Part~44

8.2K 799 16
                                    


44

"ကိုယ်ပြောတာလေး ခဏနားထောင်။ မင်းမကြိုက်ရင်ဘာမှပြန်တုံပြန်စရာမလိုဘူး"

"ကျစ်! ကဲပြော..."

လင်းလက်သူသည် ခေါင်းတဗျင်းဗျင်းကုတ်လျက် သူ့ကို စိတ်ပျက်စွာကြည့်နေ၏။ နေ့တိုင်းဖုန်းဆက်တတ်တာ သူပဲမဟုတ်ပါလား။ အကြောင်းမရှိအကြောင်းရှာ အရေမရအဖက်မရ စာတိုတွေပို့တတ်သူဖြစ်သည်။

"ဒီလိုကွာ ငါကပဲမင်းကို လိုက်ကြိုက်သလိုကြီးဖြစ်နေတယ်..."

ငယ်ငယ်ကတည်းက ကျောင်းတွင် ကောင်မလေးဟု အစ,ခံရများလာသောကြောင့် ကိုယ့်ကိုသန်မာအောင်နေလာခဲ့သည်။ ယခုထိ မိန်းကလေးနှင့်တူသည်ဟု စ,လျှင်တောင် လင်းလက်သူတကယ်ပင်မကြိုက်။

"ငါမင်းကိုချစ်တယ်..."

"ဟေ့ကောင်! မင်းဘယ်လိုစကားပြောလိုက်တာလဲ။ ငါဖုန်း...ချ..."

"ခဏ ခဏ....မင်းချရင် ငါပြန်ခေါ်မှာ။ ဒါကြောင့် ငါ့စိတ်ထဲရှင်းသွားအောင် မင်းငါ့ကိုတစ်ခုပဲဖြေပေး..."

"ဘာဖြေပေးရမလဲ။  မင်းကိုအကြိမ်ကြိမ်ပြောပြီးသားနော်။ ရုပ်က ဒီလိုကြီးဖြစ်နေပေမယ့် ငါစိတ်ကလုံးဝအကန့်.."

"အေးပါ...ငါလဲသိပါတယ်။ ငါတစ်ခုပဲတောင်းဆိုမှာ..."

"..........."

"မင်းက ယောကျာ်းလေးတွေစိတ်မဝင်စားဘူးဆိုတော့ ငါ့ကိုလက်ခံပေးနိုင်မလား..."

"ဘာ...!.."

"ဖြေးဖြေးအော်ပါ ။ ငါ့စိတ်ကိုလဲငါရှင်းလိုက်ပြီ ဒါပေမယ့် မင်းငါ့ကို သူငယ်ချင်းအဖြစ်လက်ခံပေးနိုင်မလားလို့ ပြောတာ"

"ဘာလို့လက်ခံရမလဲ။ "

"သေချာတာ မင်းက မိန်းကလေးနဲ့တူ"

"ဘာ! သေနာ!"

"Sorry Sorry... ငါပြောတာ မင်းက ဖြူဖြူဥဥလေးနဲ့..လှ...လှ... ချောတယ်ဆိုတော့ ငါလဲစိတ်ကစားမိသွားတာ။ အခုကစပြီး မင်းနဲ့ရိုးသားတဲ့ ခင်မင်တစ်တစ်ခုပဲတောင်းဆိုတာပါ..."

"မင်းဟာကြီးက ဘယ်လိုလဲ မင်းအနားနေရင်ကြက်သီးတယ်။ အခုဖုန်းပြောနေတာတောင် မီးလှုံပြီးပြောရတာ ကြက်သီးထလို့..."

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now