗိုက္က အနာမ်ားလည္းက်က္ေနၿပီ။ ရပ္ကြက္လူႀကီးလႈံ႕ေဆာ္သံၾကားသည္ႏွင့္ ေစာင္ေအာက္က ကမန္းကတန္းေျပးထ၍ ျပတင္းေပါက္ေျပးဖြင့္သည္။ ထို႔အတူ မိုးရေနာင္ပိုင္သည္လည္း နိုးလာ၍ အလင္းခဘာလုပ္မလဲ လိုက္ၾကည့္ေန၏။

အလင္းခသည္ ေရခ်ိဳးခန္းထဲဝင္၍ ေရေႏြးျဖင့္မ်က္ႏွာသစ္ကာ အားကစားအကၤ်ီမ်ားဝတ္ဆင္လိုက္သည္။ ထို႔ေနာက္ ဗီရိုေအာက္ဆုံးထပ္မွာ ထည့္ထားသည့္ အားကစားေဘာဖိနပ္ကိုေကာက္စြတ္လိုက္၏။

"အလင္း မနက္အေစာႀကီး ဘယ္သြားမလို႔လဲ..."

"ဟိုမွာေလ ရပ္ကြက္လူႀကီးေနာက္မွာ လမ္းေလွ်ာက္ထြက္ၾကတဲ့ လူအုပ္စုေတြအမ်ားႀကီး...အလင္းလည္း လိုက္သြားမလို႔..."

"အေစာႀကီး ၿပီးေတာ့ေအးလည္းေအးတယ္။ မသြားနဲ႕ နာရီစင္အထိဆို အရမ္းေဝးတယ္ ။ ဒီၾကားတျခားရပ္ကြက္ပါ ပတ္သြားရဦးမွာ..."

"ဘာျဖစ္လဲ အလင္းကိုၾကည့္ အဆီေတြပိလို႔ ဝက္ျဖစ္ေတာ့မယ္ ။ ဒီတစ္ခါေတာ့ သူမ်ားလိုမ်ိဳး လမ္းေလွ်ာက္ထြက္ခ်င္တယ္..."

မိုးရေနာင္ပိုင္သည္ ကိုယ္ေပၚကေစာင္မ်ားကို ဖယ္လိုက္၍ အလင္းခရွိသည့္ ခုတင္ေျခရင္းတြင္ဝင္ထိုင္သည္။ ၿပီးေနာက္ အလင္းခေဘာဖိနပ္တစ္ဖက္ကို ေကာက္ကိုင္၏။

"ဒါဆိုလည္း ေမာင္နဲ႕မိုးလင္းက်မွေလွ်ာက္ အခုအေစာႀကီးရွိေသးတယ္။ ျပန္အိပ္လိုက္ဦးေနာ္ လာပါ"

"ဟာဗ်ာ...ဖိနပ္စီးေနတယ္ေလ မျမင္ဘူးလား ။ မနက္အေစာႀကီး လမ္းထေလွ်ာက္ခ်င္လို႔ပါ ေမာင္ေရ မတားနဲ႕ ..."

လမ္းထေလွ်ာက္ဖို႔ စိတ္အားထက္သန္ေနေသာ အလင္းခကိုၾကည့္ၿပီး သူလြတ္ထားလိုက္သည္။ နံနက္တိုင္း နိုးမွထတတ္ေသာ အေကာင္ငယ္ေလးက လမ္းေလွ်ာက္ခ်င္၍အေစာႀကီးထသည္ကိုၾကည့္ၿပီး ခြင့္ျပဳေပးလိုက္၏။

"ကဲ..ဒါဆိုလည္း အကၤ်ီအထူႀကီးဝတ္သြား...။ လူအုပ္ထဲမတိုးနဲ႕ ေတာ္ၾကာဗိုက္ေပၚက ခ်ဳပ္ရိုးေတြျပန္နာလိမ့္မယ္။ ဦးထုပ္၊လက္အိတ္၊ေျခအိတ္၊ မာဖလာ တစ္ခုမွမေမ့နဲ႕ေနာ္..."

"သိပါတယ္ ေမာင္မလိုက္ဘူးလား"

"မေျပာမိပါဘူး မင္းကိုဘယ္တုန္းက တစ္ေယာက္ထဲလြတ္ဖူးလို႔လဲ။ ခဏေစာင့္ မ်က္ႏွာသစ္ဦးမယ္..."

"ဟုတ္ အရမ္းမၾကာနဲ႕ေနာ္ လူအုပ္ကအေဝးႀကီးမေရာက္ခင္ အမီလိုက္ရမယ္..."

"အင္းပါ..."

××××××××××××××××××××××××××××××××

အမိုးအိမ္ေရာက္မွ လင္းလက္သူတို႔၏ေျပာစကားၾကားေတာ့သည္။ ဖခင္ျဖစ္သူက မိမိ၏သားအရင္းမဟုတ္ေသာ သားႏွင့္ နိုင္ငံျခားထြက္သြားေတာ့မည္တဲ့...။ ဖခင္ကို နားမလည္နိုင္ဆုံးသူက ထည္ဝါေမာင္ပင္။တိမ္ယံလႊာကို ငယ္ငယ္ကတည္းက တစ္ေယာက္တည္း ေကြၽးေမြးေစာင့္ေရွာက္လာ၍ မိသားစုအရင္းခ်ာထက္ သံေယာစဥ္တြယ္ေနသည္။

