Part~1

43.3K 2.9K 72
                                    

Unicode

မိုးရာသီနှင့် လိုက်ဖက်ညီထွေအောင် မိုးစက်လေးများက ကောင်းကင်ပေါ်ကနေ ကတ္တရာလမ်းမထက်သို့ အဆက်မပြတ်ရွာချနေ၏။သူကတော့ ကျောင်းအရှေ့တံခါးဝနား၌ ရပ်နေရင်း တစ်စုံတစ်ယောက်အား တငေးငေးတမျော်မျော်နှင့် ရပ်စောင့်နေလေ၏။

ဟော...ရောက်လာပြီ အနက်ရောင် ကယားပုဆိုးနှင့် အဖြူရောင်ရှပ်အင်္ကျီဝတ်ဆင်ကာ အဝေးလှမ်းမြင်ရသော်လည်း ခန့်ညားသည့် သူ၏အရှိန်အဝါက မသေးလှ။ အပြာရောင်ခေါက်ထီးလေးကိုင်၍ လျှောက်လာသော သူ့ကိုငေးရင်း အကြောင်းမဲ့ စိတ်လှုပ်ရှားမိပြန်၏။

အရပ်ရှည်ရှည်၊ တည်တင်းအေးစက်ပြီး သန််မာသော ခန္ဓာကိုယ်ဖွဲ့စည်းထားသော သူ၏ Bodyဟာ ကျောင်းနူတ်ခမ်းနီမရဲ့အသည်းစွဲ။ နက်မှောင်ထူထဲသော မဟူရာရောင်မျက်ခုံးလေးက သူ၏မျက်ဝန်းအစုံကို ညို့အားပြင်းအောင် ပံ့ပိုးပေးနေသည်။ နှာတံချွန်နှင့် ပုံကျလှပသော မထူမပါးနူတ်ခမ်းတစ်စုံ၊ ပါးမြိုင်တစ်ဝိုက်ရှိနေသော မွေးညှင်းစိမ်းစိမ်းကအစ ရင်အစုံကို လှုပ်ခပ်စေနိုင်သည့် တန်ခိုးများအလား။

ထီးကိုင်ထားသော လက်တစ်ဖက်ကအင်္ကျီစ,ကိုခေါက်တင်ထားသဖြင့် လက်ဖျံ၊ လက်ဖမိုးထက်၌ နေရာယူထားသော သွေးကြောစိမ်းစိမ်းများက ထင်ရှားနေ၏။ ထိုသို့ကဲ့သော ပြီးပြည့်စုံလွန်းသော လူသားက ကယားတိုင်းရင်းသားလေး မိုးရနောင်ပိုင်ဖြစ်သည်။ ကျောင်း၌ တည်တင်းအေးစက်နေသော ကောင်လေးတစ်ယောက်ဖြစ်၏။

"အဟမ်း..."

မိုးရေကြား လမ်းလျှောက်လာသည့် ကယားသားက သူ့အနားနီးကပ်လာသည့်အခါ တမင်တကာ ချောင်းဟန့်ဆိုးပြလိုက်သည်။ထိုအခိုက် တည်တင်းအေးစက်သောမျက်နှာဖြင့် ထင်ထားသည့်အတိုင်း သူ့ကို ခပ်တည်တည်လှည့်ကြည့်လာသော စူးရှသည့်မျက်ဝန်းညိုတစ်စုံ။

"ဟိုလေ"

သုံးရက်ရှိနေပါပြီ။ ထိုကယားသားကို သတိထားမိတာ။ သတိထားမိသည့်နေ့ကစပြီး အနားကပ်နိုင်အောင် ကြိုးစားနေလေ၏။

"မင်း ထီးမေ့ပြန်ပြီလား"

ရပ်တန့်သွားသော ခြေလှမ်းနှင့်အတူ တည်ငြိမ်စွာနှင့်သူ့ကို အလိုမကျစွာ လှည့်မေး၏။ ထိုအချိန် စိတ်ထဲမလုံမလဲနှင့် အဆောင်ကို လက်ညိုးထိုးပြကာ...

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now