Part~41

8.2K 863 23
                                    

မေးကိုလက်နှစ်ဖက်ဖြင့်ထောက်၍ စာကြည့်နေသောကြောင့် ခုတင်အစွန်းဝင်ထိုင်၍ မြတ်နိုးရာလေးအား စိုက်ကြည့်နေမိ၏။

အချစ်ဆိုတာ ဆန်းကြယ်သည်ထက်ပိုခဲ့သည်။ မချစ်ဖူးသည့် သူကအမျိုးသားတစ်ဦးဖြင့်သည့် ထိုကောင်လေးနှင့် ချစ်သူဖြစ်သွား၏။ ထိုမှတစ်ဆင့် အခုလိုအိမ်ထောင်ရက်သား ကျသည့်အထိ လက်တွဲလာခဲ့မိသည်။ အနေအေးသော သူ့ရဲ့မြတ်နိုးရာ ခင်ပွန်းငယ်ကြောင့် မာကျောသော နှလုံးသားက ဘယ်အချိန်နှလုံးသားအရည်ပျော်ကျခလဲဆိုတာ မသိပါ။

အခုရက်ပိုင်း လိမ်မာနေသော ခင်ပွန်းငယ်ကိုကြည့်၍ ရင်ထဲတမြေ့မြေ့အချစ်တွေတိုးလာခဲ့လေပြီ။ အရမ်းဆိုးနေလျှင် တမျိုးအသည်းယား၍ ချစ်ဖို့ကောင်းသည်။ လိမ္မာနေလျှင်လည်း ငုံထားမတတ်အသည်းပိုရပြန်သည်။

ခေါက်ပြီးသား အဝတ်တွေကိုဗီရိုထဲတွင် စီစီရီရီပြန်ထည့်ထား၍ သူမီးဖိုခန်းသို့ ထွက်လာခဲ့သည်။ ရေခဲသေတ္တာထဲက နွားနို့ဗူးကိုထုတ်ယူ၍ ဖန်ခွက်ထဲသို့ အပြည့်ထည့်၏။ ပြီးနောက် ကြောင်အိမ်ထဲတွင်ကျန်နေသော မျက်လုံးခေါက်ဆွဲခြောက်ထုပ်ကိုယူကာ ပြုတ်လိုက်သည်။

ခေါက်ဆွဲပြုတ်ကျတ်သည်နှင့် ပန်းကန်လုံးထဲထည့်၍ ဗန်းဖြင့်မ,သွားသည်။ အိပ်ခန်းတံခါးပေါက်ရောက်လာသောအခါ အလင်းခနှာခေါင်းတရှုံ့ရှုံ့ဖြင့် ရှူ၍အနောက်လှည့်ကြည့်သည်။ အပြုံးတွေတွဲခိုနေသော မျက်နှာထက်တွင် ဆာလောင်ခြင်းအငွေ့အသက်များ တွဲခိုနေသည်။

"ဝါး  မွှေးနေတာပဲ ဗိုက်ကို အသံမမြည်အောင် ထိန်းနေရတယ်"

"ကဲ ဗိုက်ဆာနေပြီမလား။ မောင့်ကလေးလေးက..."

"ဆာတာပေါ့ ဒီအပိုဒ်လေးပြီးအောင်ကျက်မယ်ဆိုပြီး အခုထိမရသေးဘူး"

နူတ်ခမ်းဆူကာ ခပ်ချွဲချွဲနှင့် ချွဲလာသော ကောင်လေးရဲ့နဖူးကို ဖွဖွလေးဖိကပ်နမ်းလိုက်သည်။

" မောင့်ကလေးဆာနေတာပဲ အရင်စားလိုက်နော်။ ပြီးမှဆက်ကျက်ပေါ့"

"ဟုတ် မောင်ကအကောင်းဆုံးပဲ ချစ်တယ် မွမွ..."

"မွမွပဲလား။ တခြားရော..."

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now