Part~6

17.8K 1.9K 50
                                    

"ခေါင်ရည်မြည်းကြည့်မလား.."

မောင့်စကားကြောင့် ဒီးကူထုပ်ကိုအထူးအဆန်းကြည့်၍ စားရန်တွန့်ဆုတ်နေ၏။ ဘေး၌ထိုင်နေသော သူငယ်ချင်းကတော့ မောင့်အစ်ကိုချောချောကို ငမ်းလိုက်၊ ဒိီးကူစားလိုက်၊ ခေါင်ရည်သောက်လိုက်နှင့် ဇိမ်ကျနေသည်။ ဖိုးကယားတွေများ ဒီလောက်ချောလိမ့်မည်ဟု အမောင်သုဝေအောင်တို့ ဘယ်ထင်ခဲ့မည်နည်း။

တကယ်တမ်း မောင်၏အစ်ကိုဖြစ်သူ ထည်ဝါမောင်ဟာ မာနကြီး၍ ခပ်တည်တည်နေသော်လည်း ခန့်ညား၏။ မောင်နှင့် တစ်နေရာမှ တူမနေပေ။ မောင်က တမျိုးချောပြီး ထည်ဝါမောင်က တမျိုးခန့်ညားနေသည်။ မောင်၏ညီလေးကိုတော့ ခန့်ညားသည်ဟုဆို၍မရ၊ လှသည်ဟုလည်း မတင်စားချင်။ ချစ်စရာကောင်းနေသည်ဟု ပြောရမည်။ အစ်ကိုနှင့်မတူဘဲ မိန်းကလေးတစ်ယောက် ပိုင်ဆိုင်သင့်သည့် ချစ်စရာကောင်းမှုများကို အငယ်ကောင်ကပိုင်ဆိုင်ထား၏။

"အလင်း.."

မောင့်အစ်ကိုအား ငေးကြည့်၍ မှတ်ချက်များပေးနေခိုက် မောင်က ရင်ထဲမချိလေး အူတိုသွားသည်ထင်။

"သောက်မလား ခေါင်ရည်.."

"အင်း နည်းနည်းလေးသောက်ကြည့်မယ်"

"အစ်ကိုသောက်လိုက် ခေါင်ရည်က ဘေးထွက်ဆိုးကျိုးမရှိဘူး၊ ကောင်းတယ်"

လင်းလက်သူက မိမိတို့ရဲ့ခေါင်ရည်အကြောင်းဝင်ကြွားစွာ ဆိုလေ၏။ ကောင်းလား၊မကောင်းလားတော့ မမြည်းရသေးချေ။ ဘေးကငနဲနှစ်ကောင်က မူးခါနီးဖြစ်နေပြီ။ ရီဝေဝေနှင့် ပေါက်ကရစကားများ ထွက်နေပြီ။ တံခွန်သော်ကတော့ စကားဝိုင်းထဲဝင်မပါဖြစ်။

"သောက်ကြည့် ကယားတို့ရဲ့ခေါင်ရည်က အသေမိုက်တယ် အဟဲ!"

အမိုးတို့ကလည်း ကယားသူပီပီသဘောထား ကောင်းလွန်းသည်။ ဧည့်သည်လာ အိမ်ရှင် ပျော်ဆိုသကဲ့သို့ ရိုးရာအစားများ ဧည့်ခံကျွေးမွေးရသည်ကိုပင် မွေ့ပျော်နေ၏။

"သွားနားချင်ပြီ"

ခေါင်ရည်အရှိန်ကြောင့် အရှိန်လွန်တော့မည့် သူဝေအောင်က ဆိုလာပြန်သည်။ အိမ်ပေါ်တက်ရန်လုပ်တော့လည်း အိမ်ကပျဥ်ထောင်အိမ်ဖြစ်၍ လှေကားတက်ရင်း ပြုတ်ကျမှာစိုးရသည်။ဘေးနားက လင်းလက်သူကို လက်ညိုးဖြင့်ထိုး၍ အာလေးသံဖြင့်...

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now