Part~29

10.6K 1.2K 21
                                    

အလင်းခတို့သည် မနက်၇နာရီခွဲဆွမ်းခဲဖွယ်များကိုစွန့်ပြီး ထိုခဲဖွယ်များနှင့်သာ ဗိုက်ဖြည့်လိုက်ကြသည်။ ခဏတစ်ဖြုတ်ထပ်နား၍ မြှူခိုးများပြယ်သွားသည့်အထိစောင့်ပြီးမှ တောင်အောက်သို့ ပြန်ဆင်းလာခဲ့သည်။

"အိမ်တန်းပြန်တော့မလို့လား အခုအစောကြီးရှိသေးတယ်။ အတက်ကြာသလောက် အဆင်းကျတော့မြန်တယ်နော်"

"အေးပေါ့ မင်းကပြေးဆင်းနေတာ အဆင်းပိုမြန်မှာပေါ့..."

သုဝေအောင်၏စကားကို အလင်းခကဘောက်ဆက်ဆက်တုန့်ပြန်လိုက်သည်။ မလူကောင်သေးသေးနှင့် သူတို့အနောက်အမီလိုက်ရတာ သူ့အတွက် ပင်ပန်း၏။

"အစ်ကိုတို့ မိုးဗြဲရေကာတာမရောက်ဖူးသေးဘူးမလား။ ပြီးတော့ ရေပြာကန်(ခေါ်) ရေထွက်ပေါက်သွားကြမလား။ ရေထွက်ပေါက်က ဒီအနားမှာပဲ ၁၅မိနစ်ဆိုရောက်ပြီ..."

လင်းလက်သူသည် လက်ထဲကဖုန်းကိုအာရုံစိုက်၍ဆိုလေသည်။ ထိုအခါ လွမ်းရိပ်မိုးတို့လည်း ဟန်ကျသွားပြီး သဘောတူကြသည်။

"သွားကြမယ် ပြီးရင် ကြာကန်လည်းသွားချင်တယ်..."

"ဒါဆို မိုးဗြဲဆည်ကို နောက်မှသွားရအောင် ရေပြာအိုင်နဲ့ ကြာကန်သွားပြီး အိမ်ပြန်ကြတာပေါ့။ သူတို့ကပိုနီးတယ် အိမ်ပြန်လမ်းနဲ့တစ်ဖတ်တည်းဆိုတော့..."

အားလုံးက လင်းလက်သူ၏စကားအား သဘောတူကြ၍ ဆိုင်ကယ်ပေါ်တက်ကြသည်။ ပြီးနောက် ရေပြာအိုင်ခေါ် ရေထွက်ပေါက်သို့ ခရီးနှင်ကြ၏။

×××××××

"ဒီဆိုင်ခန်းလေးကိုဘဲ ရောင်းမယ်ဆိုရင် ကျွန်တော်မဝယ်နိုင်ဘူး။ တိုက်တစ်ခုလုံးရောင်းပါလား..."

"အဲ့တာက..."

သူ၏စကားကြောင့် တိုက်ပိုင်ရှင်က ခေါင်းကို တဗျင်းဗျင်းကုတ်နေ၍ စဥ်းစားနေသည်။ သူကတော့ ကော်ဖီကို အေးဆေးပင်မော့သောက်နေ၍ တိုက်ပိုင်ရှင်ကို အကဲခတ်ကြည့်လိုက်သည်။ ပြီးနောက် တိုက်ပိုင်ရှင်အား ဘယ်လိုချုပ်ထားရမည်လဲဟု တွေးနေ၏။

"ကျွန်တော်က လွိုင်ကော်မြို့ရဲ့ရာသီဥတုကိုသဘောကျလို့သာ ဒီတိုက်လိုချင်တာ။ မဟုတ်ရင် အခြားနေရာမှာ စီးပွားရေးလုပ်ရင် ပိုပြီးအမြတ်အစွန်းရလိမ့်မယ်။ အေးဆေးစဥ်းစားပါဗျာ..."

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now