ဒါမွမဟုတ္ ဆုံးသြားသည့္ တိမ္ယံလႊာ၏မိခင္အားဂတိမ်ားေပးသြားတာလား။ ဖခင္ျဖစ္သူက ဘာမွမရွင္းျပေသာ္လည္း သားအရင္းမဟုတ္ေသာကေလးတစ္ေယာက္အား သည္ေလာက္ထိေစာင့္ေရွာက္နိုင္သည္ဆိုေတာ့...။ တိမ္ယံလႊာ၏ မိခင္ဟာ သူရဲ႕ငယ္ခ်စ္ဦးမ်ားလား။ထည္ဝါေမာင္အတြက္ေမးခြန္းထုတ္စရာျဖစ္ေနခဲ့သည္။

မိုးရေနာင္ပိုင္က အပါးကိုသံေယာဇဥ္ရွိသည္။ အပါးနိုင္ငံျခားထြက္သြားတာလည္း တိမ္ယံလႊာေက်ာင္းတက္ရန္ သြားေန၍ထင္သည္။ အပါးက သူ႕မိသားစုလုံးဝနားမလည္နိုင္ေသာ အရာကိုျပတ္ျပတ္သားသားလုပ္ျပသြားသည္။ ထို႔အတူ က်န္ခဲ့သည့္မိသားစုမ်ားကလည္း နားမလည္ျခင္းမ်ားစြာႏွင့္ ေအးေအးေဆးေဆးသာက်န္ခဲ့သည္။

"ဘယ္လိုလဲ မင္းဗိုက္ကခြဲထားတယ္ဆို"

အမိုးအိမ္ဘယ္အခ်ိန္သြားသြား သူ႕ထက္အရင္ေရာက္ႏွင့္ေနေသာ လြမ္းရိပ္မိုးအား အလင္းခမေက်နပ္ျဖစ္ခ်င္လာသည္။ ကိုယ္ကေယာကၡမေတာ္ၿပီးသားေတာင္ ေဝးေဝးတစ္ခါမွေရာက္လာတာ။ လြမ္းရိပ္မိုးက ထည္ဝါေမာင္အနား တစ္ဝဲလည္လည္လုပ္ၿပီး အားရင္အားသလိုေရာက္လာသည္။ ဒါကိုမနာလိုျဖစ္မိ၏။ အမိုးအိမ္ကိုျပန္ေျပာင္းလာခ်င္စိတ္ေတြက တဖြားဖြား။

"ခြဲေတာ့ဘာျဖစ္လဲ..."

"ေဟ့ေကာင္...ရင့္လွခ်ည္လားကြာ။ ငါဒါေလးေမးတာကို ဘာမ်ားေဒါသထြက္စရာရွိလို႔လဲ..."

"ငါေရာ ဘာေျပာေနလို႔လဲ။ အိေႏၷျမရတဲ့ေကာင္..."

"ဘာ! ..ဘယ္လို...ဘယ္လို...ေဒၚအလင္းခ ျပန္ေျပာၾကည့္..."

"မင္းပေထြးကို ေဒၚထည့္ေခၚစရာလား..."

"ဟ...ေခၚေတာ့ မင္းႀကီးေတာ္ျဖစ္သြားလား"

"သူေတာင္းစား! လဒ! မင္းပေထြးငါဟ... ဘာမွတ္ေနလဲ ယဥ္ယဥ္ေက်းေက်းေခၚ။ မင္းထက္အသက္ႀကီးတယ္"

"ဟုတ္ကဲ့ ပေထြး..."

"ငိုးမ...ေစာက္ခြက္ကိုက..."

အလင္းခသည္ မိမိအားႏွစ္ဆျပန္စြာေနေသာ မေတာ္ရေသးသည့္ ေယာက္ဖေလာင္းေလးအား တစ္စစီကုတ္ဖဲ့ျဖစ္ခ်င္ေန၏။

"ကဲကဲ...ေတာ္ၾကေတာ့...အလင္းလည္းေတာ္ လြမ္းရိပ္လည္းေတာ္..။ ႏွစ္ေယာက္လုံးသာဆက္ရွိေနရင္ လူႀကီးေတြလည္း ဆဲနည္းမ်ိဳးစုံေတြတတ္သြားလိမ့္မယ္"

ထည္ဝါေမာင္ ဝင္ေျပာလိုက္မွ အလင္းခႏွာေခါင္းရႈံ႕၍ လြမ္းရိပ္မိုးအား ေပေစာင္းေစာင္းၾကည့္ေလသည္။

"အရွက္လည္းမရွိဘူး..."

"ေဟ့ေကာင္...မင္းဘယ္သူ႕ကိုေျပာေနတာလဲ..."

"ၾကားတဲ့လူကိုေျပာတာ..."

"ဟ...ငါဘာျဖစ္ေနလို႔လဲ..."

"အရွက္မရွိဘူးေလ ရည္းစားပဲျဖစ္ေသးတယ္ အိေႏၷျမရွိဘဲ သူမ်ားအိမ္ဝင္ထြက္ေနတာကိုေျပာတာ"

"ဟက္!..ဟား...ဟား...အလင္းခ မင္းကေတာ့ ေဝးၿပီးရင္းေဝးေနေတာ့တာပဲ။ ရေနာင္မင္းကိုမေျပာျပေသးဘူးလား.။ ငါနဲ႕ကိုႀကီးက ေစ့စပ္ၿပီးၿပီဆိုတာ ဒီလအတြင္းမွာပဲ ေန႕ေကာင္းရက္ျမတ္ေ႐ြးၿပီးလက္ထပ္ေတာ့မွာ..."

လြမ္းရိပ္မိုးသည္ မ်က္ႏွာပိုးမသတ္နိုင္ဘဲ အားက်မခံေျပာေနေသာေၾကာင့္ အလင္းခသည္ မိုးရေနာင္ပိုင္အားဆက္ခနဲလွည့္ၾကည့္ေလသည္။ လြမ္းရိပ္မိုးအား ျပန္မစြာနိုင္ေသာအခါေဒါသမ်ားက မိုးရေနာင္ပိုင္ဆီသာက်ေရာက္လာသည္။

"ဟဲ... ေမာင္ေျပာမလို႔ဘဲ ေမ့သြားလို႔..."

