Part~32

9.2K 1.1K 28
                                    

အလင်းက ယောက္ခမဆီက လက်ဆောင်များကို တစ်ပွေ့တစ်ပိုက်သယ်၍ ဆိုင်ကယ်အရှေ့တွင်ထား,ထားသည်။ လိမ္မော်သီးကြိုက်သည်ဆို၍ နံနက်အစောကြီး ခြံထဲတွင်သွားခူးပေးရသေးသည်။

အိမ်ပြန်ရောက်လာတော့ ကြက်မောက်သီး၊နဂါးမောက်သီးနှင့်တခြားသော အသီးများကို ရေခဲသေတ္တာတွင်ထည့်၍ အိပ်ခန်းထဲသို့ပြန်ဝင်လေသည်။ထို့နောက် အလုပ်သွားရန် အဝတ်လည်းတော့၏။

"မောင့်ကို ကြယ်သီးလေးတပ်ပေးပါဦး"

"အင်း"

"မောင်..."

"အင်း"

"ဘာတွေလုပ်ထား၍ ရင်ဘက်တွေကျယ်နေတာလဲ။ အခုတစ်လောပိုကျယ်သလိုပဲ"

"အဖြူရောင်အင်္ကျီဝတ်နေလို့ ပိုကျယ်တာထင်ရလို့ပါ"

"မဟုတ်ဘူးလေး။ ဒါလေးက"

သူ့ရဲ့ရင်အုပ်ကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်၍ ခေါင်းစောင်းကာစဥ်းစားနေသော ကောင်လေးရဲ့ ငွေခဲရောင်ဆံပင်များကို နမ်းရှိုက်ပြီး ပါးမို့မို့ကိုထပ်နမ်းသည်။ ထိုမှတစ်ဆင့်မျက်လုံး၊နှာခေါင်းတွေကိုထပ်မံနမ်းရှိုက်လိုက်၏။

"ဘာဖြစ်လို့ကျယ်လဲသိချင်လား"

"အင်း အလင်းမသိအောင် လေ့ကျင့်နေတာလား"

"မဟုတ်ဘူး"

"ဘားဆွဲတာလား"

"မဟုတ်သေးဘူး"

"ဒိုက်ထိုးတာလား"

"အင်း.."

"ဘယ်အချိန်တွေမှာ လုပ်တာလဲ"

"ညအချိန်လုပ်တာ"

"အလင်းမသိအောင်ခိုးလုပ်တယ်ပေါ့"

"ဟာကွာ မဟုတ်ဘူး အလင်းနဲ့အတူလုပ်တာပါ..."

"သူတောင်းစား"

"ဟား...ဟား...မဟုတ်ဘူးလား"

"သေလိုက်...လှဲသေလိုက်"

စိတ်တိုတိုနှင့် သူ့ ရင်ဘက်ကိုတစ်ဗုန်းဗုန်းထုချလေသည့်အခါ လက်နှစ်ဖက်ကိုဖမ်းချုပ်၍ လက်ခုံးအားနမ်းရှိုက်လေသည်။

"တော်ပြီကွာ မောင်အလုပ်သွားရဦးမယ်။ အရမ်းကြီးမထုပါနဲ့ အင်္ကျီတွေတွန့်ကြေကုန်ပြီ"

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now