"အလင်း"အိမ်အနောက်စိုက်ခင်း၌ ဖုန်းပြောနေသော သူကို မောင်က အသံတစာစာဖြင့် လိုက်ရှာနေသည်။
"ဒီရောက်နေတာလား ဘာလုပ်နေတာလဲ.."
"ဘာမှမလုပ်ဘူး"
"အင်း ထမင်းစားရအောင် အမိုးတို့စောင့်နေတယ်"
ပြောရင်းဆိုရင်း ပါးပြင်ထက်၌ နွေးခနဲဖြစ်သွားသည့်အတွက် မောင့်ကို မျက်လုံးအဝိုင်းသားနှင့် မော့ကြည့်မိ၏။
"ချစ်တယ်"
တလောကလုံးသူတို့နှစ်ယောက်တည်းရှိသည့်အတိုင်း တစ်ယောက်ကိုတစ်ယောက်လေးလေးနက်နက်ကြည့်၍ ပြုံးကာ ကြည်နူးနေကြ၏။
"အဟမ်း"
ရုတ်တရက်ပေါ်လာသော အငယ်ကောင်ကြောင့် အလင်းခတွဲထားသည့် လက်မောင်းကိုအမြန်ဆွဲဖြုတ်၍ လူမိထားသည့်မျက်နှာတို့ ရဲတက်သွားသည်။
"ဟို အစ်ကိုတို့ ထမင်းစားရအောင်တဲ့ အမိုးက"
ရှက်အမ်းအမ်းဖြစ်နေသော သူ့ကို လင်းလက်သူက မရဲတရဲကြည့်ရင်း ထိုနေရာက အမြန်ထွက်လာခဲ့၏။
==================
"အလင်းခ!"
ခပ်မာမာအသံတစ်ခုကြောင့် ကိုယ်ပင်တုန်တက်သွား၏။ မောင်နှင့် အတူပျော်နေတာအကုန် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်။ ထိုအသံကို ရင်းရင်းနှီးနှီးသိနေသလို။ မဟုတ်မှ...
"ကိုကြီး!"
"အလင်း! မင်းရူးနေတာလား"
နှစ်ယောက်တည်းကြည်နူးနေကြသည့် သူတို့ကို အစ်ကိုဖြစ်သူအလင်းသစ်က မြင်လိုက်၍ မောင့်အား ဆွဲထိုးလေသည်။
"ခွပ်!"
"ကိုကြီး! မလုပ်နဲ့"
"တောက်! အလင်း လိုက်ခဲ့!ပြန်မယ်"
"မလိုက်ဘူး လွတ်!"
အစ်ကိုဖြစ်သူဆွဲထားသောလက်ကို ခါချသော်လည်း အားခြင်းမညီမျှသောကြောင့် လက်ကပိုနာကျင်လာရုံသာ။
"လာခဲ့! မင်းဒယ်ဒီအကြောင်းသိတယ်မလား.."
"မလိုက်ဘူး ဟင့်! မောင့်ကိုပြန်သွားကြည့်မယ်..."
YOU ARE READING
မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ) [Complete]
Romanceကျွန်တော်ရဲ့ ဖြစ်တည်မှုက မောင်တစ်ယောက်ထဲကြောင့်ဖြစ်တယ်.. ကျွန်တော်အရာအားလုံးကို စွန့်လွတ်ခဲ့ပါပြီ မောင်... မောင့်နောက်လိုက်ခဲ့ပြီး အားလုံးကိုစွန့်လွတ်ခဲ့ပါပြီ... Staring date-9,22,2020 Complete. _12, 8, 2020