"ၾကည့္...ေမာင့္ေၾကာင့္ အလင္းအသိေနာက္က်သြားၿပီ..."

"ေနာက္မက်ေသးပါဘူး... အခုလာတာလဲ အဲ့ကိစၥတိုင္ပင္မလို႔...။ လြမ္းရိပ္တို႔ ဘယ္မွာဆြမ္းကပ္မလဲ..."

"ရေနာင္တို႔ ကပ္တဲ့ေဟာ္နန္းေက်ာင္းမွာပဲကပ္မယ္...။ ၿပီးရင္ လြယ္တမူဂူသြားၿပီး ဆရာေတာ္သြားကန္ေတာ့မယ္..."

"အင္းေကာင္းတာေပါ့... "

"အလင္းလည္းလိုက္မယ္..."

အပိုင္တြက္ေနၿပီျဖစ္ေသာ အလင္းခအား မေခၚ၍မရ။ ေနာက္ဆုံးေတာ့ ေခၚမည္ေျပာမွ အလင္းခစိတ္ေျပသြား၏။ သို႔ေသာ္လည္း လြမ္းရိပ္မိုးအား နည္းနည္းေလးမွမေက်နပ္ေခ်။

××××××××××××××××××××××××××××××××

ဒီဇင္ဘာႏွင္း၏အေငြ႕အသက္ေတြေၾကာင့္ အျပင္မွာလူေတြခပ္က်ဲက်ဲသာျမင္ေတြ႕ရသည္။ ဒီေန႕က်မွ မနက္အေစာႀကီးနိုးၿပီး ခ်ယ္ရီကိတ္မုန့္ဖုတ္ခ်င္စိတ္ေတြတဖြားဖြားေပါက္လာေသာေၾကာင့္ ဂ်ဳံမုန့္ေတြနယ္ေနစဥ္ တံခါးတြင္ခ်ိတ္ထားေသာေခါင္းေလာင္းသံ ထြက္ေပၚလာ၍ လွည့္ၾကည့္လိုက္သည္။

တစ္ကိုယ္လုံးအျဖဴေရာင္ေတြဝတ္ဆင္ထားၿပီး လက္အိတ္၊မာဖလာထူႀကီးကအစ ျဖဴလြလြအေရာင္ေတြဝတ္ဆင္ထားေသာေကာင္ေလး။ ပိုးဟပ္ျဖဴေလးလို ဒီဇင္ဘာႏွင္းစက္မ်ားထက္လွပေနေသာသူ။ တစ္နည္းအားျဖင့္ သူ႕ရဲ႕ရင္ခုန္သံပိုင္ရွင္ေလး။

"ဟာ...ညီ...မနက္အေစာႀကီးပါလား"

"အာ...ဟုတ္တယ္အစ္ကို ေလဆိပ္သြားမလို႔ တမင္အေစာႀကီးလာခဲ့တာ။ တျခားနိုင္ငံထြက္မသြားခင္ေလး အကို႔ရဲ႕ကိတ္နဲ႕ေကာ္ဖီအရသာေတြမေမ့ေအာင္ တမင္လာခဲ့တာ..."

"ဟမ္... ညီဘယ္သြားမလို႔လဲ"

ျဖဴစင္ေနေသာအၿပဳံးေလးႏွင့္ သြားတန္းေဖြးေဖြးေလးေတြ ေပၚလြင္ေအာင္ရယ္ေနေသာ သူ႕ရဲ႕ရင္ခုန္သံေလး။ စည္းခ်က္မညီေတာ့သည့္ ရင္ခုန္သံမ်ားက ပိုးဟပ္ျဖဴေလး၏အၿပဳံးမ်ားေၾကာင့္လား။ဒါမွမဟုတ္ မၾကာမီထြက္ခြာသြားေတာ့မည့္ဆိုေသာ စိုးရိမ္မႈေတြေၾကာင့္လား သူမသိ။

"ဒီမနက္ ၈နာရီခြဲေလယာဥ္နဲ႕ ျပည္ပသြားေတာ့မလို႔..."

"ေၾသာ္..."

မသိစိတ္ထဲက လွိုင္ခနဲဝမ္းနည္းသြားသည္။ ထိုဝမ္းနည္းမႈေတြက ေၾသာ္ဆိုသည့္စကားတစ္လုံးျဖင့္ ဖုံးဖိထား၍အမႈန့္ႀကိတ္ပစ္လိုက္၏။

"ဟုတ္ကဲ့...အကို ကြၽန္ေတာ့္ကို ထုံးစံအတိုင္းလုပ္ေပးပါ။ ေအးေဆးစားခ်င္လို႔ အေစာႀကီးလာခဲ့တာ အကိုမွဆိုင္ဖြင့္ပါ့မလားလို႔..."

လွ်ပ္တပ်က္ဝမ္းနည္းမႈမ်ားကို အတင္းမ်ိဳခ်၍ ပိုးဟပ္ျဖဴေလးအတြက္ မုန့္ေတြျပင္လိုက္သည္။ ပိုးဟပ္ျဖဴေလးကေတာ့ အျပင္မွာဆိုင္းေနသည့္ ျမႇူမႈန္ေလးမ်ားကိုေငးရင္း ၿပဳံးေန၏။

"ရၿပီ ညီ... လိုတာရွိရင္ေျပာေနာ္"

"ဟုတ္ကဲ့ အကို...."

