Extra-4

3.5K 169 0
                                    

[Unicode]Extra(၄)


"အမိုး..."

ဟင်းချက်နေသော အမိုးရှိရာသို့အလင်းခသည် စံလင်းနောင်အားချီမ၍ တိုးကပ်လာ၏။ အမိုးအားတစ်ခုခုတောင်းဆိုချင်နေသော အလင်းခ၏အပြုအမှုများက တကယ်ကိုအသည်းယားစရာလေးပေ။ အိပ်လိုက်၊စားလိုက်နှင့် အလင်းခရဲ့ ပါးဖောင်းဖောင်းများလည်း ထိရက်စရာမရှိအောင် နူးအိနေ၏။

"ပြော.... ကလေး..."

"ဟိုလေ... မနက်က အမိုးခေါ်လာတဲ့ ကလေးမကို အလင်းတို့အိမ်မှာခေါ်ထားချင်လို့...ရတယ်မလား...။ အလင်းခေါ်ထားချင်တာလည်း သားလေးအဖော်ရှိအောင်ပါ...။ ဒီတစ်မနက်လုံး ကလေးမရှိနေလို့ သားလေးက သိပ်မငိုဘူး"

"သြော်... ကလေးက ခေါ်ထားချင်လို့လား...။ "

အမိုးသည် အလင်းခအားကြည့်၍ တမင်မသိသလိုမေးနေ၏။ ထိုကလေးမဟာ မိုးရနောင်ပိုင်၏ တူမလေးဝမ်းကွဲဖြစ်သောကြောင့် မိုးရနောင်ပိုင်အိမ်ခေါ်ထားခြင်းဖြစ်သည်။ ဒါကိုအလင်းခက မသိဘဲ ထိုကလေးမအားသဘောကျနေ၏။

"မောင်နဲ့တိုင်ပင်ပြီး သားလေးအဖော်ရအောင်ခေါ်ထားချင်လို့"

"ဟုတ်ပါပြီ... အယ်ဝါးရေ လာပါဦး"

အမိုးသည် သားလေးစံလင်းနောင်အနှီးလှန်းနေသော ကလေးမအားခေါ်၍ ထိုကလေးမက ချက်ချင်းပြေးလာ၏။ သွက်သွက်လက်လက်ရှိ၍ အလိုက်သိသောကလေးမပေ။

"ဟုတ်ကဲ့ဖွား... ဘာခိုင်းမလို့လဲ...."

"အယ်ဝါးကို သားရနောင်ဘာပြောထားလဲ ဒီကဦးဦးကိုပြောပြလိုက်"

"ဟုတ်...ဖွား..."

"ကဲ မောင်က ဘာတွေပြောလဲ..."

အလင်းခသည် ရင်ခွင်ထဲတွင် သားစံလင်းနောင်အားသိမ့်၍ အယ်ဝါးဆိုသော ကလေးမအားသိချင်စောနှင့် မေးလေ၏။

"ဦးဦးနောင်က သမီးကို ဒီအိမ်မှာနေရမယ်တဲ့..။ ပြီးတော့ ဒီကမောင်လေးကို ဂရုစိုက်ရမယ်ဆိုပြီး ဖွားဖွားကို ခေါ်ခိုင်းတာ..."

"ဒါဆို မောင်ခေါ်ထားပြီးပေါ့နော်"

အလင်းခဝမ်းသာသွား၍ အမိုးအားပြန်မေး၏။ ထို့နောက် သားလေးစံလင်းနောင်အား အိပ်ခန်းထဲသို့သွားသိမ့်၍ ပြန်ထွက်လာ၏။ ကလေးမအယ်ဝါးကို အိမ်ခေါ်ထားလျှင် အလင်းခအိမ်တွေရှင်းစရာမလိုတော့၍ ကြိတ်ပျော်နေ၏။ ဘေးကကြည့်လျှင်တောင် အရမ်းသိသာနေ၍ပေ။

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now