Part~26

10.8K 1.3K 60
                                    

"ကိုကြီး"

တစ်ဖက်သို့လှည့်အိပ်နေသော ကိုကြီး၏ကျောပြင်ကို သိုင်းဖက်၍ သူခပ်တိုးတိုးခေါ်လိုက်သည်။

"ကိုကြီး"

"............"

"ကိုကြီး"

အနောက်ကနေသိုင်းဖက်၍ ကြယ်သီးဟနေသောရင်ဘက်ကို လက်ချောင်းဖြင့် တို့ထိကစားနေသော သူ့ရဲ့လက်ကို ဆွဲဖြုတ်သော်လည်း မရသောကြောင့် ထည်ဝါ အချစ်စက်ကွင်းထဲက ရုန်းမထွက်နိုင်တော့။ အချိန်ခဏအတွင်းဆိုသော်လည်း ထိုကောင်လေးက သူ့အားပြုစားနိုင်ခဲ့သည်။

"ကိုကြီး ကျွန်တော့်ကိုချစ်လား ဟင်"

သူမဖြေသေးသ၍ ထိုကောင်လေးရပ်ပြီးအိပ်မှာမဟုတ်။ မနက်(၃)နာရီထိုးနေပြီ။ ဒီတစ်ညလုံးအိပ်ရမည် မသေချာ။ ထိုကောင်လေးကြောင့် ထည်ဝါမောင်ဖြစ်သူပီပီ အခက်တွေ့နေရပြန်၏။

"ကိုကြီး ချစ်တယ်လို့မပြောချင်ဘူးလား"

"လွမ်းရိပ် အိပ်တော့။ ကိုယ်မပြောမချင်း မအိပ်ဘူးလား"

"ဟီး ကိုကြိီးပြောရင် ဒိီအတိုင်းဖက်ထားပြီး အိပ်တော့မယ်"

"ဝါဆီးယူနဲ"

"ဟမ်...ဝါဆီးယူနဲက ဘာလဲ"

"မင်းမသိရင်လည်း မပြောခဲ့ဘူးလို့သဘောထားလိုက်"

သူခပ်တည်တည်သာ ပြော၍မျက်လုံးစင်းစင်းမှိတ်လိုက်သော်လည်း အသံကျယ်စွာထခုန်လာသော ရင်ခုန်သံကို ထိုကောင်ခေး ကြားမည်ကို ကြောက်မိသား။ ထိုကြောင့် သူ့ရင်ဘက်ပေါ်၌ တင်ထားသောကောင်လေး၏လက်အားဆွဲယူ၍ လက်ချောင်းချင်း ယှက်နွယ်လိုက်သည်။ ကောင်လေးကတော့ ဝါဆီးယူနဲကို နားမလည်ဘဲ မျက်လုံးဝိုင်းဝိုင်းလေးနှင့်သာ စဥ်းစားနေ၏။

"ဝါဆီးယူနဲ...ဝါဆီးယူနဲ ...ဝါဆီးယူနဲ ကဘာလဲ။ ကြားဖူးသလားလို့..."

သူက နူမ်းခမ်းပိစိကလေးဖြင့် တတွတ်တွတ်ရွတ်နေ၍ ကိုကြီးမအိပ်နိုင်အောင် တမင်ရွတ်နေခြင်းသာ။

"ဝါဆီးယူနဲ ဝါဆီးယူနဲ..."

"တော်တော့ ချစ်တယ် ချစ်တယ် အိပ်တော့။ နားငြီးလိုက်တာ"

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now