တံခြန္ေသာ္သည္ မုန့္ပြဲခ်ေပး၍ လွည့္ထြက္လာခဲ့သည္။ ဘာျဖစ္ျဖစ္တစ္စကၠန့္ေလာက္ ပိုးဟပ္ျဖဴေလးေရွ႕တြင္ထိုင္ၿပီး မ်က္ႏွာေတြေငးၾကည့္ခ်င္သည္။ သူ႕လိုမ်ိဳး ကိတ္မုန့္အရသာေလးသတိရေအာင္ မဟုတ္ဘဲ၊ ထိုအမူအရာမ်ားကို ရင္ထဲအၿမဲတမ္းသိမ္းထားခ်င္မိသည္။ ဘာျဖစ္ျဖစ္ အျပစ္ကင္းေနေသာထိုမ်က္ႏွာေလးကို အၿမဲတမ္း အမွတ္ရေနမွာျဖစ္၍ တံခြန္ေသာ္ စိတ္ေျဖခဲ့ရ၏။

"အကို ရွင္းမယ္..."

ဖိုးဟပ္ျဖဴေခၚသံၾကားမွ ေယာင္းယမ္းၿပီးသုတ္ေနေသာ လက္ႏွီးစုတ္ကိုလြတ္ခ်ၿပီး ခပ္ျမန္ျမန္ေျပးလာခဲ့သည္။

"ဘယ္ေလာက္က်လဲ အရင္တိုင္းပဲမလား..."

"ဟာ...မရွင္းပါနဲ႕ညီ... ရတယ္ အကိုေကြၽးတယ္လို႔သေဘာထား"

"မဟုတ္တာဗ်ာ...ကြၽန္ေတာ္က မနက္အေစာႀကီးလာေတာ့ အကို႔အတြက္အလုပ္ပိုရႈပ္တယ္မလား ဒါေၾကာင့္ယူလိုက္ပါ"

"မလိုဘူး...ညီနဲ႕ အကိုခင္မင္မႈအထိမ္းအမွတ္နဲ႕ အကိုေကြၽးတယ္လို႔ပဲသေဘာထားပါ..."

"ခင္မင္မႈတစ္ခုအေနနဲ႕ ဒါေလးေကြၽးတယ္ဆိုေတာ့ ကြၽန္ေတာ္ကလက္မခံနိုင္ပါဘူး..."

"ဗ်ာ...အကိုလာလ္ထိုးသလိုျဖစ္သြားၿပီလား..."

"မဟုတ္ပါဘူး.. ဒီအစား အကိုနဲ႕ဆက္ခင္ခ်င္လို႔ အကို႔ဖုန္းနံပါတ္ေလးေပးပါလား..."

"ဗ်ာ...."

"ဘာလဲ မေပးခ်င္ဘူးလား..."

"အာ...မဟုတ္ပါဘူး။ ဟဲ... ခဏေလးေနာ္... ညီ့ဖုန္းထဲမွာပဲေရးေပးလိုက္မယ္..."

တံခြန္ေသာ္သည္ လက္ေတြပါတုန္ခ်င္လာသလို။ ပိုးဟန္ျဖဴ၏ ဖုန္းထဲတြင္ မိမိ၏နံပါတ္ေလးအားရိုက္ထည့္လိုက္သည္။

"ေက်းဇူးအကို ဟိုေရာက္ရင္ သူငယ္ခ်င္းမရွိဘဲ အထီးက်န္ေနတဲ့အခ်ိန္ အကို႔ဆီဖုန္းေခၚမယ္။ ရတယ္မလား အေႏွာင့္အယွက္မျဖစ္ဘူးမလား"

"ရတယ္ဘာမွမျဖစ္ဘူး။ ညီအားတဲ့အခ်ိန္ေခၚ အေႏွာင့္အယွက္မျဖစ္ဘူး"

"ဒါဆို သြားလိုက္ပါဦးမယ္..."

ခ်လြင္! တံခါးပိတ္သံမ်ားေပ်ာက္ျပယ္သြားသည့္အထိ ေက်ာျပင္ေသးေသးေလးအားေငးၾကည့္၍ တံခြန္ေသာ္မွင္သက္မိသည္။

"ဒီတစ္ခါေတာ့ မင္းဖုန္းကိုဆက္ဆက္ေစာင့္ေနမွာမို႔ မင္းဘက္က ဖုန္းေခၚဖို႔မေမ့ပါနဲ႕ ညီရာ....ကိုယ္ဆက္ဆက္ေစာင့္ေနမွာမို႔..."

သူ၏ေက်ာျပင္ေလးအားေငး၍ ထိုေက်ာျပင္ေလးဟာ ႏွင္းစက္ျဖဴျဖဴေလးလို႔ တျဖည္းျဖည္းေပ်ာ္ကြယ္သြားခဲ့သည္။ တံခြန္ေသာအၾကာႀကီးေငးမိ၍ ဖုန္းေခၚလာမည့္ရက္ေလး ေစာင့္ေမ်ာ္ရေတာ့မည္။

××××××××××××××××××××××××××××××××

၃လၾကာၿပီးေနာက္........

ေဒၚအႏြယ္သည္ ေလဆိပ္တြင္တစ္ေယာက္တည္း အထုတ္သယ္ကာ ဗ်ာမ်ားေနသည္။ အေၾကာင္းမွာ သားငယ္ေလးက ေျမးလြယ္ထားရၿပီဆိုေသာ သတင္းေကာင္းေၾကာင့္ တစ္ညလုံးမအိပ္နိုင္ဘဲ နံနက္အေစာႀကီးေလဆိပ္ေရာက္လာျခင္းျဖစ္သည္။လြိုင္ေကာ္ေလဆိပ္ကပ္ေတာ့လည္း ယူလာသည့္အထုတ္အပိုးေတြမနည္းသယ္ေသာေၾကာင့္ တစ္ေယာက္တည္းမနိုင္မႏွင္းျဖစ္ေနသည္။

"မာမီရာ...ေပး ဘာလို႔အမ်ားႀကီးယူလာတာလဲ"

ေလးလံေသာအထုတ္ကိုသယ္ယူၿပီး ေျပာေနေသာသူက အလင္းခရဲ႕ခင္ပြန္းျဖစ္သည္။

"မာမီက လိုအပ္မယ့္ဟာေတြယူလာတာ သားငယ္ေရာ..."

