Part~22

12.4K 1.5K 33
                                    

နံနက်စာစားပြီးသည်နှင့် မောင်နှင့်အလင်းခက ကယားပုဆိုးအနက်ခံအနီကွက်ကို ဆင်တူဝတ်ဆင်သည်။ ပုဆိုးမြဲအောင်မဝတ်တတ်သော အလင်းခကို သူကထုံးစံအတိုင်းဝတ်ပေးနေရပြန်သည်။ ပုဆိုးဝတ်တာ အလင်းခ၏စတိုင်လ်မဟုတ်။ ဂျင်းပြဲ၊ ဒူးပြဲ အောက်ရှုးအကျပ်ကပဲ သူ့ရဲ့စတိုင်ဖြစ်နေသည်။

သို့သော်လည်း ဒီလိုနေ့ကောင်းရက်မြတ်ဆိုလျှင် မောင်နှင့် အတူကုသိုလ်ယူရင်း ပုဆိုးဝတ်ချင်သည်။ မက်ခါသီးမှုန့်ကိစ္စ မိုးကိုပြန်မပြောရန် အလင်းခတောင်းပန်ရသေး၏။ ချက်ထားသောဟင်းခွက်ကိုလည်း သုဝေအောင်တို့မျက်စိလည်သည့်အချိန်၌ ဝက်စာအိုးထဲအမြန်သွန်လိုက်ရသည်။

"ပြီးပြီလား"

"ပုဆိုးထပ်ကျွတ်နေလို့ ဟီး..."

"အဲ့ကြောင့် မောင်ပြောပါတယ် အိမ်မှာနေရင်း ပုဆိုးဝတ်လေ့ကျင့်ပါလို့။ ဟော မလေ့ကျင်တော့ အခုလိုအရေးကြုံတော့ မောင်ကပဲ ဝတ်ပေးနေရတယ်

"ဘာလဲ...မောင်က ငြိုငြင်တယ်ပေါ့"

"တစ်ခုမှမဟုတ်ဘူး။ မောင်ရှိရင်ဝတ်ပေးလို့ရတယ် မောင်မရှိတဲ့အချိန်ကျရင် ဘယ်သူဝတ်ပေးမလဲ"

"ကိုကြီးရှိတယ်လေ"

"မဝတ်ခိုင်းရဘူး ငရဲကြီးမယ်..."

"ဟွင်း မောင့်ကိုကြီးက ဝတ်ပေးရင် အလင်းကဝတ်ခိုင်းမှာပဲ..."

"မဝတ်ခိုင်းနဲ့ မောင်ပဲ ဒိုင်ခံပြီးဝတ်ပေးမယ်ဟုတ်ပြီလား..."

"ကြယ်သီးတပ်ပေးဦး ဒီအပေါ်ဆုံးကြယ်သီးက အရမ်းကြပ်နေလို့..."

သူ့မှာပုဆိုးဝတ်ပြီးသော်လည်း အခိုင်းကောင်းလွန်းသော ချစ်သူလေးကြောင့် စတစ်အင်္ကျီအဖြူဝတ်ထား၍ ကြယ်သီးတပ်ရန်ပင် အချိန်မရသေး။ ဆံပင်အုပ်အုပ်ကိုလည်း ဂျယ်များလိမ်းပေး၍ ဘေးခွဲဖီးသပ်ပေးရသည်။ ဘာမှလိမ်းခြယ်စရာမလိုသည့် အနှီကောင်၏မျက်နှာကတော့ အမြဲတမ်းအရောင်တောက်ဆဲ။ မျက်ခုံးကောင်းကောင်း၊မျက်လုံးဝိုင်းဝိုင်း၊ နှာတံလုံးလုံးနှင့် ကြည့်၍ကောင်းနေ၏။

အလင်းခက အသားဖြူသောသူဖြစ်သည့်ကြောင့် သဘာဝအရောင်မဟုတ်သော ငွေခဲရောင်ဆံပင်လေးနှင့် အလွန်လိုက်ဖက်သည်။ ဆံပင်အရောင်အမျိုးမျိုးဆိုးတတ်သော်လည်း ငွေခဲရောင်နှင့်သာအလိုက်ဖက်ဆုံး။

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now