Part~8

15.6K 1.8K 59
                                    

Unicode

"ပြန်ရအောင်"

တံတားပေါ်၌ထိုင်၍ အတွဲချောင်းနေသော သုဝေအောင်အားအမြင်ကပ်ကပ်နှင့် ပြောသော်လည်း သုဝေအောင်က ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်၍ ဓာတ်ပုံရိုက်မပျက်လုပ်နေဆဲ။

"လာ အလှလေးနဲ့အတူရိုက်ရအောင်"

သုဝေအောင်သည့် လင်းလက်သူ၏ ပခုံးကိုသိုင်းဖက်၍ ဖက်လုံးတစ်ဖက်မှိတ်လိုက်သည်။ လင်းလက်သူ မရှောင်လိုက်နိုင်သေးခင် ဖုန်းထဲ၌ ဓာတ်ပုံပါသွားချေပြီ။

"ခင်ဗျား ဘာလုပ်တာလဲ။ ငမည်းကောင်!"

"ဓာတ်ပုံရိုက်နေတာလေ။ အာ...ဆယ်ဖီဆွဲနေတာ"

"ဖေ-ိုးမ! ဓာတ်ပုံရိုက်တာတော့သိတယ် ခွင့်မတောင်းပဲရိုက်ရလား!"

သူ၏စကားကြောင့် သုဝေအောင်က မျက်ခုံးကိုတစ်ချက်ပင့်ပြရင်း ခပ်ထေ့ထေ့ရယ်လိုက်သည်။

"မင်း ငြိမ်နေတာ မဟုတ်ဘူးလား။ လာပါ ဟိုသူတောင်းစား ပျင်းနေလောက်ပြီ သွားရအောင်"

သုဝေအောင်သည် ဖုန်းထဲကဓာတ်ပုံကို ကြည့်ရင်းခပ်ရေးရေးပြုံး၍ ကျေနပ်နေတော့သည်။ ဒီလောက်လှသည့် ကောင်လေးကို ဘယ်နေရာ၌ ရှာ၍ရနိုင်မည်နည်း။ ချစ်စရာကောင်းသလောက် ဒေါသအိုးကြီးဖြစ်နေတာတောင် သူ့အနား၌ တွယ်ကပ်ချင်နေ၏။

=========================

"မောင် ထတော့"

"အင့်"

"မောင် ထပါဆို!"

မောင့်ရဲ့ လက်မောင်းကိုဆွဲသော်လည်း လေးလွန်း၍ ကိုယ်အရှိန်လွန်ကာ ပြန်လှဲကျသွားသည်

"ခဏလေး ထပ်အိပ်ချင်သေးလို့..."

သူ့ကို ရင်ခွင်ထဲဆွဲသွင်း၍ မောင့်က ပြန်မှေးနေလိုက်သည်။

"ဒါဆို ဆက်အိပ်ဦး အလင်းထလိုက်ဦးမယ်...."

"မထနဲ့ ဒီအတိုင်း ဖက်ထားချင်လို့..."

မောင့်စကားကြောင့် သူလည်း မရုန်းဘဲ ရင်ခွင်ထဲ၌ ခိုဝင်လေတော့သည်။မောင်က အရငလို အေးတိအေးစက်မဟုတ်သည့်အတွက် သူ့ကမ္ဘာကသိသိသာသာကြီး ပြောင်းလဲနေသည်ဟု ခံစားမိ၏။

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now