"အလင္းကို အိမ္မွာခ်န္ထားတယ္ အျပင္ထြက္လာတာနဲ႕ တစ္ခုမွစိတ္မခ်နိဳင္လို႔။ မာမီမသယ္နဲ႕ေတာ့ ကြၽန္ေတာ္ၿခံထဲကအလုပ္သမားေတြေခၚလာတယ္။ မေန႕ကဖုန္းဆက္ေတာ့ အထုပ္နည္းနည္းမ်ားမယ္ဆိုေတာ့ေလ..."

"ေအးကြယ္...ဒါဆိုမာမီထားခဲ့ၿပီေနာ္..."

"ထားခဲ့မာမီ အိမ္မွာအစုံဝယ္ထားၿပီးၿပီ ဘာလို႔ရန္ကုန္ကေန တကူးတကဝယ္လာတာလဲ..."

"သားအခ်စ္ ေျမးအနစ္တဲ့။ အျပင္ေလာကႀကီးထဲမွာ ေရာက္မလာေသးေပမယ့္ အဖြားတိုင္းရဲ႕ရင္တြင္းခံစားခ်က္ကို သားတို႔ဘယ္နားလည္မလဲ..."

"ဟုတ္ပါၿပီ။ အိမ္မွာ အမိုးကလည္း မေန႕ညကတည္းက လာအိပ္ေစာင့္တယ္ အခုထိမျပန္ေသးဘူး"

"အဟင္း...ျဖစ္ရမယ္။ ငါ့ေျမးဦးေလးကေတာ့ အခ်စ္ခံရဦးမွာ..."

ေဒၚအႏြယ္ပီတိမ်ားျဖာေဝလ်က္ မေမြးေသးေသာ ေျမးဦးအားအခ်စ္ပိုေနၿပီ။ အိမ္ကခင္ပြန္းကို အလင္းခအေၾကာင္းေျပာျပေသးသည္။ ခင္ပြန္းျဖစ္သူက ဂ႐ုမစိုက္သလိုေနေသာ္လည္း ေဒၚအႏြယ္ေလဆိပ္သြားခါနီး ဖင္တယြယြျဖစ္ေနေသာ သူ႕အျဖစ္ကဖုံးဖိထား၍ မရတာ သိသာေန၏။

ဒါကိုသိေနေသာ္လည္း ခင္ပြန္းျဖစ္သူကို တမင္ျပန္႐ြဲ႕ခ်င္ေသာေၾကာင့္ ဘာမွမေျပာဘဲ ေဒၚအႏြယ္သည္ ေလဆိပ္သို႔ ခပ္တည္တည္သာထြက္လာခဲ့၏။ သားကိုဘယ္ေလာက္ပင္ အဆက္ျဖတ္ထားပါေစ ေျမးဆိုသည့္အနစ္ေလးကိုေတာ့ ျမင္ဖူးခ်င္ၾကတာပဲမဟုတ္ပါလား..။

××××××××××××××××××××××××××××××××

"မာမီ...ဒီေန႕ ေျမပဲထမင္းသုတ္စပ္စပ္ေလးစားခ်င္တယ္..."

"Ok...ငါ့သားေလး စားခ်င္တာအကုန္ရေစရမယ္..."

"အမိုး...ဝက္ေျခေထာက္အခ်ဥ္ဟင္းေလး..."

"အိုး...ရတာေပါ့ အမိုးသားမက္ေလးအတြက္ပဲကြယ္..."

အလင္းခသည္ လိုခ်င္သမွ်ျဖည့္ဆည္းေပးေသာလူေတြတစ္ပုံႀကီးရွိေနေသာေၾကာင့္ ကိုယ္ဝန္ေဆာင္ေနရတာေပ်ာ္ေန၏။ ျဖစ္နိုင္လွ်င္ တစ္သက္လုံးကိုယ္ဝန္ေဆာင္ခ်င္ေသးသည္။ အခုတေလာ အမိုးႏွင့္မာမီကလည္း အလိုလိုက္ မိုးရေနာင္ပိုင္ကလည္း ဆိုးသမွ်သည္းခံၿပီး မဆူေသာေၾကာင့္ အလင္းခဇိမ္က်ေနေတာ့၏။

"အမိုးနဲ႕မာမီရာ...အလင္းကို ေပါက္ကရေတြမေကြၽးစမ္းပါနဲ႕.။ ညညဗိုက္နာရင္လည္း သားကပဲ ခ်ီသြားခ်ီလာရတာ...ငနဲေလးက ကိုယ္တိုင္ထတာမဟုတ္ဘူး..."

"ေမာင္ေနာ္...ၿငိဳျငင္တာလား။ အလင္းက မေပါ့မပါးနဲ႕ေလ...။ ေမာင္ကပဲ အိမ္သာထဲမွာေခ်ာ္လွဲမွာဆိုးလို႔ ကိုယ္တိုင္လိုက္ပို႔ၿပီးမွ..."

"သားရယ္... ဒီလိုကိုယ္ဝန္ေဆာင္ေနတဲ့အခ်ိန္ စားခ်င္တာေတြစားခိုင္းမွ ကိုယ္ဝန္ေဆာင္သူေတြစိတ္ခ်မ္းသာမွာေပါ့။ ၿပီးေတာ့ ကေလးလဲ အဟာရ ရၿပီး ထြားလာမွာေပါ့..."

