Part~31

9.6K 1.1K 34
                                    

မောင်ရီပျိုးခါစအချိန်လေးဖြစ်သည်။ လေပြေနုလေးများ တိုက်ခတ်နေသောကြောင့်လမ်းထွက်လျှောက်သည့် စုံတွဲများအဖို့ ခံစားချက်အသစ်ဖြစ်ပေါ်စေ၏။ နေလုံးကြီးကလည်း ကွယ်ပျောက်လုနီးပါးဖြစ်နေပြီ၊ ငှက်ငယ်များလည်း အိမ်တန်းတက်နေကြပြီ။သူနှင့်အတူ ဘေးချင်းယှဥ်လျှောက်နေသည့် ကောင်လေးကတော့ တိတ်ဆိတ်နေ၏။

ဒီညအိမ်တွင် မိုးရနောင်ပိုင်တို့ ယောက်ျား အိပ်မည်ဆိုသောကြောင့် သူတို့နှစ်ယောက် အပြင်လမ်းထွက်လျှောက်ခြင်းသာ။ဘေးနားက ကောင်လေးကိုသတိထားကြည့်မိတော့ ခပ်တွေတွေလေးငေး၍ ပုံမှန်လျှောက်ကာ တစ်စုံတစ်ရာကိုလေးလေးနက်နက် စဥ်းစားနေသလို။

သူ့ရဲ့လက်တစ်ဖက်ကို တင်းကျပ်စွာဖက်သည့် အခါခပ်ယဲ့ယဲ့ပြုံး၍ လှည့်ကြည့်လာသည်။ အချစ်ကပဲ ဆန်းကြယ်တာလား ထိုကောင်လေးကိိုပဲ တကယ်ချစ်မိနေတာလားမသိ။ သူ့အသက်၁၆နှစ်တုန်းက မိဘ ကိုယ်တိုင်စေ့စပ်ပေးသည့် မိန်းကလေးအား သစ္စာဖောက်ခဲ့မိပြီ။

အမိုးကသိသော်လည်း ဝင်မတား၊ ဝင်ကန့်ကွက်ခြင်းမပြု။ သူစိတ်ချမ်းသာနေလျှင် ရှေ့ကရင်ဆိုင်ပေးရန်အသင့်။ မိခင်များ၏မေတ္တာကို ဘယ်အရာတွေကများ လိုက်၍ မီပါသနည်း။ စေ့စပ်ထားသော မိန်ကလေးရဲ့အကြောင်းများ အတွေးထဲတစ်ခါဝင်လာတိုင်း သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်သွားစေသည်။

လွမ်းရိပ်မိုးကိုလည်း စိတ်ဆင်းရဲမည်ကြောက်၍ ဘာမှမပြောပြဖြစ်ချေ။ သူ့ရဲ့အရာရာက လွမ်းရိပ်မိုးဆိုသည့်ကောင်လေးအတွက်သာဖြစ်သည်။ အချစ်ဆိုတာကို နားမလည်သော်လည်း သူ့အနားမှာရှိနေလျှင် ပျော်ရွှင်သည်။ သူပြုံးနေတာမြင်ရလျှင် စိတ်ကြည်လင်သည်။

"ကိုကြီး.."

"ဟမ် ဟင်..."

"ဘာတွေငေးနေတာလဲ..."

"ဘာမှမဟုတ်ဘူး။ လေတိုက်လာလို့ အေးနေသလိုပဲ.."

ကောင်လေးစကားကြားမှ ဝတ်ထားသော အနက်ရောင်ကုတ်အင်္ကျီရှည်ကိုချွတ်၍ ပုခုံးပေါ်ခြုံပေးလိုက်သည်။

"ကိုကြီး..."

"အင်း..."

"မနက်ဖြန်ဆို ကျွန်တော်အိမ်ပြောင်းရတော့မယ်"

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now