Part~19

12K 1.5K 76
                                    

တစ်ပတ်ကြာပြီးနောက်...

"ကိုကြီး ဦးထဲဖဲဆေးရုံရောက်နေလို့တဲ့ အဲ့တာသတင်းသွားမေးပါလား"

လင်းလက်သူသည် အစ်ကိုဖြစ်သူအိမ်ထဲပင်မဝင်ရသေးဘဲ ခရီးဦးကြိုပြု၍ပြောသည်။ ထည်ဝါမောင်လည်း အခုမှခြံထဲကပြန်လာသောကြောင့်ဘာမှမသိရ။ ဦးထဲဖဲက မိမိအားကိုးရသည့် ဦးလေးမဟုတ်ပါလား။ အဘယ့်ကြောင့်ဆေးရုံရောက်နေသည်လဲ မစဥ်းစားတတ်။

"ဘာဖြစ်နေလို့လဲ"

"ခြံထဲသွားရင်း ပိုးထိလို့တဲ့ အချိန်မှီဆေးရုံပို့နိုင်ပေမယ့် သတင်းသွားမေးသင့်တယ်မလား"

"အမိုးကော..."

"အမိုးက အစ်ကိုလင်းနဲ့ စျေးသွားတယ်။ အစ်ကိုလင်းက ဟင်းထုပ်စားချင်လို့တဲ့"

"ရနောင်ကရော..."

"အစ်ကိုလည်း လိုက်သွားတယ်"

ထည်ဝါမောင်ခေါင်းညိတ်ပြ၍ အမိုးတို့ကြောင့် ပြုံးလိုက်မိသည်။ အလင်းခကို ဂရုစိုက်၊အလိုလိုက်သည့် နေရာတွင်နှစ်ယောက်မရှိ။ ညီဖြစ်သူ မိုးရနောင်ပိုင်ဆိုတာလည်း အလင်း၊အလင်းဆိုပြီး မျက်စိအောက်ကအပျောက်ခံနိုင်တာမျိုးမဟုတ်။ အလင်းခဆိုသည်မှာလည်း ကလေးလိုချွဲနွဲ့နိုင်လွန်းသောကြောင့် အားလုံးရဲ့ အချစ်ခံလေး။

"အင်း... ညနေစောင်းကျရင် သွားလိုက်မယ်။ မင်းလိုက်ဦးမလား"

"မလိုက်တော့ဘူး ကိုကြီး။ ညနေစောင်းကျရင် ခြင်းခတ်ပွဲရှိသေးလို့ ဟီး..."

"မင်းလည်း တစ်နေ့တစ်နေ့ အဲ့တာပဲဆော့မနေနဲ့ ခြံထဲလိုက်ကူဦး"

"ဟုတ် နောက်နေ့လိုက်ကူမယ်..."

ထည်ဝါမောင်သည် ပလိုင်းကိုကွပ်ပစ်ပေါ်၌ချထား၍ မီးဖိုခန်းထဲဝင်ကာ ရေခပ်သောက်လေသည်။ အလင်းခရှိလျှင် ပြန်လာတိုင်း ရေအေးအေးလေးတစ်ခွက်သောက်ရမြဲ။ အခုတော့ မိမိဘာသာခပ်သောက်နေရသည်။ အလိုက်သိတတ်သော အလင်းခကိုလည်း ထည်ဝါမောင်အမှတ်တွေပေးနေမိ၏။

ရေသောက်ပြီးခဏတစ်ဖြုတ်နား၍ နာရီကိုကြည့်မော့ကြည့်တော့ မွန်းတည့်၁၂နာရီ။ ၁၅မိနစ်လောက်နားပြီး ၍ ထည်ဝါမောင်ရေထချိုးလိုက်သည်။ နေကအရမ်းကြီးပူနေတာမဟုတ်၍ နေရှိန်မှာကိုမကြောက်ရ။ ရေချိုးပြီး၍ ထမင်းစားကာ အနားယူလိုက်သည်။ ညနေကျရင် ဆေးရုံသွားရအုန်းမည်ဖြစ်၍ ခြံထဲပြန်မသွားဖြစ်တော့။

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now