"ဟုတ္တယ္ ဟုတ္တယ္။ သားရေနာင္ ဒီခံစားခ်က္ကို သိခ်င္ရင္ ကိုယ္ဝန္ေဆာင္ၾကည့္လိုက္။ စားခ်င္တာ မစားလိုက္ရတဲ့ဒုကၡဘယ္ေလာက္ ႀကီးမားသလဲလို႔..."

"ဟာဗ်ာ... သားေျပာတာက အလြန္အကြၽံမေကြၽးနဲ႕လို႔ ဆရာဝန္လည္းမွာထားတယ္ အစပ္ေတြသိပ္မစားရဘူးတဲ့..."

"ေအးပါ...ဘာမွမသိဘဲနဲ႕ ဝင္မေျပာနဲ႕...။ အလုပ္သြားမယ္ဆို ေၾသာ္...ဒိီကေလးကေတာ့ မနက္ကတည္းကေျပာၿပီး အခုထိ သားငယ္အနားမွာ တဝဲလည္လည္လုပ္ေနတုန္းပဲလား..."

"အမိုးတို႔က အလင္းပူဆာသမွ်အကုန္မေကြၽးနဲ႕။ ဒီလိုဆိုရင္အလုပ္သြားရမွာစိတ္မေျဖာင့္ဘူး"

မိုးရေနာင္ပိုင္သည္ သူ႕ရင္ေသြးအားလြယ္ထားရေသာ အလင္းခကို တစ္ခ်က္ေလးပင္စိတ္မခ်ေပ။ အလုပ္သြားမည္ဟု ေန႕တိုင္းေျပာေသာ္လည္း မာမီႏွင့္အမိုးအားစိတ္မခ်၍ မသြားျဖစ္သည့္ရက္မ်ားကမနည္းေတာ့။

ၿခံထဲတြင္ မိမိစိုက္ခင္းကိုပါ တာဝန္ယူေနရေသာအစ္ကိုျဖစ္သူကလည္း "ရေနာင္တစ္ေယာက္ အလင္းခဗိုက္ႀကီးေနတာလား သူ ဗိုက္ႀကီးေနသလားမသဲကြဲဘူး။အလုပ္ပစ္ထားၿပီး အိမ္မွာပဲေနတယ္"ဟူ၍ ခဏခဏအတင္းေျပာေသးသည္။

"သား...အလုပ္မသြားတာ ဘယ္ႏွစ္ရက္ရွိၿပီလဲ.. အလုပ္မသြားရင္လည္း ပိုက္ဆံေလးေတာ့သြားသိမ္းလာခဲ့..။ ဒီရက္သားႀကီးက ၾကက္ေမာက္သီးေတြအကုန္ခူးၿပီတဲ့..."

"သြားမွာပါ...ဒါေပမယ့္ အလင္း အစပ္ေတြအရမ္းမစားနဲ႕ ရပ္ကြက္လွည့္ၿပီးေရာင္းတဲ့အသုပ္ေတြ မာမီ့ကိုခဏခဏထြက္ဝယ္ခိုင္းတာ ေမာင္သိတယ္ေနာ္..."

"အလင္းက စားခ်င္တာကို..."

"ဘာျဖစ္ျဖစ္ မစားရဘူး။ စားခ်င္ရင္ ၿခံထဲကအသီးေတြခူးလာမယ္ ၿပီးမွ အမိုးတို႔ကိုသုတ္ခိုင္း..."

"မာမီနဲ႕အမိုးသာမရွိရင္ အလင္းငတ္မွာျမင္ေယာင္ေနၿပီ...။ ဒါေၾကာင့္ အမိုးနဲ႕မာမီ အိမ္မျပန္ဘဲ အလင္းနဲ႕အတူ တစ္သက္လုံးေနေနာ္..."

"အဟင္း...ေအးပါကြယ္။ဟင္း... ေနာက္ထပ္ေျမးေလးေတြရတဲ့အထိ ေျမးအထိန္းေတာ္အျဖစ္ေနမယ္..."

××××××××××××××××××××××××××××××××

လက္ေမာင္းေပၚတြင္ ေခါင္းအုံးလုပ္အိပ္ပစ္၍ ညင္သာမႈမရွိေသာ အနမ္းတို႔ကတစ္စ,တစ္,စနက္ရွိုင္းလာသည္။ အသက္ရႈက်ပ္လာသည္ႏွင့္အမွ် မိုးရေနာင္ပိုင္၏ ခါးအကၤ်ီစကိုတင္းတင္းဆုပ္ထားရင္းမွ ရင္ဘက္ကိုတြန္းပစ္သည္။

"အသက္ရႈၾကပ္ေနၿပီ။ ေမာင့္ေယာက္်ားက ကိုယ္ဝန္နဲ႕ဆိုတာလည္း သတိထားဦး..."

အသက္ျပင္းျပင္းရႈရင္း ဆူပြပြလုပ္ေနေသာအလင္းခသည္ ရင္ခြင္ထဲတြင္မ်က္ႏွာအပ္၍စိတ္တိုေန၏။

"Sorryပါ... ေမာင္စိတ္လြတ္သြားလို႔ အလင္းနဲ႕ထိေတြ႕ရင္ ေမာင့္စိတ္ေတြခဏခဏလြတ္တယ္"

"ေနာက္ဆိုသတိထား။ အသက္ရႈၾကပ္ရင္ ကေလးအတြက္လဲမေကာင္းဘူး..."

"ဟမ္... စနမ္းတာဘယ္သူလဲ။ ေမာင့္ကိုအရင္လာကလိတာ ဘယ္သူလဲ..."

"ေမာင္ကလည္း အလင္းကနမ္းခ်င္တာကို။ ဒါေပမယ့္ေမာင္က အရမ္းလြန္လြန္းတယ္ေလ "

"ဟုတ္ပါၿပီ ဒီတစ္ခါနမ္းရင္မၾကမ္းေတာ့ဘူး။ ညင္ညင္သာသာေလးနမ္းမယ္..."

