Part~14

13.8K 1.6K 54
                                    

ကမ္ဘာလောကကြီးသည် မသေချာ၊မရေရာဖြစ်ပျက် ပြောင်းလဲသွား၏။

သို့သော် ချစ်သူများကား တစ်ဦးနှင့်တစ်ဦးချစ်လျက်၊ ခင်လျက် ကြင်နာလျက် စွဲမြဲလျက်ပင်။

အလင်းခက မောင့်လက်မောင်းကို မိမိ၏လက်နှစ်ဖက်ဖြင့် ဆွဲချိတ်၍ လမ်းလျှောက်နေတာကိုဂရုမစိုက်ဘဲ ဘေးအနားက မိမိရဲ့ခင်ပွန်းကြီးကိုသာငေးစိုက်ကြည့်လေသည်။ လူအများရှေ့သို့မှမဟုတ် အပြင်ရောက်တာနှင့် မောင့်မျက်နှာက အလိုလိုတည်တင်းသွားနေမြဲပင်။

လူသူအများရှေ့၌ ခပ်တည်တည်နေတတ်သော မောင့်ကို ရေခဲတုံးဟု အများကပြောဆိုနေကြသည်။ အလင်းခနှင့် အတူရှိသည့်အချိန်၌ ရေခဲတုံးမဟုတ်ဘဲ ဂရုစိုက်တတ်ဆုံးလူသားဖြစ်ပြန်၏။

မောင်က ဂရုစိုက်ပြလေလေ သူကအပျင်းထူချင်လေလေ၊ အချွဲပိုလေလေပင်။ အခုလည်း အများရှေ့ရောက်သည်နှင့် မောင့်မျက်နှာက အလိုလိုတည်တင်းအေးစက်သွားသည်။

"မောင်.."

"ဟမ်..အမ်..ဘာလဲပြော.."

"ဟာဗျာ.. မောင်နော်..။ ဘာလေသံကြီးလဲ ဒီနေရာမှာထိုင်ငိုလိုက်မှာနော် "

လမ်းမထက်၌ အလင်းခတို့လိုပဲလမ်းလျှောက်ထွက်လာကြသည့်လူတွေလည်း မနည်းမနှော။ အလင်းခဆူပုတ်ပုတ်လုပ်၍ အသံဗြဲကြီးနှင့်ပြောသောကြောင့် မောင်.က ခေါင်းကုတ်လျက် မိမိတို့ကို အထူးအဆန်းကြည့်သွားကြသော လူတွေကို အားနာစွာဝေ့ကြည့်သည်။

မောင်ရှက်နေပြီ မျက်နှာ၊နားရွက်ဖျားများလည်း ရဲတွတ်နေပြီ။ သို့သော်လည်း လူအများရှေ့မှာလည်း မောင့်ရဲ့စကားသံကို မစိမ်းစေချင်။ အိမ်မှာနေသလိုမျိုး၊နှစ်ယောက်တည်း ရှိသည့်အချိန်လိုမျိုး ချိုချိုသာသာပြောစေချင်သည်။

"လူတွေကြည့်နေတယ် အလင်း.. မောင်တို့ကို အထူးအဆန်းကြည့်နေကြပြီ.."

မောင်က လည်ပင်းကိုပွတ်၍ အလင်းခကြားနိုင်လောက်သော လေသံဖြင့်သာဆိုသည်။ ဒါကိုတမင် အခွင့်ကောင်းယူ၍ အလင်းခသည် မောင်၏လည်ပင်းကို စွေခနဲသိုင်းဖက်၍ .......

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now