"ဟာ...မနမ္းေတာ့ဘူး။ ဟိုးဖက္တိုးေန ခဏေနက် ကေလးအသက္ရႈပ္ၾကပ္မယ္..."

"တစ္ခါေလးပဲကြာ..."

"မရဘူးလို႔..."

"တကယ္ ဒီတစ္ခါေလးပဲလုပ္ပါ။ ဒီႏူတ္ခမ္းေလးေတြကိုခ်စ္လို႔..."

အလင္းခ၏ခါးေသးေသးေလးကို တင္းၾကပ္စြာဆြဲေပြ႕ထား၍ မိုးရေနာင္ပိုင္ မ်က္ႏွာခ်ိဳေသြးကာပူဆာသည္။

"ေမာင္ေနာ္... အျပင္မွာထြက္အိပ္ခ်င္လို႔လား..."

"ကဲကဲ...ဟုတ္ပါၿပီ...မထိေတာ့ဘူးေနာ္။ ဒါေပမယ့္ ေမာင့္ရင္ေသြးေလးနဲ႕စကားေျပာမယ္" ဟု ေျပာရာ အလင္းခ၏ဗိုက္ပူပူအနားကပ္၍ နားေထာင္လိုက္သည္။

"ကေလးေလး...အပါးရဲ႕ကေလး အထဲမွာေနေကာင္းလား"

မိုးရေနာင္ပိုင္သည္ သည္လိုေန႕တိုင္းေျပာေနက်ျဖစ္ေသာေၾကာင့္ အလင္းခအတြက္ရိုးေနၿပီ။ တစ္ခါတစ္ေလ ဗိုက္ပူပူေလးကိုလွန္ၿပီး ဖြဖြေလးဖိကပ္နမ္းေသး၏။

"ဘယ္ေတာ့မွ အျပင္ထြက္လာမလဲ..."

"ေမာင္႐ူးေနလား... အခ်ိန္တန္ရင္ထြက္မွာေပါ့...။ အဲ့လိုသြားေမးရင္ ကေလးကေျဖနိုင္မွာမဟုတ္ဘူး..."

"အပါးရဲ႕ကေလးေလးေရ....ကေလးေလးရဲ႕ ပါးပါးက အထဲမွာအၾကာႀကီးမေနနဲ႕တဲ့ အျပင္ျမန္ျမန္ထြက္လာတဲ့..."

".................."

"ပါးပါးအစား အပါးေတာင္းပန္ပါတယ္ အစပ္ေနတိုင္းစားလို႔ ကေလးေလးပူေနၿပီမလား။ ကေလးအစားအပါး....အရင္ေတြပူေန...ေန....အာ့!.."

မိုးရေနာင္ပိုင္စကားမဆုံးေသးခင္မွာဘဲ နား႐ြက္လိမ္ဆြဲခံရေသာေၾကာင့္ ခုတင္ေပၚက ေျပးဆင္းကာ နား႐ြက္ကိုအုပ္ထားလိုက္သည္။

"အလင္းရာ ဘာလုပ္တာလဲ...။ နာလိုက္တာ"

"နား႐ြက္ျပဳတ္ထြက္မသြားတာကိုပဲ ေက်းဇူးတင္...။ ဘယ့္ႏွယ့္ သားအဖၾကားေသြးလာမခြဲနဲ႕...။ အစပ္စားတာက ကေလးလည္းအစပ္ႀကိဳက္လို႔ေပါ့ ငဒူရဲ႕..."

ထိုအခါမွ မိုးရေနာင္ပိုင္သည္ အလင္းခ၏ အနားတြင္ခ်ည္းကပ္လာၿပီး ကိုယ္လုံးေလးအားေပြ႕ယူလိုက္သည္။

"ဟုတ္ပါၿပီဗ်ာ...။ ေမာင္တို႔ကေလးက အလင္းတူ ကေလးေလးေပါ့...။ အပါးနဲ႕တူရင္ေခ်ာမွာ အလင္းနဲ႕တူရင္...."

"ဘာလဲ...အလင္းနဲ႕တူရင္..."

"အလင္းနဲ႕တူရင္ ေ႐ႊလက္ဝါးေမ်ာက္လိုလိုက္ထိန္း...ထိန္း....."

"ဘာေျပာတယ္..."

" ခ်စ္စရာေကာင္းမယ္လို႔...။ ေမာင့္ရဲ႕အသည္းမႊာေလးေပါ့ဆို..."

"အဲ့လိုေျပာ..."

မ်က္ေစာင္းႏွင့္ ခဏခဏပစ္ေကြၽးေသာ အလင္းခအား တင္းတင္းေပြ႕ဖက္ထားသည့္ခဏ ရင္ေသြးငယ္ေလးရဲ႕ အေငြ႕အသက္မ်ားခံစားမိလာသည္။ ဒီခံစားခ်က္ဟာ ေႏြးေထြးသည္။ အရမ္းကိုေႏြးေထြးၿပီး ၾကည္ႏူးရသည္။

အိပ္ယာမဝင္ခင္ မိမိ၏ေလာ္စပီလာေလး အသံထြက္ေအာင္ တမင္စ,ၿပီးမွ အိပ္ယာဝင္တတ္သည္။ ကိုယ္ခ်စ္ေသာသူႏွင့္ ႏွစ္ေယာက္တစ္ကမာၻတည္ေထာင္ၿပီး ရင္ေသြးေလးမ်ားေမြးမည္။ သာယာေသာမိသားစုတစ္ခုအျဖစ္ ရပ္တည္မည္။ အလင္းခအတြက္ အားကိုးအားထားရာျဖစ္ေစရမည္။ ရင္ေသြးေလးအတြက္ လုံၿခဳံေသာခိုလႈံရာေလးျဖစ္ေစရမည္။

"ေမာင့္ရဲ႕ကမာၻက ဘယ္လိုပုံစံလဲ... "

"ကြၽန္ေတာ့္ရဲ႕ကမာၻေလးက တစ္ခါတစ္ေလ ကေလးဆန္ၿပီး၊ တစ္ခါတစ္ရံ ၾကည္ႏူးမႈေတြနဲ႕ျပည့္ႏွက္ေနတယ္"

"ေမာင္ရဲ႕အျမတ္နိုးရဆုံးအရာကေရာ"

"ကြၽန္ေတာ့္ရဲ႕ ျမတ္နိုးဆုံးအရာက ကြၽန္ေတာ္ရဲ႕ဘဝပါပဲ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ရဲ႕ဘဝထဲကို အလင္းခဆိုတဲ့လူသားေလး ဝင္လာခဲ့လို႔ေလ"

"ေမာင္ ဘယ္အရာကိုအေက်နပ္ဆုံးလဲ"

"ကြၽန္ေတာ္ရဲ႕အလင္းကို ပိုင္ဆိုင္ခြင့္ရတာ အေက်နပ္ဆုံးပါပဲဗ်ာ....။ "

ခ်စ္ရသူကို အၾကာႀကီးၿပဳံ႕းျပကာ ေငးၾကည့္မိေတာ့သည္။

"ေမာင္ ဘာေတြေငးေနတာလဲ..."

"ဘာမွမဟုတ္ပါဘူး။ အိပ္ရေအာင္"

ညမီးအိမ္မွိန္မွိန္ေလးဆီက အလင္းတန္းေလးက မိုးရေနာင္ပိုင္တို႔အတြက္လုံေလာက္ေသာ အလင္းတန္တ္ခု။ မၾကာမီ သူတို႔ဘဝထဲ ဝင္ေရာက္လာေတာ့မည့္ ကေလးႏွင့္ ေတြ႕ဆုံ၍ အိပ္မက္ထဲတြင္စကားေျပာၾကေတာ့သည္။

××××××××××××××××××××××××××××××

ကယားျပည္နယ္ ကိႏၷရဝတီ ေငြေတာင္ျပည္အား လူတစ္ပိုင္းငွက္တစ္ပိုင္းျဖစ္ေသာ ကိႏၷရီကိႏၷရာေမာင္ႏွံတို႔က ဖြက္ထားေသာၿမိဳ႕ျဖစ္သည္တဲ့...။ ထိုၿမိဳ႕ထဲက ကယားတိုင္းရင္းသားေလးႏွင့္ ဆုံေတြ႕ခြင့္ရခဲ့သည့္သူ႕အတြက္ ကံေကာင္းသည္ဟုဆိုရမည္လား။

ေမာင္ႏွင့္ ေတာင္ကြဲေစတီတက္ခဲ့ဖူးသည္။ အတြဲမ်ာကြဲမွာ မေၾကာက္၍လားလို႔ေမးလွ်င္ အလင္းခ "မေၾကာက္ပါဘူး" လို႔ေျဖမိမည္။ ေတာင္ကြဲေစတီကို ဘယ္ႏွစ္ႀကိမ္ဘယ္ႏွစ္ခါေရာက္ေရာက္ ေမတၱာေပါင္းကူးတံတားေလးမ်ား ရွိေနသ၍ ေတာ့ အလင္းခႏွင့္ေမာင္ ဘယ္ေတာ့မွကြဲမွာမဟုတ္ပါဘူး။

ဘီလူးေခ်ာင္းေရေတြ ကုန္ခမ္းတာျမင္ဖူးလား။ အရင္က ဘယ္တုန္းကမွမခမ္းခဲ့သလို ေနာက္ေနာင္ဘယ္ေတာ့မွခမ္းမွာမဟုတ္ပါဘူး။ ထို႔သို႔လိုပင္ အလင္းခႏွင့္ ေမာင္တို႔ၾကားက အခ်စ္မ်ားေတြဘယ္ေတာ့မွ ကုန္ခမ္းသြားမွာမဟုတ္ပါဘူး...။

ေမာင္တို႔ရဲ႕ ဌာနီမွာ ဒီလူသားကေမာင္ႏွင့္အတူ အၿမဲတမ္းေပ်ာ္႐ႊင္စြာ ေနထိုင္သြားမည္။

အလင္းခဆိုေသာလူသားေလးက ေမာင္ဆိုေသာလူသားရဲ႕ဘဝထဲတြင္ အၿမဲတမ္းလင္းလက္ေတာက္ပေနေသာ ေငြမႈန္ၾကယ္ေလးတစ္ပြင့္။ ေမာင့္အတြက္လုံေလာက္ေသာ အလင္းတန္းေလးတစ္ခု။ ဘယ္ေတာ့မွ ေပ်ာက္ကြယ္မသြားတဲ့ ေမာင့္ရဲ႕အလင္း...။

---------------------THE END-----------------

Continue Reading

You'll Also Like

339K 8.5K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
58.3K 1.6K 20
အချစ်တဲ့ ကျွန်တော့်လိုလူမျိုးကို လှုပ်မရအောင် တုပ်နှောင်နိူင်တဲ့ ကြိုးတစ်ချောင်းပဲ အရာအားလုံးကို စွန့်ပစ်ချင်လောက်တဲ့အထိ သိပ်လှတဲ့ ဘေးထွက်ဆိုးကျိုးလ...
80.5K 6.4K 16
🤍 In a relationship with Mg's Saydanaryone Start Date - 3. 8. 2021 End Date - 6.11.2022
1.6M 67.3K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...